ချစ်စဖွယ် အပြုအမူ ၊ စကားသံဝဲဝဲလေးနဲ့ ပရိသတ်တွေရဲ့ အချစ်အားလုံးကို သိမ်းပိုက်ထားကာ နှစ်ပေါင်း(၂၀)ကျော်ကြာအောင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ဦး အဖြစ် ရပ်တည်နေတဲ့ အနုပညာရှင် လို့ဆိုလာရင်တော့ မင်းသမီးချော သက်မွန်မြင့် ကိုပဲဖော်ပြရမှာဖြစ်ပါတယ်။

ချစ်သက်လို့ ချစ်စနိုးနဲ့ အများက ခေါ်ကြတဲ့ သက်မွန်မြင့် နဲ့ပတ်သက်ပြီး လတ်တလော မှာ ကောလဟာလများထွက်ပေါ်နေခဲ့ပါတယ်။ သက်မွန်မြင့် ဟာ သူမရဲ့ ယောကျာ်းဖြစ်သူနဲ့ ကွာရှင်းလိုက်ပြီ ဖြစ်ကြောင်း ရေးသားထားတဲ့ သတင်းအမှားများဟာ လူမှုကွန်ယက်စာမျက်နှာ မှာ ပျံ့နှံ့လာတာဖြစ်ပါတယ်။

အဆိုပါသတင်းအမှားနဲ့ ပတ်သက်လို့ သက်မွန်မြင့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်တဲ့ ဒီဇိုင်နာမပုံ့ ကသက်မွန်မြင့်တို့မိသားစုနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းလာတာဖြစ်ပါတယ်။ မပုံ့က ” သူများမိသားစုအေးအေးချမ်းချမ်း နေတာမဟုတ်တဲ့ သတင်းအဟုတ်လုပ်ယုံနေကြတာ…ကိုယ်ချင်းစာတတ်ကြပါစေနော်” လို့ ရေးကာ ချစ်သက်ကို စိတ်ပူနေတဲ့သူတွေ စိတ်အေးနိုင် စေရန် ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

Credit ..MMLoad

Zawgyi




Credit ..MMLoad