unicode
ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးချစ်ခင်မှုတွေနဲ့ အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ မော်လ်ဒယ်မင်းသား ချောလေး ပိုင်တံခွန်ကတော့ မြန်မာပရိသတ်တွေ ဂုဏ်ယူရလောက်အောင်ကို ပြည်ပနိုင်ငံ တွေအထိ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကိုရရှိထားသူပဲ ဖြစ်ပါတယ်နော်..။ဆွဲဆောင်မှုရှိပြီး ယောကျ်ားပီသတဲ့ပုံစံလေးတွေနဲ့ အမိုက်စားBody တွေနဲ့လည်း ဖမ်းစားတတ်သလို တိရိစ္ဆာန်လေးတွေအပေါ်ကြင်နာတတ်တဲ့ စိတ်ထားလေးနဲ့ ကူညီလှူဒါန်းတတ်တာတွေကြောင့်လည်း ပရိသတ်တွေ ကြားရေပန်းစားနေတာလည်း ဖြစ်ပါတယ်..။
မိန်းကလေး ပရိသတ်တွေရဲ့သည်းသည်းလှုပ်အချစ်တွေကို အများဆုံးရရှိထားတဲ့ ပိုင်တံခွန် ကတော့ အခုဆိုရင် နိုင်ငံကျော်စူပါမော်လ်ဒယ်အဖြစ် နိုင်ငံတကာမှာ အောင်မြင်နေတာဖြစ်ပြီး ပရိသတ်တွေ အပြင် အနုပညာရှင်အချင်းချင်းတွေကပါ အားပေးချစ်ခင်နေကြတာလည်း တွေ့ရပါတယ်..။အခုတစ်ခါမှာလည်း ပရိသတ်အချစ်တော်လေးဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ကလည်း ပိုင်တံခွန် ကိုအားပေးဝန်းရံတဲ့အကြောင်းလေးကို ပြောပြလာပါတယ်နော်..။
“ပိုင်တံခွန် လက်စွပ်တဲ့ လူကိုမရလို လက်စွပ်ပဲ ဝယ်ချပလိုက်တယ်😂😅
အောင်သမာဓိ ကနေ😎😎😎..” ဆိုပြီး လက်စွပ်ပုံလေး ကိုလည်း သုသုလေးက ပရိသတ်တွေကို ဝေမျှထားတာဖြစ်ပြီး ပရိသတ်တွေကလည်း ချစ်ခင်စွာစနောက်နေကြတာလည်း တွေ့ရပါတယ်နော်..။ကဲ.. ဒီကနေ့လေးမှာတော့ အားလုံးရဲ့ အချစ်တော်လေး သုသုလေးကလည်း နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် မော်လ်ဒယ်မင်းသားချောလေးကို အားပေးချစ်ခင်ပြီး လက်စွပ်လေး လုပ်ကာ ဝေမျှလာတာလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။
သတင်းအရင်းမြစ်: Nyi Nyi Maung’s Fb Acc