သ႐ုပ္ေဆာင္ တစ္ေယာက္လည္း ျဖစ္သလို အဆိုေတာ္ တစ္ေယာက္လည္း ျဖစ္တဲ့ ထြန္းထြန္း ကေတာ့ အႏုပညာ ေလာကမွာ ႏွစ္ေပါင္း မ်ားစြာ ေအာင္ျမင္မႈရရွိခဲ့သူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ထြန္းထြန္း ကေတာ့ မေန႔က ဇန္နဝါရီလ (၉) ရက္ ေန႔ညပိုင္းမွာ ရန္ကုန္ၿမိဳ႕ ကေန မႏၲေလးၿမိဳ႕ ကို ခရီးသြားရင္း ရန္ကုန္-မႏၲေလး အျမန္လမ္းမ ႀကီးမွာ လမ္းမေပၚ တင္ထားတဲ့ သစ္လုံးကို ေရွာင္တိမ္းရင္း ကားအက္ဆီဒင့္ ျဖစ္သြားခဲ့တယ္လို႔ သိရပါတယ္။ ထြန္းထြန္း ရဲ့ မေတာ္တဆမႈနဲ႔ ပက္သတ္ ၿပီး မ်ိဳးဆက္သစ္ ျမတ္ပါရမီ လူမႈကယ္ဆယ္ေရး အဖြဲ႕က ကိုေက်ာ္ကိုကို က သူ႔ရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာ ကေန အခုလိုပဲ ေျပာလာပါတယ္။

“မေန႔က 9.1.2021ရက္ ည(10:30) အခ်ိန္တြင္ ရန္ကုန္ ဘက္မွ မႏၲေလး ဘက္သို႔ နာမည္ႀကီး အဆိုေတာ္ သ႐ုပ္ေဆာင္ အမ်ိဳးသား တစ္ဦးေမာင္းႏွင္လာေသာ Alphard အျဖဴေရာင္ ယာဥ္သည္ အျမန္လမ္း မိုင္တိုင္ 226 အေရာက္ အတက္ အဆင္း လမ္းေပ်ာက္သည့္ ေနရာတြင္ (ခန႔္မွန္း) အရွည္ ေျခာက္ေပ အခ်င္း ငါးလက္မ ေျခာက္လက္မ ရွိေသာ သစ္လုံး တစ္လုံးအား အျမန္လမ္း လမ္းအလယ္ တြင္ ကန႔္လန႔္ ပိတ္ထား မႈအား ႐ုတ္တစ္ရပ္ေတြ႕ရွိ လိုက္ရသျဖင့္ ကီလို ၁ဝဝအရွိန္ျဖင့္ ေမာင္းႏွင္ လာေသာယာဥ္မွာ သစ္လုံးကို ရသေလာက္ ေရွာင္တိန္းရင္း ကားဘယ္ ဘက္ဘီး ကားဝမ္းဗိုက္ တို႔ ႏွင့္ တိုက္မိသျဖင့္ ကားဘီးေပါက္ ဂီယာ ေဘာက္ကြဲ တိုက္ေလာက္ ေကြး ကားေအာက္ပိုင္းတစ္ခုလုံး သစ္လုံးျဖင့္ ပြတ္တိုက္မိခဲ့ပါသည္။ ထိုအခ်ိန္ ကားမရပ္ဘဲ ေရွ႕ဘီးအေပါက္ျဖင့္ေလးဖာလုံ ေလာက္ ဆက္ေမာင္းႏွင္ၿပီး မွ ကားရပ္ကာ ေရွ႕ဘီး ျမန္ျမန္လဲၿပီး ကားဆက္ေမာင္းလာခဲ့ပါတယ္”

