ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီများရှင် ဝါရင့်သရုပ်ဆောင်မင်းသားကြီး ရန်အောင် ကတော့ဒီနေ့မှာပြည်သူတွေအတွက် လှူဒါန်းတဲ့အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ရန်အောင်ကတော့ အမြဲတမ်းလိုလို အလှူအတန်းတွေကို ပြုလုပ်ပြီးစေတနာသဒ္ဒါ တရားထက်သန်လွန်းလှတဲ့သူတစ်ယောက်ပါ။

လတ်တလော မှာလည်း ရန်အောင်က ကပ်ဘေး ရောဂါတွေကြောင့် ပြည်သူတွေ စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့အတွက် သူတတ်နိုင်သလောက်လှူဒါန်းမှု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။အယုတ်အလတ် အမြတ်မရွေး လူမျိုးဘာသာမရွေး လိုအပ်တာတွေကို ကူညီပေးနေတဲ့ တစ်မိုးအောက် မြန်မာဆိုတဲ့ လူမှုကယ်ဆယ်ရေးအသင်းကြီးကနေ တစ်ဆင့် လိုအပ်နေတဲ့ ပြည်သူတွေအတွက် လိုအပ်တာတွေ ကူညီပေးနိုင်ဖို့အတွက် ရန်အောင်က (၁၀) သိန်းကျပ်တိတိကို လှူဒါန်းပေးခဲ့ပါတယ်။

အခုလိုလှူဒါန်းရတဲ့အကျိုးကြောင့် သရုပ်ဆောင်ရန်အောင်လည်း ကိရောက်နေတဲ့ကပ်ဘေးဆိုးကြီးတွေကနေ ကင်းလွတ်ပြီ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့အနုပညာအလုပ်တွေကိုပိုမိုလုပ်ကိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေကလည်း ရန်အောင်ရဲ့အလှူလေးသာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – တစ်မိုးအောက် မြန်မာ-One shelter Myanmar/OSM လူမှုကယ်ဆယ်ရေးအဖွဲ့

ZAWGYI



