ပရိသတ္ႀကီးေရ.. နာမည္ေက်ာ္ဒိတ္ဒိတ္ၾကဲအႏုပညာရွင္ ေတြရဲ့ လက္စြဲ ေတာ္မိတ္ကပ္ပညာရွင္အျဖစ္ အေတာ္ၾကာျဖတ္သန္း ရပ္တည္လာသူၿပီး ေအာင္ျမင္မႈေတြအခိုင္အမာရရွိထားသူကေတာ့ မိတ္ကပ္ပညာရွင္ေမဦးပဲ ျဖစ္ပါတယ္..။ေမဦးကေတာ့ လက္ရွိ အေျခအေနေတြမွာ ျပည္သူေတြနဲ႔အတူ ေန႔ရက္တိုင္းလိုလို လမ္းေပၚထြက္လႈပ္ရွားမႈေတြ ဆက္တိုက္ျပဳလုပ္ေနၿပီး အားလုံးနဲ႔အတူ တစ္ေသြးတစ္သားတည္းရ ပ္တည္ကာ ပါဝင္အားျဖည့္ေနတာလည္း ေတြ႕ရပါတယ္..။

လိုအပ္ေနတဲ့ေနရာေတြမွာ အလႉေတြလည္း အားႀကိဳးမာန္တက္လုပ္ေဆာင္ေနတဲ့ ေမဦးကေတာ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ က်သြားတဲ့သူရဲေကာင္းျပည္သူေတြအတြက္လည္း လႉဒါန္းမႈေတြျပဳလုပ္ေနတာ ျဖစ္ပါတယ္..။လူထုလႈပ္ရွားမႈေတြ လုပ္ေဆာင္ရင္း အသက္ေပးက်ဆုံးသြားတဲ့ ပဲခူးၿမိဳ႕က အသက္(၃၃)ႏွစ္အရြယ္ သူရဲေကာင္း ကိုေရႊအရဲ့ နာေရးအတြက္ လည္း အလႉေငြေတြ ေပးအပ္လႉဒါန္းခဲ့ၾကပါတယ္..။

“ပဲခူးၿမိဳ႕ မဇင္းရပ္ကြပ္တြင္ေနထိုင္သည့္ အသက္ ၃၃ ႏွစ္ ကိုေဇာ္ေအာင္ေခၚ (ေရႊအ ) အတြက္ အလႉေငြ 1019000 (ဆယ္သိန္းတစ္ေသာင္းကိုးေထာင္ )က်ပ္တိတိကိုက်န္ရစ္သူ ကိုေရႊအ မိသားစုအားေပးအပ္ခဲ့ပါၿပီ … 🙏🏻🙏🏻🙏🏻လႉဒါန္းေပးၾကေသာ ျပည္သူမ်ားအား ကိုေရႊအမိသားစုကိုယ္စားေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ🙏🏻🙏🏻🙏🏻❤️အလႉေငြေရာက္ေအာင္ပို႔ေပးေသာ အကိုအားေက်းဇူးအထူးတင္ပါတယ္🙏🏻..” ဆိုၿပီး ေမဦးက ေဝမၽွထားတာပါ..။လိုအပ္တဲ့ေနရာေလးေတြမွာ လႉဒါန္းမႈေတြျပဳလုပ္ေနတဲ့ ေမဦးတို႔ရဲ့ ကုသိုလ္အလႉေလး ေတြကလည္း တကယ္ကိုသာဓုေခၚစရာေကာင္းတာ မို႔ ပရိသတ္ေတြကလည္း ဆုေတာင္းစကားေလးေတြ ေျပာထားၾကတာ ေတြ႕ရပါတယ္..။

သတင္းအရင္းျမစ္: May Oo’s Fb Acc

unicode

ပရိသတ်ကြီးရေ.. နာမည်ကျော်ဒိတ်ဒိတ်ကြဲအနုပညာရှင် တွေရဲ့ လက်စွဲ တော်မိတ်ကပ်ပညာရှင်အဖြစ် အတော်ကြာဖြတ်သန်း ရပ်တည်လာသူပြီး အောင်မြင်မှုတွေအခိုင်အမာရရှိထားသူကတော့ မိတ်ကပ်ပညာရှင်မေဦးပဲ ဖြစ်ပါတယ်..။မေဦးကတော့ လက်ရှိ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ နေ့ရက်တိုင်းလိုလို လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး အားလုံးနဲ့အတူ တစ်သွေးတစ်သားတည်းရ ပ်တည်ကာ ပါဝင်အားဖြည့်နေတာလည်း တွေ့ရပါတယ်..။

လိုအပ်နေတဲ့နေရာတွေမှာ အလှူတွေလည်း အားကြိုးမာန်တက်လုပ်ဆောင်နေတဲ့ မေဦးကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ကျသွားတဲ့သူရဲကောင်းပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်..။လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း အသက်ပေးကျဆုံးသွားတဲ့ ပဲခူးမြို့က အသက်(၃၃)နှစ်အရွယ် သူရဲကောင်း ကိုရွှေအရဲ့ နာရေးအတွက် လည်း အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်..။

“ပဲခူးမြို့ မဇင်းရပ်ကွပ်တွင်နေထိုင်သည့် အသက် ၃၃ နှစ် ကိုဇော်အောင်ခေါ် (ရွှေအ ) အတွက် အလှူငွေ 1019000 (ဆယ်သိန်းတစ်သောင်းကိုးထောင် )ကျပ်တိတိကိုကျန်ရစ်သူ ကိုရွှေအ မိသားစုအားပေးအပ်ခဲ့ပါပြီ … 🙏🏻🙏🏻🙏🏻လှူဒါန်းပေးကြသော ပြည်သူများအား ကိုရွှေအမိသားစုကိုယ်စားကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ🙏🏻🙏🏻🙏🏻❤️အလှူငွေရောက်အောင်ပို့ပေးသော အကိုအားကျေးဇူးအထူးတင်ပါတယ်🙏🏻..” ဆိုပြီး မေဦးက ဝေမျှထားတာပါ..။လိုအပ်တဲ့နေရာလေးတွေမှာ လှူဒါန်းမှုတွေပြုလုပ်နေတဲ့ မေဦးတို့ရဲ့ ကုသိုလ်အလှူလေး တွေကလည်း တကယ်ကိုသာဓုခေါ်စရာကောင်းတာ မို့ ပရိသတ်တွေကလည်း ဆုတောင်းစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: May Oo’s Fb Acc