“ကားေပၚ စီးနင္းလိုက္ပါလာတဲ့ အမ်ိဳးသား (၂)ေယာက္လုံး ဒဏ္ရာ ရရွိမႈ မရွိခဲ့ေပမဲ့ အျမန္လမ္း မိုင္တိုင္ 230 အေရာက္ တြင္ ကားမွာ ေမာင္းမရေတာ့ပဲ စက္ေသသြားခဲ့ပါသည္။ ည (10.55) မိနစ္တြင္ ကၽြန္ေတာ္တို႔ထံ ဖုန္းဝင္လာၿပီး မနက္ အေရးႀကီးအလုပ္ ကိစၥတစ္ခု ရွိေၾကာင္းႏွင့္ လမ္းမွသစ္လုံးအား အရွိန္ႏွင့္ တက္နင္းမိေၾကာင္း ဖုန္းဆက္ အကူအညီေတာင္းလာပါသျဖင့္ အသင္း မွ အေရးေပၚ ကယ္ဆယ္ေရးယာဥ္တစ္စီး ျဖင့္ ခ်က္ခ်င္းထြက္ခြါ၍ အေရးေပၚ သြားေရာက္ကူညီခဲ့ရပါသည္။ ည(12:00) နာရီအခ်ိန္တြင္ ကားပ်က္ ေနသည့္ အျမန္လမ္း မိုင္တိုင္(230) သို႔ေရာက္ရွိၿပီး ေမာင္းမရေတာ့သည့္ယာဥ္အား ကရိန္းျဖင့္ ေရႊ႕ေျပာင္း သယ္ေဆာင္ၿပီး အမ်ိဳးသားႏွစ္ဦး ကိုေတာ့ မ်ိဳးဆက္သစ္ ျမတ္ပါရမီအသင္းမွ ကယ္ဆယ္ေရးယာဥ္ျဖင့္ မႏၲေလးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ရပါသည္” ဆိုၿပီး ေဖ့စ္ဘုတ္ စာမ်က္ႏွာ မွာ ေျပာလာပါတယ္။

ထြန္းထြန္းကေတာ့ ကားအက္ဆီ ဒင့္ေၾကာင့္ ႀကီးႀကီးမားမား ထိခိုက္ ဒဏ္ရာရတာမ်ိဳး မရွိေပမယ့္ ကားကေတာ့ အနည္းငယ္ ပ်က္စီးသြားခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ႀကီး လည္း ခရီးသြားလာ ရာမွာ သတိႀကီးႀကီး ရွိဖို႔ တိုက္တြန္း လိုက္ပါရေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Ko Ko ‘s fb
Bilie – Cele Connections

UNICODE

သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်သလို အဆိုတော် တစ်ယောက်လည်း ဖြစ်တဲ့ ထွန်းထွန်း ကတော့ အနုပညာ လောကမှာ နှစ်ပေါင်း များစွာ အောင်မြင်မှုရရှိခဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ထွန်းထွန်း ကတော့ မနေ့က ဇန်နဝါရီလ (၉) ရက် နေ့ညပိုင်းမှာ ရန်ကုန်မြို့ ကနေ မန္တလေးမြို့ ကို ခရီးသွားရင်း ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီးမှာ လမ်းမပေါ် တင်ထားတဲ့ သစ်လုံးကို ရှောင်တိမ်းရင်း ကားအက်ဆီဒင့် ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ ထွန်းထွန်း ရဲ့ မတော်တဆမှုနဲ့ ပက်သတ် ပြီး မျိုးဆက်သစ် မြတ်ပါရမီ လူမှုကယ်ဆယ်ရေး အဖွဲ့က ကိုကျော်ကိုကို က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ကနေ အခုလိုပဲ ပြောလာပါတယ်။

