ပရိသတ်ကြီးရေ မြန်မာနိုင်ငံမှာ တတိယလှိုင်းအနေ နဲ့ ပြန်လည်ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါ နဲ့ ပတ်သက်ပြီး အဓိက လူနာတွေ ခံစားနေကြရတာကတော့ အောက်ဆီဂျင် ထိုးကြမှု ပြဿနာတွေပါပဲ ။ ဒါကြောင့်လည်း လူနာတွေ အလျင်စလို လိုအပ်နေတဲ့ အောက်ဆီဂျင်တွေကို ပြည်သူတွေက စုပေါင်း လှူဒါန်းကေးလျက်ရှိပါတယ် ။

ဒီလို အလှူရှင်တွေ အထဲမှာ စိန်ဖြိုး လည်း အပါအဝင်ပါပဲ ။ ပြည်သူတွေရဲ့ အခက်အခဲတွေ ကို မကြည့်ရက်လို့ တတ်နိုင်သလောက် အောက်ဆီဂျင်အိုးတွေ ၊ စက်တွေ လှူဒါန်းပေးသလို ကိုဗစ် နဲ့ ပတ်သက်ပြီး လိုက်နာ ရမယ့် အရာတွေကိုလည်း အမြဲ ဝေမျှပေးနေတာပါ ။

အခုလည်း အောက်ဆီဂျင် လိုအပ်နေတဲ့ လူနာအိမ်တွေကို ကိုယ်တိုင် ထမ်းပိုးကာ အိမ်အရောက် ပို့ဆောင် ကူညီပေးနေတဲ့ ဗီဒီယိုလေးကို တွေ့ရပါတယ် ။ ဗီဒီယိုလေးကြည့်ပြီး လေးစားမိတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဝေ မျှပေးလိုက်ပါတယ် ။

Credit…..

ZAWGYI




Credit…..