အိုဇာတာကောင်းဖို့ကိုတော့ လူတိုင်းမျှော်လင့်ကြပေမယ့် လူတိုင်းမကောင်းနိုင်ကြပါဘူး။ နန္ဒာလှိုင်တို့ မောင်နှမတွေဟာ မိခင်အပေါ် မှာသိတတ်ပြီး အမြဲလိုလို မိခင်စိတ်ချမ်းသာဖို့ကိုပဲ ဦးစားပေးစဉ်းစား ပေးခဲ့ကြပါတယ်။ မိခင်ရဲ့ဒူးရင်းခြံကိုလည်း မောင်နှမတွေ တက်ညီလက်ညီ ကူညီပေးကြတာကြောင့် မိခင်ကြီးဟာ လိမ္မာတဲ့သားသမီးလေးတွေကို ပိုင်ဆိုင်ထားရသူပါ။

ဒီနေ့ဟာ သူမတို့မိခင်ကြီးရဲ့ အသက် (၇၁) နှစ်ပြည့်မွေးနေ့ ဖြစ်ပြီး သားသမီးတွေရဲ့ သိတတ်မှုကြောင့် ကျန်းမာပျော်ရွှင် တဲ့မိခင်ဘဝကို အချိန်အကြာကြီးပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီးတာတောင် မိခင်ကိုမခွဲနိုင်တာကြောင့် အပျိုဘဝ တုန်းကနေခဲ့တဲ့ အခန်းလေးမှာပဲ ကလေးသုံးယောက် ရတဲ့အထိ ပျော်ပျော်ရွှင်ရွှင်နေခဲ့တဲ့ နန္ဒာ့ရဲ့ သိတတ်မှုက ပြောမကုန်အောင်ပါပဲ။

ချစ်ရတဲ့မိခင်ကြီးရဲ့ မွေးနေ့ကိုလည်း ” Happy birthday! မေမေ သက်ရှည်ကျန်းမာစိတ် ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ ” ဆိုပြီး ဆုတောင်းစကားလေးပြောခဲ့ပါသေးတယ်။ Happy Birthday ပါ အန်တီရေ သက်ရှည်ကျန်းမာပြီး ဖြစ်ချင် သမျှဆန္ဒတိုင်း အကောင်အထည် ဖော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Happy – Cele Zone
Photo – Nandar Hlaing

unicode




Happy – Cele Zone
Photo – Nandar Hlaing