ပရိတ်သတ် ကြီးရေ…မော်ဒယ် သရုပ်ဆောင် မင်းသမီးချောလေး ထားထက်ထက်ဟာ ဆိုရင် မော်ဒယ် လောကမှတစ်ဆင့် သရုပ်ဆောင် ဘက်သို့ကူးပြောင်းလာခဲ့ပြီး သူ့ရဲ့ချစ်စရာ ဟန်ပန်အမူအယာလေး တွေကြောင့် ပရိတ်သတ် ရဲ့ချစ်ခင်အားပေးမှု ကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင် မင်းသမီချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ ထားထက်ထက်ဟာ ဆိုရင် ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ နဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလအစပိုင်းမှစတင်ပြီး လှုထုလှုပ်ရှားမှုမှာပါဝင်လာတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ ထားထက်ထက်ကို ပရိတ်သတ်တွေကလည်း လေးစား ဂုဏ်ယူနေကြတာပဲဖြစ်ပါတယ်။ထားထက်ထက်က လက်ရှိမှာ ဆိုရင်တော့ လူငယ်တွေရဲ့ အနာဂတ်အိမ်မက်တွေ မပျောက်ပျက်အောင် လွတ်မြောက်နယ်မြေမှာ စစ်ရေးလေ့ ကျင့်နေတာပဲဖြစ်ပါတယ်။

” ကျွန်မတို့ အားလုံးရဲ့ လွတ်လပ် မှုတွေ အခွင့်အရေး နဲ့ အရာရာ ဆုံးရှုံးကြရတာ ဒီနေ့ ဆို ရက် ၁၀၀ ပြည့်ခဲ့ပြီ။ကျွန်မ တော်လှန်ရေး နယ်မြေ တခု ကို ရောက်ခဲ့တာလဲ ၁ လနဲ့ ၁၁ ရက်ရှိခဲ့ပြီ။ ကျွန်မတို့တွေ နိုင်မှ ပြန်လာလို့ ရမယ်…ကျွန်မတို့တွေနိုင် မှ အဖမ်းခံထား ရသူတွေလွတ်မယ်…ကျွန်မတို့တွေနိုင် မှ အသက်ပေးခဲ့ရသူ တွေကျေနပ်မယ်…ကျွန်မတို့တွေနိုင် မှ မိသားစုတွေပြန်ဆုံဆည်းနိုင်မယ်…ကျွန်မနိုင်ငံရေး လုပ်တာ မဟုတ်ပါဘူး။စစ်အာဏာရှင် စနစ်ဆိုးကို တော်လှန်ရေး လုပ်တာ ကျွန်မတော်လှန်ရေး လုပ်တာဘာ ရပိုင်ခွင့် ဘာအခွင့်အရေးဘာအရောင်အစွဲမှမပါဝင်ဘူး။

ကျွန်မတို့ ဒီအာဏာရှင်စနစ်ဆိုးကို ဖြိုဖျက် နိုင်ဖို့ပဲ။မတရားအနိုင်ကျင့်တာကို လက်မခံနိုင်တာအခုချိန်မှ မဟုတ်ပါဘူး။ကျွန်မသည် အရပ်သားအစိုးရတုန်းကလည်းမတရားအနိုင်ကျင့်တာ အာဏာပါဝါနဲ့လုပ်ချင်တိုင်းလုပ် ချယ်လှယ်တာကို လက်မခံနိုင်လို့ဝန်ကြီးအဆင့်ရောက်သည် အထိ တစ်ယောက်ထဲ ရင်ဆိုင်ခဲ့တာပါ။အခုအချိန်မှာလဲ ဘယ်လိုမှ မနေနိုင်ဘူး။ဒီအတွက်ကျွန်မ ဆန္ဒပြခဲ့တယ် …ရသမျှနည်းနဲ့ ပြန်တိုက်မယ်။ကျွန်မ လုပ်နိုင်တာ ကူနိုင်တာ စွန့်လွှတ်နိုင်တာအသက်အထိပေးဆပ်ဖို့ အသင့်ပဲ။အခု ကျွန်မတို့ရဲ့ အဓိက ရည်ရွည်ချက်က တစ်ခုထဲပဲအဲ့ဒါက နှစ် ၆၀ နီးပါးလောက် အမြစ်တွယ်ခဲ့တဲ့စစ်အာဏာရှင်စနစ်ဆိုး ကျွန်မတို့ရဲ့ မျိုးဆက်မှာအဆုံးထိ ပျက်သုဉ်းဖို့ အတွက် တိုက်ပွဲဝင်ဖို့။

