ဒါရိုက်တာ ကိုပေါက် ကတော့ မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် အရေးယူ ခံထားရတာ ဖြစ်ပါတယ်။ သူကတော့အခြေအနေ အရပ်ရပ်ကြောင့် မိသားစုနဲ့ ခွဲခွာပြီး ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်နေရတာ လပေါင်းများစွာကြာမြင့်နေပြီ ဖြစ်ပါတယ်။

ပရိသတ်တွေ ကလည်း လူမှုကွန်ယက်တွင် အချိန်အကြာကြီး ပျောက်ကွယ်နေတဲ့ ကိုပေါက်ရဲ့ လုံခြုံရေးအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။မကြာသေးခင် ရက်ပိုင်းလောက်က ကိုပေါက်ရဲ့ Facebook အကောင့်တွင် အချိန်အတော်ကြာ ပျောက်ကွယ်နေရတဲ့ အကြောင်းရင်းကို ရေးသားပြောပြလာခဲ့တာ ဖြစ်ပါ
တယ်။

လုံခြုံရေးအရ (၃) လလောက် ပိတ်ထားခဲ့ ရတဲ့ သူ့အကောင့်လေး ပြန်အသက်ဝင်ခွင့် ရတဲ့အတွက် ဝမ်းသာမိကြောင်းနဲ့ Facebook ပေါ်ကနေ ပျောက်နေလို့ စိုးရိမ်စိတ်ပူပေးကြတဲ့ စိတ်တူကိုယ်တူ ချစ်မိတ်ဆွေများကိုလည်း ကျေးဇူးတင်မိကြောင်း ရေးသားထားပါတယ်။ သူကိုယ်တိုင်လည်း ကိုဗစ်ရောဂါဝေဒနာကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီး ပြန်လည် ကျန်းမာလာပြီလို့ ပြောပြထားပါတယ်။

ဒီရောဂါဟာ လူ့အသက်ကိုပါ ဒုက္ခပေးတဲ့အတွက် မပေါ့ဆကြဖို့ နဲ့ အားလုံး ကျန်းမာဘေးကင်းပြီး ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျစေနိုင်ပါစေလို့ ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။ တော်လှန်ရေးခရီးတစ်ထောက်နားတိုင်း မိတ်ဆွေရင်း ညီအစ်ကိုမောင်နှမပမာ ကူညီစောင့်ရှောက်ပေးခဲ့သူများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ရေးသားထားပါတယ်။ ဒါ့အပြင် တောထဲမှာ နေထိုင်နေရတဲ့ လက်ရှိအခြေအနေကိုလည်း ပုံနှင့်တကွဝေမျှပေးထားတာဖြစ်တဲ့အတွက်
အားလုံးလည်း သိရှိစေဖို့ ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Credit…..

ZAWGYI

ဒါရိုက္တာ ကိုေပါက္ ကေတာ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရးတြင္ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန ရပ္တည္ခဲ့တဲ့အတြက္ ပုဒ္မ ၅၀၅(က) ျဖင့္ အမႈဖြင့္ အေရးယူ ခံထားရတာ ျဖစ္ပါတယ္။ သူကေတာ့အေျခအေန အရပ္ရပ္ေၾကာင့္ မိသားစုနဲ႔ ခြဲခြာၿပီး ေဘးကင္းလုံျခဳံရာသို႔ တိမ္းေရွာင္ေနရတာ လေပါင္းမ်ားစြာၾကာျမင့္ေနၿပီ ျဖစ္ပါတယ္။

ပရိသတ္ေတြ ကလည္း လူမႈကြန္ယက္တြင္ အခ်ိန္အၾကာႀကီး ေပ်ာက္ကြယ္ေနတဲ့ ကိုေပါက္ရဲ့ လုံျခဳံေရးအတြက္ စိတ္ပူေနၾကတာ ျဖစ္ပါတယ္။မၾကာေသးခင္ ရက္ပိုင္းေလာက္က ကိုေပါက္ရဲ့ Facebook အေကာင့္တြင္ အခ်ိန္အေတာ္ၾကာ ေပ်ာက္ကြယ္ေနရတဲ့ အေၾကာင္းရင္းကို ေရးသားေျပာျပလာခဲ့တာ ျဖစ္ပါတယ္။

လုံျခဳံေရးအရ (၃) လေလာက္ ပိတ္ထားခဲ့ ရတဲ့ သူ႔အေကာင့္ေလး ျပန္အသက္ဝင္ခြင့္ ရတဲ့အတြက္ ဝမ္းသာမိေၾကာင္းနဲ႔ Facebook ေပၚကေန ေပ်ာက္ေနလို႔ စိုးရိမ္စိတ္ပူေပးၾကတဲ့ စိတ္တူကိုယ္တူ ခ်စ္မိတ္ေဆြမ်ားကိုလည္း ေက်းဇူးတင္မိေၾကာင္း ေရးသားထားပါတယ္။ သူကိုယ္တိုင္လည္း ကိုဗစ္ေရာဂါေဝဒနာကို ခက္ခက္ခဲခဲ ျဖတ္သန္းခဲ့ရၿပီး ျပန္လည္ က်န္းမာလာၿပီလို႔ ေျပာျပထားပါတယ္။

ဒီေရာဂါဟာ လူ႔အသက္ကိုပါ ဒုကၡေပးတဲ့အတြက္ မေပါ့ဆၾကဖို႔ နဲ႔ အားလုံး က်န္းမာေဘးကင္းၿပီး ဆႏၵနဲ႔ဘဝ တစ္ထပ္တည္းက်ေစနိုင္ပါေစလို႔ ဆုေတာင္းေပးေနတာ ျဖစ္ပါတယ္။ ေတာ္လွန္ေရးခရီးတစ္ေထာက္နားတိုင္း မိတ္ေဆြရင္း ညီအစ္ကိုေမာင္ႏွမပမာ ကူညီေစာင့္ေရွာက္ေပးခဲ့သူမ်ားအားလုံးကိုလည္း ေက်းဇူးတင္ရွိေၾကာင္း ေရးသားထားပါတယ္။ ဒါ့အျပင္ ေတာထဲမွာ ေနထိုင္ေနရတဲ့ လက္ရွိအေျခအေနကိုလည္း ပုံႏွင့္တကြေဝမၽွေပးထားတာျဖစ္တဲ့အတြက္ အားလုံးလည္း သိရွိေစဖို႔ ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Credit…..