


Credit – Myanmarload

UNICODE

ပရိသတ်ကြီးရေ.. အပျိုကြီး မမလို့ အားလုံးက ချစ်စနိုး စနောက်ကြတဲ့ သရုပ်ဆောင် အကယ်ဒမီ မင်းသမီးချောလေး အေးမြတ်သူ ကတော့ သရုပ်ဆောင် ကောင်းသလို ချစ်စရာ ကောင်းလွန်း သူလေးမို့ ပရိသတ် တွေက အချစ် ပိုနေကြတာပဲ ဖြစ်ပါတယ်..။ဟန်ဆောင်မှု တွေကင်းပြီး စကားပြော ပွင့်လင်းကာ ပါးချိုင့်အပြုံးလှ လှလေးတွေနဲ့လည်း မြင်သူ တိုင်းကို သဘော ကျစေသလို ဆွဲဆောင် မှုရှိကာ ချစ်စရာ ကောင်းတဲ့ပုံရိပ် လေးတွေကြောင့် လည်း ပရိသတ်တွေ ကြား ရေပန်းစား နေတာလည်း ဖြစ်ပါတယ်..။

မမြတ်လေး ကတော့ သူမ ရဲ့ လှုပ်ရှားမှုလေး တွေအပြင် အားကစားလုပ်နေတဲ့ ပုံရိပ်လေးတွေ ကိုလည်း အမြဲ မျှဝေတတ်ပြီး အခုတစ်ခါ မှာလည်း တောင်တက်လမ်း ကြမ်းတွေမှာ ဆိုင်ကယ်စီးခဲ့တဲ့ အကြောင်းလေးကို ဗီဒီယိုဖိုင်လေး နဲ့ ဝေမျှလာ ပါတယ်နော်..။တောင်တက် လမ်းကြမ်းတွေ မှာ ဆိုင် ကယ်ကိုယ်တိုင်မောင်းနေရင်း ဆိုင်ကယ် မှောက်လို့ ဒဏ်ရာ ရရှိခဲ့တဲ့ သူမရဲ့ အဖြစ်လေးကို လည်း အသိပေးပြော ပြရင်း ညိုမဲ စွဲနေတဲ့ ဒဏ်ရာတွေ ကိုလည်း ဗီဒီယိုလေးရိုက်ကာ ဝေမျှ ထားပါသေးတယ်..။

ကြီးကြီးမားမား စိုးရိမ်ရ လောက်အောင် ဒဏ်ရာ မရရှိခဲ့ ပေမယ့် ပေါင်နဲ့ ခြေသလုံး မှာ အညိုအမဲစွဲ ဒဏ်ရာတွေကို ဗီဒီယို ဖိုင်လေးမှာ ပြသထားတာဖြစ်ပြီး ပရိသတ်တွေကလည်း မမြတ်လေးအတွက် စိတ်မကောင်း ဖြစ်နေကြတာလည်း ဖြစ်ပါတယ်..။ကဲ.. ချစ်ရတဲ့ မမြတ်လေး ရဲ့ အသည်းကျော် ပရိသတ်တွေအတွက် ရေချိုးရင်း ဒဏ်ရာတွေ ပြသထားတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေး ကိုလည်း အားလုံးအတွက် တင်ဆက် မျှဝေပေးလိုက်တာ မို့ မှတ်ချက်လေး တွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

သတင်းအရင်းမြစ်: Aye Myat Thu’s IG Acc
Credit – Myanmarload