February 2021 မှစပြီး၁။ ကျွန်မတို့ တွေ အားလုံး ငြိမ်းချမ်းစွာ နဲ့ဆန္ဒပြခဲ့ကြတယ်။၂။ ရက်စက် စွာ ပစ်သတ်ခံခဲ့ကြရတယ်။၃။ မတရား အနိုင်ကျင့် လုယက်ပြီး လက်နက်မရှိတဲ့ပြည်သူလူထုကို စစ်မြေပြင်အလား ရက်စက်မှုတွေကို ခံရတယ်။လိုချင်ရင် တိုက်ယူ ဆိုတဲ့စကားအတိုင်း ပြန်တိုက်ယူရမယ့်အချိန် ရောက်လာခဲ့ပြီဖြစ်တယ်။ပွဲကြီး ပွဲကောင်းတခုအတွက် အချိန်ယူ လေ့လာမှု လေ့ကျင့်မှု ၊ပြင်ဆင်မှုတွေ ၊ စိတ်ရှည်သည်းခံမှုတွေတော့အများကြီးလိုအပ်တယ်။လက်နက်ပဲ ကိုင်ကိုင်ကလောင်ပဲ ကိုင်ကိုင်ကီးဘုတ်ပဲ ကိုင်ကိုင် ပိုက်ဆံပဲ ကိုင်ကိုင် သူ့နေရာနဲ့သူ တတ်နိုင်တဲ့နေရာမှာဝင်ဖြည့်မှပြီးပြည့်စုံမှာပါ။တော်လှန်ရေးအတွက်ဘယ်နေရာကပဲ ပါဝင် သည်ဖြစ်စေ အဓိက ကရင်ထဲကနေ စစ်မှန်တဲ့ နှလုံးသားနဲ့ပါဝင်နေဖို့ပဲလိုတယ်။ပိုင်ဆိုင်မှုတွေအကုန် စွန့်လွှတ်ခဲ့ပြီးတဲ့အချိန်မှာဆုံးရှုံးစရာဆိုတာ ဘာမှမရှိတော့ပါဘူး။

NUG ကနေ PDF Ready ဆိုပြီး Call ခေါ်တဲ့အချိန်မှာကျွန်မတို့တွေဘက်က အဆင်သင့်ဖြစ်နေဖို့ပါပဲ……ကျွန်မတို့အားလုံးရဲ့ အရေးတော်ပုံကြီး အောင်ရမည်။ဒီအရာကြီးပြီးဆုံးသွားတဲ့အခါကျွန်မက ကျွန်မနှစ်သက်ရူးသွပ်တဲ့ကျွန်မရဲ့အနုပညာအလုပ်ကိုကျွန်မ လုပ်နိုင်သလောက်ဆက်လုပ်ချင်တယ် ပြီးရင် ကျွန်မရဲ့ နောက်ထပ် Profession ဖြစ်တဲ့ကျွန်မချစ်ရတဲ့ ကလေးလေးတွေကိုကျွမ်းဘားပညာဆက်သင်ပေးပြီး အေးအေးဆေးဆေးပျော်ရွှင်သာယာအေးချမ်းတဲ့ ဘဝလေးတခုအမြန်ဆုံး တည်ဆောက်ပြီး နေချင်တယ်။11.5.2021(Tuesday) ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေရေးသားလာတာပဲဖြစ်ပါတယ်။

Credit…..