သီချင်းတွေကို ကိုယ်တိုင်ဖန် တီးရေးသားသီဆိုပြီး ပရိသတ်တွေ ရဲ့ အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူကတော့အဆိုတော် ရဲလေးပဲ ဖြစ်ပါတယ်။ သူကတော့ အနုပညာအလုပ်အား အရမ်းကို ရူးသွပ် လွန်းတာကြောင့် အခက်အခဲ တွေများစွာ ကြားထဲကနေ အောင်မြင်လာအောင် ကြိုးစားရုန်းကန်လာခဲ့ရသူ ဖြစ်ပါတယ်။ ပထမဆုံးသီဆိုတဲ့ ” ထိပ်ဆုံးမှာ အမေ” ဆိုတဲ့ သီချင်းကလည်း ယနေ့ချိန်ထိကို နားထောင်ကောင်းနေဆဲ ဖြစ်ပါတယ်။

အခြေအနေအရပ်ရပ်ကြောင့် အနုပညာလောက ကနေအချိန် အတော်ကြာ ပျောက်ကွယ်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကမှ သီချင်းတွေ သီဆိုရင်းနဲ့ နောက်ထပ်တစ်ခါ ပြန်လည်အခြေချလာတာ ဖြစ်ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေ တိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရဲလေးနဲ့ပတ်သက်ပြီး ကောလဟာလ သတင်းတွေ ပြန့်နေတာ ဖြစ်ပါတယ်။ ဒါကတော့ Club တစ်ခုတွင် သီချင်းသီဆိုနေတဲ့ ပုံရိပ်တွေကို ပြန်တင်ပြီး အခုလတ်တလောမှာ ဖျော်ဖြေနေ တယ်ဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

မနေ့ညက ရဲလေးရဲ့လူမှုကွန် ယက်စာမျက်နှာတွင် ဒီကိစ္စနဲ့ ပတ်သက် ပြီး ပြန်လည်ဖြေရှင်းထားတာ ဖြစ်ပါတယ်။ ” မိတ်ဆွေသူငယ်ချင်းတွေ လာပြောတာများလာလို့ပါ။ ကျွန်တော်တော်ရုံဆို မပြောတတ်ပါဘူး မလိုအပ်တဲ့ အထင်လွဲ မှုတွေ မဖြစ်စေချင်ပါဘူး။ ၂၀၁၉ တုန်းက ကျွန်တော့်သူငယ်ချင်းတွေ ခဏ ခေါ်လို့ရောက်သွားခဲ့တဲ့ Safe House ပါ ။ အဲ့ကတည်းကပထမဆုံးနဲ့နောက်ဆုံး ရောက်ခဲ့တယ်။ ပြန်ခါနီး ပရိသတ်တွေ နဲ့သူငယ်ချင်းတွေ တောင်းဆိုမှုနဲ့သီချင်းနှစ်ပုဒ်ဖျော်ဖြေခဲ့ရပါတယ်။ ဘာကြောင့် ၂၀၁၉ တုန်းက ပုံအဟောင်း နဲ့ နာမည်ဖျက်ရ သလဲတော့ မသိပါဘူးခင်ဗျာ။ အဲ့တုန်းက သူငယ်ချင်းတွေ ပရိသတ်တွေ မိတ်ဆွေတွေအတွက် အကောင်းဆုံး တင်ဆက်ပေးခဲ့ပါတယ် ဒါပါပဲ ” ဆိုပြီး ပြန်ရှင်းပြထားတာ ဖြစ်ပါတယ်။ အခုလို မနာလိုသူတွေ လုပ်ကြံပြောဆိုနေကြတာတွေ ရှိနေတာကြောင့် သတိနဲ့နေထိုင်ဖို့ ပရိသတ် တွေက သတိပေးစကားတွေ ပြောထားကြတာ ဖြစ်ပါတယ်။ အခုလို အချိန်တွေမှာ လူတိုင်းရဲ့စိတ်တွေက အတက်အကျအရမ်းမြန်လွန်းတာကြောင့် အနုပညာရှင် များနဲ့ ပတ်သက်ပြီး သတင်းအမှားတွေ မတင်ကြဖို့ တောင်းဆိုလိုက်ပါရစေနော်။

