ပရိသတ္ႀကီးေရ.. ရယ္စရာဟာသ ဇာတ္႐ုပ္ေတြနဲ႔ ပရိသတ္ေတြရဲ့တစ္ခဲနက္ အားေပးခ်စ္ခင္မႈေတြကို အခိုင္အမာရရွိထားတဲ့ ဒိန္းေဒါင္ကေတာ့ ခၽြန္တြန္းပရဟိတအဖြဲ႕ကိုလည္း တည္ေထာင္ထားၿပီး လက္ရွိအေျခအေန ေတြမွာလည္း ျပည္သူေတြနဲ႔ ရပ္တည္ေနတာ ေတြ႕ရပါတယ္..။ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလပိုင္းကတည္းက လမ္းေပၚထြက္လႈပ္ရွားမႈေတြျပဳလုပ္ခဲ့တဲ့အျပင္ ျပည္သူေတြ အတြက္ လိုအပ္တာေလးေတြကိုလည္း အားျဖည့္လႉဒါန္းရင္း ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ကိုယ္တိုင္ ပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္..။

တတ္နိုင္ေလာက္ျပဳလုပ္ေနတဲ့ ဒိန္းေဒါင္တို႔ ခၽြန္တြန္း အဖြဲ႕ကေတာ့ စားဝတ္ေနေရးခက္ခဲေနၿပီး အခက္အခဲေတြနဲ႔ၾကဳံေတြ႕ေနၾကရတဲ့ ျပည္သူေတြအတြက္လည္း အလႉရွင္ေတြကိုယ္စား စားနပ္ရိကၡာေတြ ေပးေဝလႉဒါန္းခဲ့ျပန္ပါတယ္..။အလႉရွင္ ေတြကိုယ္စား ခက္ခဲေနၾကတဲ့ျပည္သူ အိမ္ေထာင္စု(၁၂၄)စုစာ အတြက္ ဆန္၊ ဆီနဲ႔ အျခားစားေသာက္ကုန္ေတြကို ေပးေဝလႉဒါန္းၿပီး ကာယဒါန ျပဳကာ ကုသိုလ္ယူခဲ့တာျဖစ္ၿပီး အလႉပုံရိပ္ ေတြကိုလည္း ေဝမၽွထားပါေသးတယ္..။

“ထိုင္းနိုင္ငံဖစ္ပူလီၿမိဳ႕Emerald ကုမၸဏီညီအစ္ကိုေမာင္ႏွမမ်ားမွအဆင္မေျပၾကေသာမိသားစု(124)စုစာအတြက္ ဆန္ ဆီ ဆားအလႉေတာ္နတ္လူသာဓုေခၚေစေသာ္🙏🙏🙏🙏🙏..” ဆိုၿပီး အလႉပုံရိပ္ ေတြကို ေဝမၽွထားတာ ျဖစ္ပါတယ္..။လိုအပ္ေနတဲ့ျပည္သူ ေတြအတြက္ ေစတနာရွင္ေတြကိုယ္စား သြားေရာက္လႉဒါန္းၿပီး ကာယဒါနျပဳခဲ့ၾကတဲ့ ဒိန္းေဒါင္တို႔ “ခၽြန္တြန္း” အဖြဲ႕ရဲ့ ကုသိုလ္ယူပုံ ရိပ္ေတြကိုလည္း ပရိသတ္ေတြ သာဓုေခၚအားေပးထားၾကတာ ေတြ႕ရပါတယ္..။

သတင္းအရင္းျမစ္: Dain Daung’s Fb Acc

unicode

ပရိသတ်ကြီးရေ.. ရယ်စရာဟာသ ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ဒိန်းဒေါင်ကတော့ ချွန်တွန်းပရဟိတအဖွဲ့ကိုလည်း တည်ထောင်ထားပြီး လက်ရှိအခြေအနေ တွေမှာလည်း ပြည်သူတွေနဲ့ ရပ်တည်နေတာ တွေ့ရပါတယ်..။ပြီးခဲ့တဲ့ဖေဖော်ဝါရီလပိုင်းကတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်ခဲ့တဲ့အပြင် ပြည်သူတွေ အတွက် လိုအပ်တာလေးတွေကိုလည်း အားဖြည့်လှူဒါန်းရင်း တော်လှန်ရေးတိုက်ပွဲကြီးမှာ ကိုယ်တိုင် ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်..။

တတ်နိုင်လောက်ပြုလုပ်နေတဲ့ ဒိန်းဒေါင်တို့ ချွန်တွန်း အဖွဲ့ကတော့ စားဝတ်နေရေးခက်ခဲနေပြီး အခက်အခဲတွေနဲ့ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက်လည်း အလှူရှင်တွေကိုယ်စား စားနပ်ရိက္ခာတွေ ပေးဝေလှူဒါန်းခဲ့ပြန်ပါတယ်..။အလှူရှင် တွေကိုယ်စား ခက်ခဲနေကြတဲ့ပြည်သူ အိမ်ထောင်စု(၁၂၄)စုစာ အတွက် ဆန်၊ ဆီနဲ့ အခြားစားသောက်ကုန်တွေကို ပေးဝေလှူဒါန်းပြီး ကာယဒါန ပြုကာ ကုသိုလ်ယူခဲ့တာဖြစ်ပြီး အလှူပုံရိပ် တွေကိုလည်း ဝေမျှထားပါသေးတယ်..။

“ထိုင်းနိုင်ငံဖစ်ပူလီမြို့Emerald ကုမ္ပဏီညီအစ်ကိုမောင်နှမများမှအဆင်မပြေကြသောမိသားစု(124)စုစာအတွက် ဆန် ဆီ ဆားအလှူတော်နတ်လူသာဓုခေါ်စေသော်🙏🙏🙏🙏🙏..” ဆိုပြီး အလှူပုံရိပ် တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။လိုအပ်နေတဲ့ပြည်သူ တွေအတွက် စေတနာရှင်တွေကိုယ်စား သွားရောက်လှူဒါန်းပြီး ကာယဒါနပြုခဲ့ကြတဲ့ ဒိန်းဒေါင်တို့ “ချွန်တွန်း” အဖွဲ့ရဲ့ ကုသိုလ်ယူပုံ ရိပ်တွေကိုလည်း ပရိသတ်တွေ သာဓုခေါ်အားပေးထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Dain Daung’s Fb Acc