သ႐ုပ္ေဆာင္ ဇြဲနိုင္ဝင္းကေတာ့ ဆယ္စုႏွစ္ေက်ာ္တိုင္ ေအာင္ ပရိသတ္ေတြရဲ့ လက္ခံအားေပးမႈေတြ ကို ရရွိထားသူ တစ္ဦးလည္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာလည္း ျပည္သူေတြနဲ႔အတူ တစ္ေသြးတည္း တစ္သားတည္း ရပ္တည္ကာ လူထုလႈပ္ရွားမႈမ်ား တြင္ ပူးေပါင္းပါဝင္ အားျဖည့္ေပးေနတာလည္း ျဖစ္ပါတယ္။ေန႔စဥ္မပ်က္မကြက္ သူ႔ရဲ့ ႀကိဳးစားအားထုတ္မႈေတြကို ျမင္ေတြ႕ ေနတဲ့ ပရိသတ္ေတြ ကေတာ့ ေလးစားေနၾကတာပါ။

ဒီလူထုလႈပ္ရွားမႈႀကီးဟာလည္း တျဖည္းျဖည္းနဲ႔ အခ်ိန္ကာလ ၾကာျမင့္လာၿပီ ျဖစ္ေသာ္လည္း လိုခ်င္တဲ့ ပန္းတိုင္ကို မေရာက္ေရာက္ေအာင္ ႀကိဳးစားေနတဲ့ ျပည္သူေတြကေတာ့ ေန႔စဥ္ရက္ဆက္ လမ္းေပၚထြက္ကာ သူတို႔ရဲ့ ဆႏၵေတြကို ထုတ္ေဖာ္ၿပ သေနဆဲပဲ ျဖစ္ပါတယ္။ လမ္းေပၚထြက္ေနၾကတဲ့ ျပည္သူေတြအတြက္ လိုအပ္တဲ့လႉဒါန္းမႈမ်ားကိုလည္း အလႉရွင္မ်ားက တတ္နိုင္တဲ့ ဘက္ကေန အဆင္ေျပေအာင္ ႀကိဳးစားေပးေန ၾကတာကိုလည္း အားတက္ဖြယ္ရာ ျမင္ေတြ႕ရၾကရမွာပါ။

မေန႔ညကေတာ့ ဇြဲနိုင္ဝင္းရဲ့ လူမႈကြန္ယက္စာမ်က္ႏွ တြင္ လူထုလႈပ္ရွားမႈမ်ားတြင္ တက္ႂကြစြာပါဝင္ ေနတဲ့ ျပည္သူေတြအတြက္ စားစရာ၊ေသာက္စရာမ်ားနဲ႔ လိုအပ္ေသာ ပစၥည္းမ်ားကို သူငယ္ခ်င္းေတြနဲ႔အတူ စုေပါင္းလႉဒါန္း ခဲ့တဲ့ ပုံရိပ္ေတြ ေဝမၽွထားတာပဲ ျဖစ္ပါတယ္။ သူကလည္း ” ဒီေန႔ ေႏြဦးေတာ္လွန္းေရးမွာ ဆႏၵထုတ္ေဖာ္ေနေသာျပည္သူမ်ား အတြက္ ေထာပတ္ထမင္း ႏွင့္ အခ်ိဳရည္ဗူး မုန႔္ မ်ား ေဝငွလႉဒါန္းခဲ့ပါတယ္။

ေထာပတ္ထမင္းႏွင့္ Safety Hat(10)လုံး၊Goggles (10)လက္ ကိုေတာ့ အဆိုေတာ္ ေရဗကၠာဝင္ းနဲ႔ ေမစံပယ္ညိဳတို႔က လႉဒါန္းေပးထားေၾကာင္း ေရးသားထားတာျဖစ္လို႔ ပရိသတ္ေတြအတြက္ ဒီသတင္းေလးကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပး လိုက္ရပါတယ္။ အားလုံးလည္း ဂ႐ုတစိုက္နဲ႔ ဒီလႈပ္ရွားမႈႀကီးမွာ အဆုံးစြန္ထိ ပါဝင္ေပးၾကဖို႔ ကိုလည္း တိုက္တြန္းလိုက္ပါရေစေနာ္။

Source and Photo Crd-Zwe Naing Win’s Facebook Account

unicode

သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့ ဆယ်စုနှစ်ကျော်တိုင် အောင် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေ ကို ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ကာ လူထုလှုပ်ရှားမှုများ တွင် ပူးပေါင်းပါဝင် အားဖြည့်ပေးနေတာလည်း ဖြစ်ပါတယ်။နေ့စဉ်မပျက်မကွက် သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့ နေတဲ့ ပရိသတ်တွေ ကတော့ လေးစားနေကြတာပါ။

ဒီလူထုလှုပ်ရှားမှုကြီးဟာလည်း တဖြည်းဖြည်းနဲ့ အချိန်ကာလ ကြာမြင့်လာပြီ ဖြစ်သော်လည်း လိုချင်တဲ့ ပန်းတိုင်ကို မရောက်ရောက်အောင် ကြိုးစားနေတဲ့ ပြည်သူတွေကတော့ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ပြ သနေဆဲပဲ ဖြစ်ပါတယ်။ လမ်းပေါ်ထွက်နေကြတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့လှူဒါန်းမှုများကိုလည်း အလှူရှင်များက တတ်နိုင်တဲ့ ဘက်ကနေ အဆင်ပြေအောင် ကြိုးစားပေးနေ ကြတာကိုလည်း အားတက်ဖွယ်ရာ မြင်တွေ့ရကြရမှာပါ။

မနေ့ညကတော့ ဇွဲနိုင်ဝင်းရဲ့ လူမှုကွန်ယက်စာမျက်နှ တွင် လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင် နေတဲ့ ပြည်သူတွေအတွက် စားစရာ၊သောက်စရာများနဲ့ လိုအပ်သော ပစ္စည်းများကို သူငယ်ချင်းတွေနဲ့အတူ စုပေါင်းလှူဒါန်း ခဲ့တဲ့ ပုံရိပ်တွေ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ သူကလည်း ” ဒီနေ့ နွေဦးတော်လှန်းရေးမှာ ဆန္ဒထုတ်ဖော်နေသောပြည်သူများ အတွက် ထောပတ်ထမင်း နှင့် အချိုရည်ဗူး မုန့် များ ဝေငှလှူဒါန်းခဲ့ပါတယ်။

ထောပတ်ထမင်းနှင့် Safety Hat(10)လုံး၊Goggles (10)လက် ကိုတော့ အဆိုတော် ရေဗက္ကာဝင် းနဲ့ မေစံပယ်ညိုတို့က လှူဒါန်းပေးထားကြောင်း ရေးသားထားတာဖြစ်လို့ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေး လိုက်ရပါတယ်။ အားလုံးလည်း ဂရုတစိုက်နဲ့ ဒီလှုပ်ရှားမှုကြီးမှာ အဆုံးစွန်ထိ ပါဝင်ပေးကြဖို့ ကိုလည်း တိုက်တွန်းလိုက်ပါရစေနော်။

Source and Photo Crd-Zwe Naing Win’s Facebook Account