ကိုယ့်လမ်းကိုယ်လျှောက်…တို့သမိုင်းတို့ရေး…တို့အရေးတို့လက်မှာ…အောင်ပွဲဟာ ရှေ့မှာလက်တကမ်းရဲ့ အနီး…အနိုင်စိတ်ကိုမွေးထား…လူတိုင်းညီမှ…အကုန်လုံးပါမှ…အမှောင်ထဲကလွတ်မှာပါ…ကိုယ်နဲ့ဆိုင်တဲ့ကိုယ့်အရေးပါပဲ…မမေ့လိုက်နဲ့ကွာ”ဒါကတော့မြန်မာ့နွေဦးတော်လှန်ရေးမှာတထောင့်တနေရာကပါဝင်လှုပ်ရှားနေတဲ့ လူငယ်သရုပ်ဆောင်ဒေါင်းသီဆိုတဲ့“အောင်ပွဲတေး”သီချင်းထဲက တေးသွားစာသားတွေဖြစ်ပါတယ်။အရင်က ဘောလုံးသမားဟောင်း တယောက်ဖြစ်ခဲ့ပြီးသရုပ်ဆောင်လောကထဲရောက်ရှိလာခဲ့တဲ့ ဒေါင်း ဟာပရဟိတလုပ်ငန်းတွေမှာလည်းတက်တက် ကြွကြွ ပါဝင်လေ့ရှိသူတဦးဖြစ်သလို ခုတခါမှာလည်းကျရာအခန်းကဏ္ဍကနေစစ်အာဏာရှင်

ဆန့်ကျင်ရေးတိုက်ပွဲ ဝင်နေသူဖြစ်တာမို့ အာဏာသိမ်းစစ်တပ်က ရာဇသတ်ကြီးပုဒ်မ၅၀၅(က)နဲ့အမှုဖွင့်ခံထားရသူဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ဖေဖော်ဝါရီ၁ရက်နေ့ကစတင်ကာအကြမ်းဖက်စကစ ကမတရားအာဏာသိမ်းယူခဲ့တာကိုဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့နွေဦးတော်လှန်ရေးကာလဟာ၈လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ဒီကာလတွေအတွင်းအကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့်ထိခိုက်ကျဆုံးရသူတွေ၊ဖ.မ်းဆီးထောင်ချခံရသူတွေနဲ့အတူနိုင်ငံအဝန်းတောရောမြို့ပါမကျန်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲ​တွေလည်းပြင်းထန်နေတာပါ။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့

စစ်အာဏာရှင်ဆန့်ကျင်ရေးခုခံတွာန်းလှန်စစ်စတင်ကြောင်းနဲ့မင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်အုပ်ချုပ်ရေးကိုလှည်းနေလှေအောင်းမြင်းဇော.င်းမကျန်တွ.န်းလှန်တို.က်ဖျ.က်ကြဖို့ပြီးခဲ့တဲ့စက်တင်ဘာ ၇ ရက်ကကြေညာထားခဲ့တာဖြစ်ပါတယ်။“ကိုယ့်လမ်းကိုယ်လျှောက်…တို့သမိုင်းတို့ရေး…တို့အရေးတို့လက်မှာ…အောင်ပွဲဟာရှေ့မှာလက်တကမ်းရဲ့အနီးအနိုင်စိတ်ကိုမွေးထား…လူတိုင်းညီမှ…အကုန်လုံးပါမှ…အမှောင်ထဲကလွတ်မှာပါ၊ကိုယ်နဲ့ဆိုင်တဲ့ကိုယ့်အရေးပါပဲ၊မမေ့လိုက်နဲ့ကွာ”ဆိုပြီးပဲဖြစ်​ပါတယ်​​နော်​။မြန်မာပြည်ကြီးလဲအမြန်ဆုံးငြိမ်းချမ်းပြီးဖတ်​ရှု့​ပေးကြတဲ့မြန်မာပြည်သူ/သားများအားလုံးစစ်အာဏာရှင်လက်အောက်က​နေအမြန်ဆုံးလွ.တ်မြောက်ကြပါစေလို့ဆုတောင်း​ပေးလိုက်ရပါတယ်။

