


Credit…MM Load

UNICODE

နေဒွေး ကတော့ လက်ရှိ မြန်မာနိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေ နဲ့ ပတ်သက်ပြီး ပြည်သူ ပရိသတ်တွေ နဲ့ အတူ ရပ်တည်နေ သူပဲ ဖြစ်ပါတယ်။တော်လှန်ရေး တိုက်ပွဲကြီး မှာ ရရာ နေရာ ကနေ တတ်နိုင် သလောက် ပါဝင် ကူညီ အားဖြည့်နေ ကြတဲ့ ပြည်သူတွေ အားလုံး နဲ့အတူ နေဒွေး က လည်း အလှူလေးတွေနဲ့ တစ်တပ် တစ်အား ပါဝင် နေတာ ဖြစ်ပါတယ်။

ခုလို အစစ အရာရာ ဘက်ပေါင်းစုံ ကနေ ပါဝင် ကူညီ အားဖြည့်ပေး နေတဲ့ ပြည်သူတွေ နဲ့ အနုပညာရှင် တွေရှိနေတာ ကြောင့်လည်း ဒီလှုပ်ရှားမှု ကြီးက ခုချိန်ထိ စည်းလုံး ညီညွတ်ပြီး အသက်ဝင် နေခဲ့တာပါ။သူရဲကောင်း အာဇာနည်တွေ ကလည်း ဘယ်လို အခက်အခဲ တွေ နဲ့ ရင်ဆိုင်နေရပါစေ။ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် အသက်ကို ပင်ပေးကာ ရှေ့ဆက် လှမ်းနေကြတာ လည်းဖြစ်ပါတယ်။

နေဒွေးက ခုလိုကာလမှာ အဆင်မပြေ ဖြစ်နေတဲ့ မိသားစု တွေ ဆီကို နေ့စဉ်တိုင်း လိုလို သွားရောက်ကာ အစားအသောက် နဲ့ အလှူငွေ များကို လှူဒါန်းလျက်ရှိနေတာကို လည်းလေးစားစွာ တွေ့မြင် ရပါတယ်။ဒီနေ့မှာ တော့ အနုပညာ လောက သားထဲက သက်ကြီး ရွယ် အိုအဖိုး အဖွားများ ကို ဆန် ၊ ဆီအပြင် အလှူငွေများ သွားရောက် လှူဒါန်းဖြစ်ခဲ့ ကြောင်း ပုံလေးတွေ နဲ့ အတူ ” ဤနေ့ကုသိုလ် ကိုယ့်လောက သားတွေလည်း ပြန်ကြည့်ပေးရတယ် ။အဖေကြီးဦးတိမ်ညွှန့်အတွက် ဆန် ,ဆီ ,အလှုငွေနဲ့ လိုအပ်တာလေး ကျန်အဖိုး အဖွားတွေ အတွက်ရော”ဆိုတဲ့ စာလေးနဲ့ အတူ ဖော်ပြထားရာ ပရိသတ်ကြီးလည်း နေဒွေးရဲ့ အလှူလေးကို သာဓု ခေါ်နိုင်စေရန် ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်။

Credit…MM Load