ပိုင္တံခြန္ ကေတာ့ မိန္းကေလး ပရိသတ္အမ်ားဆုံး နာမည္ ႀကီး ေမာ္ဒယ္၊ မင္းသား တစ္ေယာက္ အျဖစ္ ရပ္တည္ေန သူပါ။ေခ်ာေမာ တဲ့ ႐ုပ္ရည္ နဲ႔ အေျပာ ခ်ိဳခ်ိဳေလး ေတြေၾကာင့္လည္း မိန္းကေလး ပရိသတ္ေတြ ရဲ့အသည္းစြဲ မင္းသားေလး ျဖစ္ခဲ့ၿပီး ျမန္မာ မိန္းကေလး ပရိသတ္ေတြရဲ့ အသည္းေက်ာ္ေလးက အခုဆိုရင္ အာရွနိုင္ငံ အခ်ိဳ႕က မိန္းကေလး ပရိသတ္ေတြ ၾကားမွာ ပါ အရမ္း ကို ေရပန္းစားေနပါၿပီ။

လတ္တေလာ လူမႈကြန္ရက္ စာမ်က္ႏွာေတြ ထက္မွာ အရမ္းကို နာမည္ႀကီး ေနသလို စကၤာ ပူက သတင္းစာမွာေတာင္ ထည့္သြင္း ေဖာ္ျပျခင္းခံရတဲ့ ပိုင္တံခြန္ အတြက္ ျမန္မာ နိုင္ငံက ပရိသတ္ေတြ အားလုံးနဲ႔ အႏုပညာ ညီအစ္ကို ေမာင္ႏွမေတြ အားလုံးက ဂုဏ္ယူ ဝမ္းေျမာက္ေနၾကတာပါ ။ ပရိသတ္ အခ်စ္ေတာ္ ေမာ္ဒယ္လ္မင္းသမီးေလး ဟန္တီ ကလည္း အမ်ားခ်စ္ခင္ အားေပးေနၾကတဲ့ မင္းသား နဲ႔ လြန္ခဲ့ေသာ ငါးႏွစ္ခန႔္က ရိုက္ထားတဲ့ ပုံေလးေတြ ေတြ႕လို႔အမွတ္တရ ဆိုတဲ့စာသားေလး နဲ႔ အတူ သူမရဲ့လူမႈကြန္ရက္ စာမ်က္ႏွာထက္မွာ ေဖာ္ျပခဲ့ပါတယ္ ။

လြန္ခဲ့တဲ့ ငါးႏွစ္က ပုံေတြ ျဖစ္လို႔ ဝါးတားတား ေလးဆိုေတာ့ ဘယ္သူေတြလဲ သိလား? လို႔ ေမးခြန္းထုတ္ ထားေပမယ့္ ပရိသတ္ေတြ ကေတာ့ ျမင္လိုက္တာနဲ႔ ပိုင္တံခြန္ ဆိုတာကို တန္းသိၾကမွာပါေနာ္ ။ ျပကၡဒိန္ ကေန ျပန္ရိုက္ ထားတဲ့ ပုံေလးေတြမို႔ ဝါးတားတားျဖစ္ေနေပမယ့္ လည္း ပရိသတ္ေတြက ခ်စ္စရာ ေကာင္းတဲ့ စုံတြဲပုံရိပ္ေလး ေတြကို အားေပးဝန္းရံ ေနၾကတာေတြ႕ရပါတယ္ ။

Source : Han Thi
Emily (Cele Gabar)

UNICODE

ပိုင်တံခွန် ကတော့ မိန်းကလေး ပရိသတ်အများဆုံး နာမည် ကြီး မော်ဒယ်၊ မင်းသား တစ်ယောက် အဖြစ် ရပ်တည်နေ သူပါ။ချောမော တဲ့ ရုပ်ရည် နဲ့ အပြော ချိုချိုလေး တွေကြောင့်လည်း မိန်းကလေး ပရိသတ်တွေ ရဲ့အသည်းစွဲ မင်းသားလေး ဖြစ်ခဲ့ပြီး မြန်မာ မိန်းကလေး ပရိသတ်တွေရဲ့ အသည်းကျော်လေးက အခုဆိုရင် အာရှနိုင်ငံ အချို့က မိန်းကလေး ပရိသတ်တွေ ကြားမှာ ပါ အရမ်း ကို ရေပန်းစားနေပါပြီ။

လတ်တလော လူမှုကွန်ရက် စာမျက်နှာတွေ ထက်မှာ အရမ်းကို နာမည်ကြီး နေသလို စင်္ကာ ပူက သတင်းစာမှာတောင် ထည့်သွင်း ဖော်ပြခြင်းခံရတဲ့ ပိုင်တံခွန် အတွက် မြန်မာ နိုင်ငံက ပရိသတ်တွေ အားလုံးနဲ့ အနုပညာ ညီအစ်ကို မောင်နှမတွေ အားလုံးက ဂုဏ်ယူ ဝမ်းမြောက်နေကြတာပါ ။ ပရိသတ် အချစ်တော် မော်ဒယ်လ်မင်းသမီးလေး ဟန်တီ ကလည်း အများချစ်ခင် အားပေးနေကြတဲ့ မင်းသား နဲ့ လွန်ခဲ့သော ငါးနှစ်ခန့်က ရိုက်ထားတဲ့ ပုံလေးတွေ တွေ့လို့အမှတ်တရ ဆိုတဲ့စာသားလေး နဲ့ အတူ သူမရဲ့လူမှုကွန်ရက် စာမျက်နှာထက်မှာ ဖော်ပြခဲ့ပါတယ် ။

လွန်ခဲ့တဲ့ ငါးနှစ်က ပုံတွေ ဖြစ်လို့ ဝါးတားတား လေးဆိုတော့ ဘယ်သူတွေလဲ သိလား? လို့ မေးခွန်းထုတ် ထားပေမယ့် ပရိသတ်တွေ ကတော့ မြင်လိုက်တာနဲ့ ပိုင်တံခွန် ဆိုတာကို တန်းသိကြမှာပါနော် ။ ပြက္ခဒိန် ကနေ ပြန်ရိုက် ထားတဲ့ ပုံလေးတွေမို့ ဝါးတားတားဖြစ်နေပေမယ့် လည်း ပရိသတ်တွေက ချစ်စရာ ကောင်းတဲ့ စုံတွဲပုံရိပ်လေး တွေကို အားပေးဝန်းရံ နေကြတာတွေ့ရပါတယ် ။

Source : Han Thi
Emily (Cele Gabar)