ပြီးခဲ့တဲ့ ဇွန်လ ( ၂၃ ) ရက်နေ့ က ကွယ်လွန် သွားခဲ့တဲ့ အဆိုတော် ရေမွန် ရဲ့ နောက်ဆုံး ခရီး ကို ဒီနေ့ ဇွန်လ (၂၅) ရက်နေ့မှာ လိုက်ပါ ပို့ဆောင် ပေးခဲ့ကြပါတယ်။ ယုံကြည်ချက် တစ်ခုအတွက် နဲ့ တောထဲ ဝင်သွားခဲ့ ပြီး မတရားမှု့ ကို မတွန်းလှန် နိုင်လိုက် ခင်မှာ အသက် ဆုံးရှုံးသွား တဲ့ အဆိုတော် ကြီး အတွက် အားလုံး က ယူကျုံးမရဖြစ်နေခဲ့ပါတယ်။ မိခင်နဲ့ညီမဖြစ်သူကို သိပ်ချစ်ပြီး အပေါင်း အသင်း တွေ အပေါ်မှာ လည်း စိတ်ကောင်း ထားကာ အမြဲ ကူ ညီတတ် သူမို့ လူကောင်းတစ်ယောက် ဆုံးရှုံး လိုက်ရ တာ တကယ်ကို နှမြောစရာ ကောင်းလွန်း ပါတယ်။

ဒီနေ့ မှာတော့ တောထဲ မှာ ပဲ ထင်း မီးပုံ လေးတွေလုပ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို မီးသဂြိုလ် ခဲ့တဲ့ ပုံရိပ်တွေ ကို ပရိသတ်တွေ အလွမ်းပြေစေဖို့ ရေမွန် ရဲ့ သူငယ်ချင်းတစ်ယောက်က လူမှု့ ကွန်ယက်မှာ ဝေမျှ ပေးခဲ့ပါတယ်။ ရေမွန် ရဲ့ ပရိသတ်တွေ သူ့ကို နောက်ဆုံး ပြောချင်တဲ့ စကားလေး တွေ ကို လည်း မှတ်ချက် ပေးခိုင်း ခဲ့ပြီး ဒီမှတ်ချက် တွေကို Print ထုတ်ကာ သူ့ နဲ့ အတူ သဂြိုလ် ပေးခဲ့ပါတယ်။ ရေမွန်သာ ဒီစာတွေ ကို ဖတ်ဖြစ်မယ် ဆို ရင် သူ့ကို သိပ်ချစ်တဲ့ ပရိသတ်တွေ ရဲ့မေတ္တာကို ခံ စားမိပြီး ကျေနပ် နေမှာပါ။

ပကာသန တွေအများကြီး မပိုင်ဆိုင် ခဲ့ ပေမယ့် ဖန်တီး ခဲ့တဲ့ ဂီတ အနုပညာ ကတော့ တန်ဖိုး မဖြတ်နိုင်ပါဘူး။ လူသေ သွားပေမယ့် သူ့ ရဲ့ သံစဉ်တွေဟာတော့ နှစ်သက် သူတိုင်းရဲ့ နှလုံးသား ထဲမှာ အမြဲတမ်း စီးဆင်း နေဦးမှာပါ။ သီချင်း အသစ်တွေ မဖန်တီး နိုင် ပေမယ့် ဖန်တီး ခဲ့တဲ့ အနုပညာတွေ ဟာလည်း အမြဲတမ်းလတ်ဆတ် နေဦး မှာ ပါပဲ။ ဆောင်းဦးမှာ ပွင့်ပြီး မိုးဦးမှာ ကြွေလွင့် ခဲ့တဲ့ တော်လှန်ရေး ပန်းလေး တစ်ပွင့် ကောင်းမွန်ရာ အရပ်ဒေသ မှာ အစွမ်းကုန် ပြန်လည်ပွင့်လန်း နိုင်ပါစေ လို့ ဆုတောင်း ပေး လိုက်ပါတယ်။

crd…..

