


Credit; MMLoad

UNICODE

ပရိတ်သတ်ကြီး ရေ… မိတ်ကပ်လောက ရဲ့ နာမည်ကြီး မိတ်ကပ် ဖန်တီးရှင် လင်းလင်း ကတော့ ရုပ်ရှင် ဇာတ်ကားကြီးတွေ မှာ လည်းပါဝင် သရုပ်ဆောင်ပြီး ပရိတ်သတ် တွေ ရဲ့ အချစ်တွေ ကိုတစ်ခဲနက် သိမ်းပိုက်ရ ရှိထားတဲ့ သူ တစ်ယောက်ပဲ ဖြစ်ပါတယ်နော်..။သူမ ဟာဆိုရင် စကား ပြောပွင့်လင်း လွန်းပြီး စိတ်ကောင်း စေတနာ ကောင်းလည်းရှိတဲ့ အတွက် မိတ်ကပ် လောက မှာရော အနုပညာရှင် တွေကရော လင်းလင်း ဆိုပြီး ပြောစမတ် တွင်လောက်အောင် အချစ်ခံနေရတဲ့သူ တစ်ယောက် ဆိုရင်လည်းမမှားပါ ဘူးနော်။လင်းလင်း ကတော့ ​ဖေဖော်ဝါရီလ အစကတည်းမှ စတင်ပြီး ယနေ့ချိန် အထိ လူထု လှုပ်ရှားမှုတွေ မှာလည်း ပြည်သူ တစ်ဦးအနေ နဲ့ တက်ကြွစွာ ပူးပေါင်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သူမဟာ လမ်းပေါ် မထွက်ဖြစ်တဲ့ နေ့တွေမှာ ဆိုရင်လည်း တိ ကျသေချာတဲ့ သတင်း အချက်အလက် တွေကိုပြည်သူ တွေ သိရှိ နိုင်အောင် သူမရဲ့ လူမှု ကွန်ယက် စာမျက်နှာ မှ တစ်ဆင့် အချိန် နဲ့ တစ်ပြေးညီ ဝေ မျှပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ညစဉ် ညတိုင်း ဘုရားဝတ် ပြုတဲ့ အခါမှာ လည်း မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်း ပါစေလို့ မြတ်စွာ ဘုရားရှင်ထံ ဆုတောင်းနေ တာ ဖြစ်ပါတယ်။ နေ့စဉ် မပျက် မကွက် ပဌာန်းရွတ် ဖတ်ပူဇော် ကာ အသက် ပေးသွားခဲ့ကြရတဲ့ သူရဲကောင်းတွေ အတွက် အ မျှပေးဝေနေ တာလည်း ဖြစ်ပါတယ်။

အများ ပြည်သူ တွေ စိတ်ဒုက္ခတွေ ရောက်နေ ချိန်မှာ သူမ အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ အရာ တစ်ခုကို ဆောင်ရွက်ဖို့ ဆုံးဖြတ် လိုက်တာပဲ ဖြစ်ပါတယ်။ ဒါကတော့ အခုလို ဖြစ်နေတဲ့ အချိန်မှာ ပြည်သူထဲ က ပြည်သူ တစ်ယောက် ဖြစ်တဲ့ အတွက် ကိုဗစ် ကာကွယ် ဆေးထိုးရန် ကမ်းလှမ်းခဲ့ တာကို ငြင်းပယ်ခဲ့ တာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပို့စ်အောက် တွင် အခုလို ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချခဲ့တဲ့ အတွက် ပရိသတ်တွေ က လင်းလင်း အား ချီးကျူးနေ ကြတာပါ။ ပရိသတ်တွေလည်း သိ ရှိစေရန် အတွက် ဒီသတင်း လေးကို တစ်ဆင့် ပြန်လည်ကူး ယူတင်ဆက် ပေးလိုက် ရပါတယ်နော်။ဖတ်ရှု ပေးတဲ့ပရိတ်သတ် ကြီးကို အထူးပဲကျေးဇူးတင် ရှိပါတယ်…။

Source and Photo Crd-Lin Linn’s Facebook Page
Credit; MMLoad