မနေ့ ကတော့ အဆိုတော် ရေမွန် ကွယ်လွန်တာ (၇)ရက်ပြည့် မြောက်ပြီ ဖြစ်တာကြောင့် သူနေထိုင် ခဲ့တဲ့ အိမ်မှာပဲ ရက်လည် ဆွမ်းကျွေး တရားနာ ပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တ လော ကိုဗစ် ရောဂါ ကူးစက် ပြန့်ပွား မှု တွေကြောင့် နာရေး ကို လူနည်း ငယ်သာ ဖိတ်ခဲ့ တာ ဖြစ်ပါတယ်။ ရေမွန် ရဲ့ နာရေး ကို လာကြ သူတိုင်း က လည်း သူ့ရဲ့ အိပ်ခန်း လေး ကို ဝင်ကြည့်ပြီး လွမ်းဆွတ် သတိရနေ ကြတာ ဖြစ်ပါတယ်။

မနေ့ ည က လည်း ရေမွန် ရဲ့ ညီမ ဖြစ်သူ လပြည့် ကဗျာက သူမ ရဲ့ လူမှု ကွန်ယက် တွင် အစ်ကို ဆုံးပါးသွား ချိန်က စပြီး ရက်လည်တဲ့ အချိန် ထိဘေးမှာ အစအဆုံး ပါဝင် ကူညီ ပေးကြ သူတိုင်း ကို ကျေးဇူးတင်ရှိကြောင်း ရေးသား ထားတာ ဖြစ်ပါတယ်။ အစ်ကို ဖြစ်သူက ဗြုန်းစားကြီး ခွဲခွာ သွားတာ ကြောင့် အားလုံးရဲ့ တာဝန် တွေက သူမ အပေါ် ကျ ရောက်လာပြီး မလွယ်ကူ မှန်း သိပေမယ့် အကောင်းဆုံး ရှင်သန် ရပ်တည် ပါ့မယ်လို့ ကတိပေး ကြောင်းကိုလည်းရေးသားထားပါတယ်။

လူသေ သွားပေမယ့် နာမည် မသေတဲ့ သူ့အစ်ကို အတွက် သိပ်ကို ဂုဏ်ယူ ကြောင်းကို လည်းအခုလို ပြောပြ ထားတာ ဖြစ်ပါတယ်။” ဘပီ ရက်လည် နေ့မှာ အားလုံး ဝိုင်းဝန်း ကူညီ ပေးကြလို့ အဆင်ပြေပြေ နဲ့ ပြီးဆုံး ခဲ့ ပါတယ်။ ဘပီ ရက်လည် အစ မှ သည် အဆုံး ပါဝင် ကူညီ ပေးတဲ့Idiots မိသားစု ဝင်များ ကြွရောက် ပေးကြတဲ့ ဧည့်သည် များအားလုံး နှင့် တကွ နာရေး ကူငွေများ လှူပေး ကြတဲ့ အနယ်နယ် အရပ်ရပ်က ချစ်ခင် သူများ အားလုံး ကို ရင်ထဲလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါတယ်။Covid အခြေအနေအရ အခက်ခဲ ရှိလို့ လူအများကြီး မဖိတ်နိုင်တာ Sorry ပါနော် ဗြုန်းစားကြီး ဘပီ ခွဲသွားတော့ အားလုံး ရဲ့ တာဝန် တွေက ကိုယ့်အပေါ် ပုံ ကျလာတယ် သိပ်တော့ မလွယ်ကူ လှဘူးဆိုတာ သိပေမယ့် ညီမလေးတို့ မိသားစု အကောင်းဆုံး ရှင်သန် ရပ်တည်ပါ့မယ်လို့ ကတိ ပေးပါတယ်။လူသေ သော်လည်း နာမည် မသေတဲ့ ငါ့အကို အတွက် သိပ်ဂုဏ်ယူတယ် ♥” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘဝမှာ အစ်ကို့ ရဲ့ အရိုးပြာ ကို ကိုယ်တိုင် ကောက်ရ မယ်လို့ ထင်မထားကြောင်း ဝမ်းနည်းခြင်း များစွာ ဖြင့် ရင်ဖွင့် ရေးသား ထားပါ သေးတယ်။ ရေမွန်ဟာ သူသေ သွားတဲ့ အခါ မီးသဂြိုလ် မှာကို အရမ်းမုန်းပြီး အအေး ကြိုက်တဲ့ သူမို့ အပူဒဏ်ကို မခံနိုင်ဘူးဆိုတဲ့ အကြောင်းကိုလည်း စိတ်မ ကောင်းစွာ နဲ့ ပြောပြထားတာ ဖြစ်ပါတယ်။ ရေမွန် တစ်ယောက် သူချစ် တဲ့ သီချင်းတွေ နဲ့ ကောင်းကင် ဘုံ မှာ ငြိမ်းချမ်းစွာ အနားယူ နိုင်ပါစေလို့ ဆုတောင်း ပေး ရင်း ဒီသတင်းကို တင်ဆက် ပေးလိုက် ရပါတယ်။

crd-khityoeyar

ZAWGYI

မေန႔ ကေတာ့ အဆိုေတာ္ ေရမြန္ ကြယ္လြန္တာ (၇)ရက္ျပည့္ ေျမာက္ၿပီ ျဖစ္တာေၾကာင့္ သူေနထိုင္ ခဲ့တဲ့ အိမ္မွာပဲ ရက္လည္ ဆြမ္းေကၽြး တရားနာ ျပဳလုပ္ ခဲ့ၾကတာ ျဖစ္ပါတယ္။ လတ္တ ေလာ ကိုဗစ္ ေရာဂါ ကူးစက္ ျပန႔္ပြား မႈ ေတြေၾကာင့္ နာေရး ကို လူနည္း ငယ္သာ ဖိတ္ခဲ့ တာ ျဖစ္ပါတယ္။ ေရမြန္ ရဲ့ နာေရး ကို လာၾက သူတိုင္း က လည္း သူ႔ရဲ့ အိပ္ခန္း ေလး ကို ဝင္ၾကည့္ၿပီး လြမ္းဆြတ္ သတိရေန ၾကတာ ျဖစ္ပါတယ္။