ZAWGYI

ၿပီးခဲ့တဲ့ ဇြန္လ ( ၂၃ ) ရက္ေန႔ က ကြယ္လြန္ သြားခဲ့တဲ့ အဆိုေတာ္ ေရမြန္ ရဲ့ ေနာက္ဆုံး ခရီး ကို ဒီေန႔ ဇြန္လ (၂၅) ရက္ေန႔မွာ လိုက္ပါ ပို႔ေဆာင္ ေပးခဲ့ၾကပါတယ္။ ယုံၾကည္ခ်က္ တစ္ခုအတြက္ နဲ႔ ေတာထဲ ဝင္သြားခဲ့ ၿပီး မတရားမႈ႔ ကို မတြန္းလွန္ နိုင္လိုက္ ခင္မွာ အသက္ ဆုံးရႈံးသြား တဲ့ အဆိုေတာ္ ႀကီး အတြက္ အားလုံး က ယူက်ဳံးမရျဖစ္ေနခဲ့ပါတယ္။ မိခင္နဲ႔ညီမျဖစ္သူကို သိပ္ခ်စ္ၿပီး အေပါင္း အသင္း ေတြ အေပၚမွာ လည္း စိတ္ေကာင္း ထားကာ အျမဲ ကူ ညီတတ္ သူမို႔ လူေကာင္းတစ္ေယာက္ ဆုံးရႈံး လိုက္ရ တာ တကယ္ကို ႏွေျမာစရာ ေကာင္းလြန္း ပါတယ္။

ဒီေန႔ မွာေတာ့ ေတာထဲ မွာ ပဲ ထင္း မီးပုံ ေလးေတြလုပ္ၿပီး သူ႔ရဲ့ခႏၶာကိုယ္ကို မီးသၿဂိဳလ္ ခဲ့တဲ့ ပုံရိပ္ေတြ ကို ပရိသတ္ေတြ အလြမ္းေျပေစဖို႔ ေရမြန္ ရဲ့ သူငယ္ခ်င္းတစ္ေယာက္က လူမႈ႔ ကြန္ယက္မွာ ေဝမၽွ ေပးခဲ့ပါတယ္။ ေရမြန္ ရဲ့ ပရိသတ္ေတြ သူ႔ကို ေနာက္ဆုံး ေျပာခ်င္တဲ့ စကားေလး ေတြ ကို လည္း မွတ္ခ်က္ ေပးခိုင္း ခဲ့ၿပီး ဒီမွတ္ခ်က္ ေတြကို Print ထုတ္ကာ သူ႔ နဲ႔ အတူ သၿဂိဳလ္ ေပးခဲ့ပါတယ္။ ေရမြန္သာ ဒီစာေတြ ကို ဖတ္ျဖစ္မယ္ ဆို ရင္ သူ႔ကို သိပ္ခ်စ္တဲ့ ပရိသတ္ေတြ ရဲ့ေမတၱာကို ခံ စားမိၿပီး ေက်နပ္ ေနမွာပါ။

ပကာသန ေတြအမ်ားႀကီး မပိုင္ဆိုင္ ခဲ့ ေပမယ့္ ဖန္တီး ခဲ့တဲ့ ဂီတ အႏုပညာ ကေတာ့ တန္ဖိုး မျဖတ္နိုင္ပါဘူး။ လူေသ သြားေပမယ့္ သူ႔ ရဲ့ သံစဥ္ေတြဟာေတာ့ ႏွစ္သက္ သူတိုင္းရဲ့ ႏွလုံးသား ထဲမွာ အျမဲတမ္း စီးဆင္း ေနဦးမွာပါ။ သီခ်င္း အသစ္ေတြ မဖန္တီး နိုင္ ေပမယ့္ ဖန္တီး ခဲ့တဲ့ အႏုပညာေတြ ဟာလည္း အျမဲတမ္းလတ္ဆတ္ ေနဦး မွာ ပါပဲ။ ေဆာင္းဦးမွာ ပြင့္ၿပီး မိုးဦးမွာ ေႂကြလြင့္ ခဲ့တဲ့ ေတာ္လွန္ေရး ပန္းေလး တစ္ပြင့္ ေကာင္းမြန္ရာ အရပ္ေဒသ မွာ အစြမ္းကုန္ ျပန္
လည္ပြင့္လန္း နိုင္ပါေစ လို႔ ဆုေတာင္း ေပး လိုက္ပါတယ္။

crd…..