Photo Crd-Ye Lay’s Facebook Page

သီခ်င္းေတြကို ကိုယ္တိုင္ဖန္ တီးေရးသားသီဆိုၿပီး ပရိသတ္ေတြ ရဲ့ အားေပးမႈေတြကို သိမ္းပိုက္ရရွိထားသူကေတာ့အဆိုေတာ္ ရဲေလးပဲ ျဖစ္ပါတယ္။ သူကေတာ့ အႏုပညာအလုပ္အား အရမ္းကို ႐ူးသြပ္ လြန္းတာေၾကာင့္ အခက္အခဲ ေတြမ်ားစြာ ၾကားထဲကေန ေအာင္ျမင္လာေအာင္ ႀကိဳးစား႐ုန္းကန္လာခဲ့ရသူ ျဖစ္ပါတယ္။ ပထမဆုံးသီဆိုတဲ့ ” ထိပ္ဆုံးမွာ အေမ” ဆိုတဲ့ သီခ်င္းကလည္း ယေန႔ခ်ိန္ထိကို နားေထာင္ေကာင္းေနဆဲ ျဖစ္ပါတယ္။

အေျခအေနအရပ္ရပ္ေၾကာင့္ အႏုပညာေလာက ကေနအခ်ိန္ အေတာ္ၾကာ ေပ်ာက္ကြယ္ခဲ့ၿပီး လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္ကမွ သီခ်င္းေတြ သီဆိုရင္းနဲ႔ ေနာက္ထပ္တစ္ခါ ျပန္လည္အေျခခ်လာတာ ျဖစ္ပါတယ္။ သူ႔ရဲ့လႈပ္ရွားမႈေတြ တိုင္းကိုလည္း ပရိသတ္ေတြကို အျမဲေဝမၽွေပးေနတာလည္း ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ရဲေလးနဲ႔ပတ္သက္ၿပီး ေကာလဟာလ သတင္းေတြ ျပန႔္ေနတာ ျဖစ္ပါတယ္။ ဒါကေတာ့ Club တစ္ခုတြင္ သီခ်င္းသီဆိုေနတဲ့ ပုံရိပ္ေတြကို ျပန္တင္ၿပီး အခုလတ္တေလာမွာ ေဖ်ာ္ေျဖေန တယ္ဆိုၿပီး ေဝဖန္ခံေနရတာ ျဖစ္ပါတယ္။

မေန႔ညက ရဲေလးရဲ့လူမႈကြန္ ယက္စာမ်က္ႏွာတြင္ ဒီကိစၥနဲ႔ ပတ္သက္ ၿပီး ျပန္လည္ေျဖရွင္းထားတာ ျဖစ္ပါတယ္။ ” မိတ္ေဆြသူငယ္ခ်င္းေတြ လာေျပာတာမ်ားလာလို႔ပါ။ ကၽြန္ေတာ္ေတာ္႐ုံဆို မေျပာတတ္ပါဘူး မလိုအပ္တဲ့ အထင္လြဲ မႈေတြ မျဖစ္ေစခ်င္ပါဘူး။ ၂၀၁၉ တုန္းက ကၽြန္ေတာ့္သူငယ္ခ်င္းေတြ ခဏ ေခၚလို႔ေရာက္သြားခဲ့တဲ့ Safe House ပါ ။ အဲ့ကတည္းကပထမဆုံးနဲ႔ေနာက္ဆုံး ေရာက္ခဲ့တယ္။ ျပန္ခါနီး ပရိသတ္ေတြ နဲ႔သူငယ္ခ်င္းေတြ ေတာင္းဆိုမႈနဲ႔သီခ်င္းႏွစ္ပုဒ္ေဖ်ာ္ေျဖခဲ့ရပါတယ္။ ဘာေၾကာင့္ ၂၀၁၉ တုန္းက ပုံအေဟာင္း နဲ႔ နာမည္ဖ်က္ရ သလဲေတာ့ မသိပါဘူးခင္ဗ်ာ။ အဲ့တုန္းက သူငယ္ခ်င္းေတြ ပရိသတ္ေတြ မိတ္ေဆြေတြအတြက္ အေကာင္းဆုံး တင္ဆက္ေပးခဲ့ပါတယ္ ဒါပါပဲ ” ဆိုၿပီး ျပန္ရွင္းျပထားတာ ျဖစ္ပါတယ္။ အခုလို မနာလိုသူေတြ လုပ္ႀကံေျပာဆိုေနၾကတာေတြ ရွိေနတာေၾကာင့္ သတိနဲ႔ေနထိုင္ဖို႔ ပရိသတ္ ေတြက သတိေပးစကားေတြ ေျပာထားၾကတာ ျဖစ္ပါတယ္။ အခုလို အခ်ိန္ေတြမွာ လူတိုင္းရဲ့စိတ္ေတြက အတက္အက်အရမ္းျမန္လြန္းတာေၾကာင့္ အႏုပညာရွင္ မ်ားနဲ႔ ပတ္သက္ၿပီး သတင္းအမွားေတြ မတင္ၾကဖို႔ ေတာင္းဆိုလိုက္ပါရေစေနာ္။

Photo Crd-Ye Lay’s Facebook Page