


unicode

မင်းသားချော မြင့်မြတ် ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာ တွေကို အပြည့်အဝ ခံယူရရှိထားပြီး နာမည်တစ်လုံး နဲ့ အောင်မြင် နေတာ ဖြစ်ပါတယ် ။ သရုပ်ဆောင် ကောင်းတဲ့ မြင့်မြတ် က အကယ်ဒမီဆု ကို လည်း ဆွတ်ခူးရရှိနိုင်ခဲ့ သလို အခုချိန်အထိလည်း ဇာတ်ကားတွေ၊ ကြော်ငြာ တွေ မနားတမ်းရိုက်ကူး နေရတာ ဖြစ်ပါတယ် ။ မြင့်မြတ် ရဲ့ရိုးသားတဲ့အပြုအမူ၊ အပြောအဆို တွေနဲ့ လေးစားချင်စရာ ကောင်းတဲ့လုပ်ရပ်တွေကြောင့်ပဲ အားလုံးက သူ့ကိုအမြဲဝန်းရံ နေရတာ ဖြစ်ပါတယ် ။

မြင့်မြတ်က မိသားစုလေး အပေါ်မှာ တန်ဖိုးထားပြီး ချစ်ပေး သလို သူ့ရဲ့မိတ်ဆွေ၊အပေါင်းအသင်း တွေအပေါ်မှာလည်း စိတ်ရင်းအမှန် နဲ့ ကူညီစောင့်ရှောက်ပေးတတ်တာ ဖြစ်ပါတယ် ။ မြင့်မြတ်၊ ခင်လှိုင်၊ K ညီ နဲ့ ယုန်လေး တို့ကတော့ တကယ့်ကို အရင်းနှီးဆုံး သူငယ်ချင်းတွေ လည်း ဖြစ်ကြပါတယ်။ ဒီနေ့မနက် မှာလည်း မြင့်မြတ်တို့လေးယောက် က အတူတူ ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ် ။ အထူး သဖြင့် မြင့်မြတ် နဲ့ ခင်လှိုင်တို့က တစ်ယောက်ကိုတစ်ယောက် အပြန် အလှန်ပွေ့ဖက်ပြီး နှုတ်ဆက် နေကြတာ ဖြစ်ပါတယ် ။

လမ်းမပေါ်မှာရပ်နေရင်း အားရပါးရဖက်ပြီး အရမ်းချ စ်နေကြတဲ့ ခင်လှိုင် နဲ့ မြင့်မြတ် တို့ရဲ့မြင်ကွင်းကို K ညီက ဘေးကနေ ဗီဒီယိုလေးရိုက်ထားခဲ့တာ ဖြစ်ပါတယ် ။ မြင့်မြတ်တို့နှစ် ယောက်ကတော့ ရုပ်ပြောင် လေးတွေလုပ်ပြရင်း အမိုက်စားပုံစံလေး ဒွန့်ပြခဲ့တာ လည်း ဖြစ်ပါတယ် ။ ကဲ ညီအစ်ကိုတွေ လို ဘယ်လောက်ထိချစ်ကြကြောင်းသက်သေပြ လိုက်တဲ့ မြင့်မြတ် နဲ့ K ညီတို့ရဲ့ ဗီဒီယိုလေးကို ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-David K Nyi’s Tik Tok Acc