



UNICODE

ပရိသတ်ကြီး ရေ ရုပ်ရှင် သရုပ်ဆောင် စမိုင်းလ် ကတော့ အနုပညာ အလုပ်တွေကို အနည်းအကျဉ်း လုပ်ဆောင် နေသလို ချစ်ခင်ပွန်း ရဲ့ စီးပွားရေးတွေ ကိုလည်း တစ်ဖက် တစ်လမ်းက နေကူညီလုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။စမိုင်းလ်တို့ မိသားစုက စီးပွားရေး ဆိုလည်း ကြိုးစား ရှာဖွေကြသလို အလှူအတန်း ဆိုလည်း အရမ်း ရက်ရော ကြတဲ့ မိသားစုတွေ ဖြစ်ကြပါတယ်။စမိုင်းလ် က အကူအညီလိုအပ်နေ တဲ့ သူတွေကိုလည်း စေတနာအပြည့်နဲ့ ကူညီဖေးမပေးတတ် လို့ လူချစ်လူခင်အရမ်း ပေါပါတယ်နော်။

စမိုင်းလ် က အိမ်ထောင်ကျတာ အရမ်းကံကောင်းပြီး ပျော်ရွှင်စရာမိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။စမိုင်းလ် ရဲ့ ချစ်ခင်ပွန်းကတော့ သမီးတွေနဲ့ ဇနီးသည်ကို လိုလေသေး မရှိအောင်ထား ပေးပြီး လုံခြုံနွေးထွေးမှုတွေ နဲ့ စောင့်ရှောက်ပေးတာ ဖြစ်ပါတယ်နော်။လက်ရှိမှ ာဆိုရင်လည်း စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်က စီးပွားရေးအသစ် တွေကို တိုင်တိုင် ပင်ပင် နဲ့ ချဲ့ထွင်နေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ စမိုင်းလ် တို့ ဇနီးမောင်နှံက “Smile Mart” ဆိုတဲ့ စီးပွားရေးလေးကို လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

စမိုင်းလ် တို့ ဇနီးမောင်နှံကတော့ “Smile Mart” ဆိုင်အသစ်လေး ကို တူယှဉ်တွဲပြီး တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်လိုက်ကြတာ ဖြစ်ပါတယ်။စမိုင်းလ်တို့ဇနီးမောင်နှံ က ရှေ့သွား နောက်လိုက်အရမ်း ညီလို့ လိုက်ဖက် ညီတဲ့စုံတွဲလေးပဲ ဖြစ်ပါတယ်။စမိုင်းလ် ကလည်း သူမ တို့ရဲ့ ဖွင့်ပွဲလေး ကို လူမှုကွန်ယက်ကနေတဆင့် Live လွှင့်ပြီး ပရိသတ်တွေ ကို ပြသလိုက်တာ ဖြစ်ပါတယ်။စမိုင်းလ် တို့မိသားစုလည်း စီးပွားရေး တွေ ပိုမိုဖြစ်ထွန်းပြီး အလှူရေစက် လက်နဲ့ မကွာ လှူဒါန်း နိုင်ကြပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source&Video Credit:စမိုင်းလ် Smile’s Facebook page