


Credit:CELELUCKY

UNICODE

ပရိသတ်ကြီး ရေ ညီညီမောင်(စမ်းချောင်း) ကိုတော့ အားလုံးလည်း သိကြမယ် ထင်ပါတယ်နော်။ သူ့ကို သင်္ကြန် အတက်နေ့က စစ်ကောင်စီက သင်္ကြန် ပွဲတက်ရောက်ခဲ့တဲ့ ဓာတ်ပုံ တွေကြောင့် ဒလန်လို့ သတ်မှတ် ခဲ့ကြ တာပါနော်။ ဒီပွဲကို သွားရခြင်းမှာ ဘာရည်ရွယ် ချက်မှ မရှိဘဲ ကိုယ့်ကိုကိုယ် အန္တရာယ်ကင်းအောင် သွားခဲ့တာလို့ ဝန်ခံလိုက် တာပါနော်။ ဒီပုံတွေ တက်လာတုန်း ကလည်း လွန်ခဲ့တဲ့ နှစ်နှစ် သင်္ကြန်က ပုံတွေဆိုပြီး ပြောခဲ့ပါသေးတယ်။

” ဒလံ ဒလံ လိုပြောနေ ရအောင် လျှာပေါ် မြက်ပေါက် သွားပါစေ ဘယ်တော့မှ ဒလံ မလုပ်ဘူးဆိုတာ ပြောပြပါရစေ 😔ကိုယ်ကြောင့် မည်သူ တစ်ဦး တစ်ယောက်မှ အန္တာရာယ် မကျဘူး သလို တိုင်းပြည် နဲ့ လူမျိုး ပျက်စီးအောင် လည်းတစ်ခါမှ မလုပ်ဖူးပါဘူး။ ပြည်သူ တစ်ဦးတစ်ယောက်ကို မှလည်း ဒုက္ခမပေးဘူးပါ ယနေ့ထက်တိုင် ဖေဖော်ဝါရီ တစ်ရက် နေ့ထည်း ကလည်းပြည်သူ နဲ့ အတူပါဝင်လှုပ်ရှား ခဲ့တာပါပဲ ဒီအချိန်မှာ ဖိတ်ရင် မသွားပဲ ဘယ်သူ နေရဲမလဲ လူဆိုတာ ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ တွေ မှသိကြမှာပါ။ အခုရေးနေ ပြောနေသူ တွေကိုလဲ မမုန်းပါဘူး။ချစ်ကြလို့ သူတို့ဖြစ်စေချင် သလို မတွေ့ရလို့ စိတ်ဆိုးပြီးရေးနေပြော နေကြတာပါ။ သု နေရာ ဝင်ကြည့်ရင် သူတို့သဘောပေါက်သွားမှာပါ။ ကိုယ့်အိမ်မှာ အနုပညာရှင်တွေ ကလေးတွေ ဝင်ပုန်းရင်တောင် စေတနာထား ခဲ့တာ နေဖူးသူ တွေသိပါတယ် မယုတ်မာဘူးပါဘူး။

အခုချိန်အခုအခြေနေ မှာတော့ ဘယ်သူမှ လည်းမထိခိုက်ဘူး။ ကိုယ်အတွက်လည်း အန္တာရာယ် မဖြစ်အောင်သွား ခဲ့တာပဲရှိပါတယ်။ ဘာရည်ရွယ်ချက် မှ မပါပါဘူးသု နိုင်ငံရေးလုပ် တာလည်း အမေစု ကိုချစ်လိုပါ။ ဘယ်ပါတီ အရောင်မှမပါပါဘူး။ အရာရာ စွန့်လွှတ်နိုင်တဲ့ သူမို့ လေးစားတယ် ချစ်တယ် တန်ဖိုးထားတယ် 🙏🏻🙏🏻🙏🏻လူဆိုတာ ကိုယ်ကြုံဘူးမှ ကိုယ်သိကြတာပါ။ ကိုယ်ဝမ်းနာ ကိုယ်သာ သိတာပါ နားလည်ပေးရမဲ့အစား ပုံကြီးချဲ့ပြီး လူမှုရေး တိုက်ခိုက်တာတွေတော့ စိတ်မကောင်း ဖြစ်ရပါတယ် 😔နိုင်ငံရေး နဲ့ လူမှုရေး တိုက်ခိုက်မှုခွဲခြားနိုင်ပါစေ 🙏🏻နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုအင်ဆန္ဒပြည့်ဝကြပါစေ 🙏🏻#MyanmarMakeupArtist #myanmarlgbt👸#QueenThuThu” လို့ရှင်းပြထားပါ သေးတယ်နော်။

Credit:CELELUCKY