မေန႔ ည က လည္း ေရမြန္ ရဲ့ ညီမ ျဖစ္သူ လျပည့္ ကဗ်ာက သူမ ရဲ့ လူမႈ ကြန္ယက္ တြင္ အစ္ကို ဆုံးပါးသြား ခ်ိန္က စၿပီး ရက္လည္တဲ့ အခ်ိန္ ထိေဘးမွာ အစအဆုံး ပါဝင္ ကူညီ ေပးၾက သူတိုင္း ကို ေက်းဇူးတင္ရွိေၾကာင္း ေရးသား ထားတာ ျဖစ္ပါတယ္။ အစ္ကို ျဖစ္သူက ျဗဳန္းစားႀကီး ခြဲခြာ သြားတာ ေၾကာင့္ အားလုံးရဲ့ တာဝန္ ေတြက သူမ အေပၚ က် ေရာက္လာၿပီး မလြယ္ကူ မွန္း သိေပမယ့္ အေကာင္းဆုံး ရွင္သန္ ရပ္တည္ ပါ့မယ္လို႔ ကတိေပး ေၾကာင္းကိုလည္းေရးသားထားပါတယ္။

လူေသ သြားေပမယ့္ နာမည္ မေသတဲ့ သူ႔အစ္ကို အတြက္ သိပ္ကို ဂုဏ္ယူ ေၾကာင္းကို လည္းအခုလို ေျပာၿပ ထားတာ ျဖစ္ပါတယ္။” ဘပီ ရက္လည္ ေန႔မွာ အားလုံး ဝိုင္းဝန္း ကူညီ ေပးၾကလို႔ အဆင္ေျပေၿပ နဲ႔ ၿပီးဆုံး ခဲ့ ပါတယ္။ ဘပီ ရက္လည္ အစ မွ သည္ အဆုံး ပါဝင္ ကူညီ ေပးတဲ့Idiots မိသားစု ဝင္မ်ား ႂကြေရာက္ ေပးၾကတဲ့ ဧည့္သည္ မ်ားအားလုံး ႏွင့္ တကြ နာေရး ကူေငြမ်ား လႉေပး ၾကတဲ့ အနယ္နယ္ အရပ္ရပ္က ခ်စ္ခင္ သူမ်ား အားလုံး ကို ရင္ထဲလွိုက္လွိုက္လွဲလွဲေက်းဇူးတင္ရွိပါတယ္။Covid အေျခအေနအရ အခက္ခဲ ရွိလို႔ လူအမ်ားႀကီး မဖိတ္နိုင္တာ Sorry ပါေနာ္ ျဗဳန္းစားႀကီး ဘပီ ခြဲသြားေတာ့ အားလုံး ရဲ့ တာဝန္ ေတြက ကိုယ့္အေပၚ ပုံ က်လာတယ္ သိပ္ေတာ့ မလြယ္ကူ လွဘူးဆိုတာ သိေပမယ့္ ညီမေလးတို႔ မိသားစု အေကာင္းဆုံး ရွင္သန္ ရပ္တည္ပါ့မယ္လို႔ ကတိ ေပးပါတယ္။လူေသ ေသာ္လည္း နာမည္ မေသတဲ့ ငါ့အကို အတြက္ သိပ္ဂုဏ္ယူတယ္ ♥” ဆိုၿပီး ေရးသား ထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဘဝမွာ အစ္ကို႔ ရဲ့ အရိုးျပာ ကို ကိုယ္တိုင္ ေကာက္ရ မယ္လို႔ ထင္မထားေၾကာင္း ဝမ္းနည္းျခင္း မ်ားစြာ ျဖင့္ ရင္ဖြင့္ ေရးသား ထားပါ ေသးတယ္။ ေရမြန္ဟာ သူေသ သြားတဲ့ အခါ မီးသၿဂိဳလ္ မွာကို အရမ္းမုန္းၿပီး အေအး ႀကိဳက္တဲ့ သူမို႔ အပူဒဏ္ကို မခံနိုင္ဘူးဆိုတဲ့ အေၾကာင္းကိုလည္း စိတ္မ ေကာင္းစြာ နဲ႔ ေျပာျပထားတာ ျဖစ္ပါတယ္။ ေရမြန္ တစ္ေယာက္ သူခ်စ္ တဲ့ သီခ်င္းေတြ နဲ႔ ေကာင္းကင္ ဘုံ မွာ ၿငိမ္းခ်မ္းစြာ အနားယူ နိုင္ပါေစလို႔ ဆုေတာင္း ေပး ရင္း ဒီသတင္းကို တင္ဆက္ ေပးလိုက္ ရပါတယ္။

crd-khityoeyar