Credit: sai

ZAWGYI

ကိုယ့္လမ္းကိုယ္ေလၽွာက္…တို႔သမိုင္းတို႔ေရး…တို႔အေရးတို႔လက္မွာ…ေအာင္ပြဲဟာ ေရွ႕မွာလက္တကမ္းရဲ့ အနီး…အနိုင္စိတ္ကိုေမြးထား…လူတိုင္းညီမွ…အကုန္လုံးပါမွ…အေမွာင္ထဲကလြတ္မွာပါ…ကိုယ္နဲ႔ဆိုင္တဲ့ကိုယ့္အေရးပါပဲ…မေမ့လိုက္နဲ႔ကြာ”ဒါကေတာ့ျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာတေထာင့္တေနရာကပါဝင္လႈပ္ရွားေနတဲ့ လူငယ္သ႐ုပ္ေဆာင္ေဒါင္းသီဆိုတဲ့“ေအာင္ပြဲေတး”သီခ်င္းထဲက ေတးသြားစာသားေတြျဖစ္ပါတယ္။အရင္က ေဘာလုံးသမားေဟာင္း တေယာက္ျဖစ္ခဲ့ၿပီးသ႐ုပ္ေဆာင္ေလာကထဲေရာက္ရွိလာခဲ့တဲ့ ေဒါင္း ဟာပရဟိတလုပ္ငန္းေတြမွာလည္းတက္တက္ ႂကြႂကြ ပါဝင္ေလ့ရွိသူတဦးျဖစ္သလို ခုတခါမွာလည္းက်ရာအခန္းက႑ကေနစစ္အာဏာရွင္

ဆန႔္က်င္ေရးတိုက္ပြဲ ဝင္ေနသူျဖစ္တာမို႔ အာဏာသိမ္းစစ္တပ္က ရာဇသတ္ႀကီးပုဒ္မ၅၀၅(က)နဲ႔အမႈဖြင့္ခံထားရသူျဖစ္ပါတယ္။ျမန္မာနိုင္ငံမွာၿပီးခဲ့တဲ့ေဖေဖာ္ဝါရီ၁ရက္ေန႔ကစတင္ကာအၾကမ္းဖက္စကစ ကမတရားအာဏာသိမ္းယူခဲ့တာကိုဆန႔္က်င္ဆႏၵျပခဲ့ၾကတဲ့ေႏြဦးေတာ္လွန္ေရးကာလဟာ၈လေက်ာ္ၾကာျမင့္ခဲ့ၿပီျဖစ္ပါတယ္။ဒီကာလေတြအတြင္းအၾကမ္းဖက္ၿဖိဳခြင္းမႈေတြေၾကာင့္ထိခိုက္က်ဆုံးရသူေတြ၊ဖ.မ္းဆီးေထာင္ခ်ခံရသူေတြနဲ႔အတူနိုင္ငံအဝန္းေတာေရာၿမိဳ႕ပါမက်န္ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔စစ္ေကာင္စီတပ္ေတြၾကားတိုက္ပြဲ​ေတြလည္းျပင္းထန္ေနတာပါ။အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)ကေတာ့

စစ္အာဏာရွင္ဆန႔္က်င္ေရးခုခံတြာန္းလွန္စစ္စတင္ေၾကာင္းနဲ႔မင္းေအာင္လွိုင္ဦးေဆာင္တဲ့အၾကမ္းဖက္စစ္အုပ္ခ်ဳပ္ေရးကိုလွည္းေနေလွေအာင္းျမင္းေဇာ.င္းမက်န္တြ.န္းလွန္တို.က္ဖ်.က္ၾကဖို႔ၿပီးခဲ့တဲ့စက္တင္ဘာ ၇ ရက္ကေၾကညာထားခဲ့တာျဖစ္ပါတယ္။“ကိုယ့္လမ္းကိုယ္ေလၽွာက္…တို႔သမိုင္းတို႔ေရး…တို႔အေရးတို႔လက္မွာ…ေအာင္ပြဲဟာေရွ႕မွာလက္တကမ္းရဲ့အနီးအနိုင္စိတ္ကိုေမြးထား…လူတိုင္းညီမွ…အကုန္လုံးပါမွ…အေမွာင္ထဲကလြတ္မွာပါ၊ကိုယ္နဲ႔ဆိုင္တဲ့ကိုယ့္အေရးပါပဲ၊မေမ့လိုက္နဲ႔ကြာ”ဆိုၿပီးပဲျဖစ္​ပါတယ္​​ေနာ္​။ျမန္မာျပည္ႀကီးလဲအျမန္ဆုံးၿငိမ္းခ်မ္းၿပီးဖတ္​ရႈ႔​ေပးၾကတဲ့ျမန္မာျပည္သူ/သားမ်ားအားလုံးစစ္အာဏာရွင္လက္ေအာက္က​ေနအျမန္ဆုံးလြ.တ္ေျမာက္ၾကပါေစလို႔ဆုေတာင္း​ေပးလိုက္ရပါတယ္။

Credit: sai