


Happy – Cele Zone

unicode

လူမမယ် ကလေးငယ်လေးတွေကိုကူညီစောင့်ရှောက်ပေးနေတဲ့ မေမေခိုင် နှင်းဝေရဲ့မေတ္တာတွေ ကြောင့် လှူချင်သူ တွေများပြားခဲ့ပြီး မေမေခိုင်လည်း ကလေးတွေကိုပိုပြီးစောင့်ရှောက်နိုင်ခဲ့ပါ တယ်။ ဒီတစ်ခေါက်မှာလည်း လမ်းသိပ်မလျှောက်နိုင်တော့တဲ့ အသက် (၈၀) ကျော် အဘိုးအဘွားနှစ်ယောက်ရဲ့ ဒါနလေးကို အိမ်တိုင်ရာရောက်လိုက်ပြီး အလှူလက်ခံပေးခဲ့ပါတယ်။

လှူချင်သူလည်းစိတ်ချမ်းသာရသလို အလှူ လက်ခံသူလည်းပျော်ရွှင်ရတဲ့အခိုက်အတန့်လေး ပါပဲ။ စေတနာ ဟာရောင်ပြန်ဟပ်တတ်တဲ့ သဘောတရားကို ခိုင်နှင်းဝေကလက်တွေ့ပြခဲ့ပါပြီ။ ကလေးတွေကိုမေတ္တာအပြည့်နဲ့စောင့်ရှောက်ခဲ့တဲ့ သူမရဲ့ကောင်းမွန်တဲ့ လုပ်ရပ်တွေကြောင့် သဒ္ဓါကြည်ဖြူသူတွေများလာခဲ့ပြီး သူမရဲ့ဂေဟာလေးမှာလည်း ရင်ခွင်မဲ့ကလေးငယ်တွေကို ပိုပြီးစောင့်ရှောက်လာနိုင်ခဲ့ပါတယ်။

အလှူလက်ခံနေတဲ့ပုံရိပ်လေးတွေကို ” အဘိုး ဦးသောင်းဖေနဲ့ အဘွား ဒေါ်သိန်းကြည် တို့မှ ကလေးတွေအတွက် အလှုငွေ (၃) သိန်းကျပ်ကို လှူဒါန်းပေးပါတယ်ရှင် အဘိုးရော အဘွားရော အသက် (၈၀) ကျော်နေပြီး လမ်းသိပ်မလျှောက် နိုင်တဲ့အတွက် အိမ်ထိသွားရောက်ပေးခဲ့ပါတယ် အဘိုးနဲ့ အဘွား အလှူအတွက် သာဓု သာဓု သာဓု ခေါ်ပါတယ်ရှင် ” ဆိုပြီး မေမေခိုင်နှင်းဝေ က ဝေမျှခဲ့ပါတယ်။

Happy – Cele Zone