“မနေ့က 9.1.2021ရက် ည(10:30) အချိန်တွင် ရန်ကုန် ဘက်မှ မန္တလေး ဘက်သို့ နာမည်ကြီး အဆိုတော် သရုပ်ဆောင် အမျိုးသား တစ်ဦးမောင်းနှင်လာသော Alphard အဖြူရောင် ယာဉ်သည် အမြန်လမ်း မိုင်တိုင် 226 အရောက် အတက် အဆင်း လမ်းပျောက်သည့် နေရာတွင် (ခန့်မှန်း) အရှည် ခြောက်ပေ အချင်း ငါးလက်မ ခြောက်လက်မ ရှိသော သစ်လုံး တစ်လုံးအား အမြန်လမ်း လမ်းအလယ် တွင် ကန့်လန့် ပိတ်ထား မှုအား ရုတ်တစ်ရပ်တွေ့ရှိ လိုက်ရသဖြင့် ကီလို ၁ဝဝအရှိန်ဖြင့် မောင်းနှင် လာသောယာဉ်မှာ သစ်လုံးကို ရသလောက် ရှောင်တိန်းရင်း ကားဘယ် ဘက်ဘီး ကားဝမ်းဗိုက် တို့ နှင့် တိုက်မိသဖြင့် ကားဘီးပေါက် ဂီယာ ဘောက်ကွဲ တိုက်လောက် ကွေး ကားအောက်ပိုင်းတစ်ခုလုံး သစ်လုံးဖြင့် ပွတ်တိုက်မိခဲ့ပါသည်။ ထိုအချိန် ကားမရပ်ဘဲ ရှေ့ဘီးအပေါက်ဖြင့်လေးဖာလုံ လောက် ဆက်မောင်းနှင်ပြီး မှ ကားရပ်ကာ ရှေ့ဘီး မြန်မြန်လဲပြီး ကားဆက်မောင်းလာခဲ့ပါတယ်”

“ကားပေါ် စီးနင်းလိုက်ပါလာတဲ့ အမျိုးသား (၂)ယောက်လုံး ဒဏ်ရာ ရရှိမှု မရှိခဲ့ပေမဲ့ အမြန်လမ်း မိုင်တိုင် 230 အရောက် တွင် ကားမှာ မောင်းမရတော့ပဲ စက်သေသွားခဲ့ပါသည်။ ည (10.55) မိနစ်တွင် ကျွန်တော်တို့ထံ ဖုန်းဝင်လာပြီး မနက် အရေးကြီးအလုပ် ကိစ္စတစ်ခု ရှိကြောင်းနှင့် လမ်းမှသစ်လုံးအား အရှိန်နှင့် တက်နင်းမိကြောင်း ဖုန်းဆက် အကူအညီတောင်းလာပါသဖြင့် အသင်း မှ အရေးပေါ် ကယ်ဆယ်ရေးယာဉ်တစ်စီး ဖြင့် ချက်ချင်းထွက်ခွါ၍ အရေးပေါ် သွားရောက်ကူညီခဲ့ရပါသည်။ ည(12:00) နာရီအချိန်တွင် ကားပျက် နေသည့် အမြန်လမ်း မိုင်တိုင်(230) သို့ရောက်ရှိပြီး မောင်းမရတော့သည့်ယာဉ်အား ကရိန်းဖြင့် ရွှေ့ပြောင်း သယ်ဆောင်ပြီး အမျိုးသားနှစ်ဦး ကိုတော့ မျိုးဆက်သစ် မြတ်ပါရမီအသင်းမှ ကယ်ဆယ်ရေးယာဉ်ဖြင့် မန္တလေးသို့ ပို့ဆောင်ကူညီပေးခဲ့ရပါသည်” ဆိုပြီး ဖေ့စ်ဘုတ် စာမျက်နှာ မှာ ပြောလာပါတယ်။

ထွန်းထွန်းကတော့ ကားအက်ဆီ ဒင့်ကြောင့် ကြီးကြီးမားမား ထိခိုက် ဒဏ်ရာရတာမျိုး မရှိပေမယ့် ကားကတော့ အနည်းငယ် ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ခရီးသွားလာ ရာမှာ သတိကြီးကြီး ရှိဖို့ တိုက်တွန်း လိုက်ပါရစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Ko Ko ‘s fb
Bilie – Cele Connections