အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ် အသင်း လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံး ရာသီသစ်မှာ ဝတ်ဆင်မယ့် အပေါ်ဝတ် ဂျာကင် အင်္ကျီကို မိတ်ဆက် ကြော်ငြာခဲ့ရာမှာ မြန်မာ မော်ဒယ်တစ်ဦး ဖြစ်တဲ့ မေမြတ်နိုး ပါဝင်လာခဲ့ တာကို မြင်တွေ့ခဲ့ ရပါတယ်။

သဘာဝ ပတ်ဝန်းကျင် ကို ထိခိုက် စေတဲ့ ပလပ်စတစ် ညစ်ညမ်း မှုကို ကာကွယ်ဖို့ Polyester အသုံးပြု ချုပ်လုပ် ထားပြီး Polyester ၆၇ ရာခိုင်နှုန်း၊ ဝါဂွမ်း ၃၃ ရာခိုင်နှုန်းနဲ့ ပေါင်းစပ် ဖန်တီးထား တဲ့ အင်္ကျီ ဖြစ်ကြောင်း ဂျူဗင်တပ် နဲ့ အာကစား ဝတ်စုံ ဆိုင်ရာ စပွန်ဆာ စာချုပ် ချုပ်ဆို ထားတဲ့ အက်ဒီး ဒတ်စ် က သတင်းထုတ်ပြန် ထားပါတယ်။ဂျူဗင်တပ် ဟာ လာမယ့် ရာသီသစ် မှာ ဝတ်ဆင် မယ့် အားကစား ဝတ်စုံတွေ ကို အသင်း ကစားသမားတွေ နဲ့ အတူ နာမည်ကြီး မော်ဒယ် တစ်ချို့ ကိုပါ ခေါ်ယူ မိတ်ဆက် ခဲ့ပြီး အဲ့ဒီမော်ဒယ် တွေထဲမှာ မေမြတ်နိုး ကလည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့ပါတယ်။

အက်ဒီးဒတ်စ် အားကစား အသုံးအဆောင် ထုတ်လုပ်ရေး လုပ်ငန်းစု ဟာ မေမြတ်နိုး နဲ့ မိတ်ဆက် ကြော်ငြာ ခဲ့တဲ့ အပေါ်ဝတ် ဂျာကင် အင်္ကျီ ကို ယူရို ၉၀ တန်ကြေးသတ်မှတ်ပြီး ရောင်းချ သွားဖို့ ရှိနေ ပါတယ်။မေမြတ်နိုး ဟာ လက်ရှိ မှာတော့ အီတလီ ဖက်ရှင် လောကအတွင်း အောင်မြင်မှု့ တွေ စတင် ရရှိနေပြီ ဖြစ်ပြီး ကုန်ပစ္စည်း ကြော်ငြာ တချို့နဲ့ ဓာတ်ပုံ ရိုက်ကူးမှု့ တချို့ကို လက်ခံဆောင်ရွက်ခွင့် ရရှိနေပြီ ဖြစ်ပါတယ်။

crd……

ZAWGYI

အီတလီ စီးရီးေအ ကလပ္ ဂ်ဴဗင္တပ္ အသင္း လာမယ့္ ၂၀၂၁-၂၀၂၂ ေဘာလုံး ရာသီသစ္မွာ ဝတ္ဆင္မယ့္ အေပၚဝတ္ ဂ်ာကင္ အကၤ်ီကို မိတ္ဆက္ ေၾကာ္ျငာခဲ့ရာမွာ ျမန္မာ ေမာ္ဒယ္တစ္ဦး ျဖစ္တဲ့ ေမျမတ္နိုး ပါဝင္လာခဲ့ တာကို ျမင္ေတြ႕ခဲ့ ရပါတယ္။

သဘာဝ ပတ္ဝန္းက်င္ ကို ထိခိုက္ ေစတဲ့ ပလပ္စတစ္ ညစ္ညမ္း မႈကို ကာကြယ္ဖို႔ Polyester အသုံးျပဳ ခ်ဳပ္လုပ္ ထားၿပီး Polyester ၆၇ ရာခိုင္ႏႈန္း၊ ဝါဂြမ္း ၃၃ ရာခိုင္ႏႈန္းနဲ႔ ေပါင္းစပ္ ဖန္တီးထား တဲ့ အကၤ်ီ ျဖစ္ေၾကာင္း ဂ်ဴဗင္တပ္ နဲ႔ အာကစား ဝတ္စုံ ဆိုင္ရာ စပြန္ဆာ စာခ်ဳပ္ ခ်ဳပ္ဆို ထားတဲ့ အက္ဒီး ဒတ္စ္ က သတင္းထုတ္ျပန္ ထားပါတယ္။ဂ်ဴဗင္တပ္ ဟာ လာမယ့္ ရာသီသစ္ မွာ ဝတ္ဆင္ မယ့္ အားကစား ဝတ္စုံေတြ ကို အသင္း ကစားသမားေတြ နဲ႔ အတူ နာမည္ႀကီး ေမာ္ဒယ္ တစ္ခ်ိဳ႕ ကိုပါ ေခၚယူ မိတ္ဆက္ ခဲ့ၿပီး အဲ့ဒီေမာ္ဒယ္ ေတြထဲမွာ ေမျမတ္နိုး ကလည္း တစ္ဦး အပါအဝင္ ျဖစ္ခဲ့ပါတယ္။

အက္ဒီးဒတ္စ္ အားကစား အသုံးအေဆာင္ ထုတ္လုပ္ေရး လုပ္ငန္းစု ဟာ ေမျမတ္နိုး နဲ႔ မိတ္ဆက္ ေၾကာ္ျငာ ခဲ့တဲ့ အေပၚဝတ္ ဂ်ာကင္ အကၤ်ီ ကို ယူရို ၉၀ တန္ေၾကးသတ္မွတ္ၿပီး ေရာင္းခ် သြားဖို႔ ရွိေန ပါတယ္။ေမျမတ္နိုး ဟာ လက္ရွိ မွာေတာ့ အီတလီ ဖက္ရွင္ ေလာကအတြင္း ေအာင္ျမင္မႈ႔ ေတြ စတင္ ရရွိေနၿပီ ျဖစ္ၿပီး ကုန္ပစၥည္း ေၾကာ္ျငာ တခ်ိဳ႕နဲ႔ ဓာတ္ပုံ ရိုက္ကူးမႈ႔ တခ်ိဳ႕ကို လက္ခံေဆာင္ရြက္ခြင့္ ရရွိေနၿပီ ျဖစ္ပါတယ္။

crd……