အိပ်မက်ဆုံရာ ပြိုင်ပွဲဝင် တစ်ယောက် အဖြစ် ပရိသတ်တွေအနေ နဲ့ အောင်ထက် ကို စတင်သိရှိ ခဲ့ရပြီး နောက်မှာတော့ ခုဆိုရင် ကိုယ်ပိုင် သီချင်းခွေ တွေနဲ့ စုံတွဲ သီချင်းတွေကို သီဆိုလာတာ ကြောင့် လူငယ်တွေ ကြားမှာ ရေပန်းစားပြီး အောင်မြင် လာခဲ့တာ ဖြစ်ပါတယ်…ပရိသတ် အချစ်တော် အောင်ထက်ဟာ ဖခင်ရဲ့ခေါ်ယူမှုကြောင့် ရန်ကုန်ဆိုတဲ့ မြို့ကြီးကို ကျောင်းတက် ဖို့ရောက်ရှိ လာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မပြေလည် ဖြစ်လာတဲ့ မိသားစု စားဝတ်နေရေးအတွက် ကျောင်းထွက်ပြီး လှိုင်သာမြို့နယ်က စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ ပြီးအဲဒီက အဆက်အသွယ်ကနေ တစ်ဆင့် အောင်မြင်လာတဲ့သူ့ဘဝရဲ့ အကြောင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားခဲ့ပါသေးတယ်။

ခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အာဏာ သိမ်းမှုဖြစ်နေတဲ့ အခြေအနေမှာ အနုပညာရှင်တော်တော် များများလည်း ပြည်သူနဲ့အတူ ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်. အဲဒီလိုရပ်တည်ခဲ့တဲ့အနုပညာရှင်တွေ ထဲမှာ အဆိုတော် အောင်ထက်တစ်ယောက်လည်း ပါဝင်တာဖြစ်ပါတယ်။ အဆိုတော်အောင်ထက် ကတော့ လူထု လှုပ်ရှားမှုကြီးပြည်သူတွေနဲ့တသားတည်းပါဝင်ခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံ ထားရလို့ထွက်ပြေးတိမ်းရှောင်နေရ တာလည်းဖြစ်ပါတယ်။ အခုချိန်မှာလွတ်မြောက်နယ်မြေမှာရောက်ရှိနေပေမယ့် ကိုဗစ် ကူးစက်ခံထားရတာလည်းဖြစ်ပါတယ်။အောင်ထက်ကတော့ ကိုဗစ်ကူးစက်ခံ ထားရတာ(၉)ရက်ရှိနေပြီး ဒီနေ့မှအနံ့စရတယ်လို့ပြောာထားပါတယ်။

ဒါအပြင်ကိုဗစ်ကူးစက်ခံ ထားရတာ မိခင် နဲ့ အပေါင်းအသင်းတွေ မသိသေးဘူးလို့ ပြောပြ ထားပါတယ်။ ကိုဗစ် ကူးစက်ခံထားရတာမို့ အားငယ် နေမှာတော့ သေချာပါတယ်နော်. အမှန်တရားကို ရရှိဖို့ အတွက် ပြည်သူတွေအတွက် တိုက်ပွဲဝင် နေရင်းနဲ့အမြန်နေကောင်းလာဖို့ ပရိသတ် နဲ့ မိတ်ဆွေတွေကလည်း အားပေးစကားပြောပေးထားကြတာပါသေးတယ်နော်… အောင်ထက်ကို ချစ်ကြတဲ့ ပရိသတ်ကြီးလည်း အားပေးစကားလေးတစ်ခုခုလောက် ရေးပေးသွားကြပါအုံးနော်..

Source: Aung Htet
Credit:Cele World

ZAWGYI

အိပ္မက္ဆုံရာ ၿပိဳင္ပြဲဝင္ တစ္ေယာက္ အျဖစ္ ပရိသတ္ေတြအေန နဲ႔ ေအာင္ထက္ ကို စတင္သိရွိ ခဲ့ရၿပီး ေနာက္မွာေတာ့ ခုဆိုရင္ ကိုယ္ပိုင္ သီခ်င္းေခြ ေတြနဲ႔ စုံတြဲ သီခ်င္းေတြကို သီဆိုလာတာ ေၾကာင့္ လူငယ္ေတြ ၾကားမွာ ေရပန္းစားၿပီး ေအာင္ျမင္ လာခဲ့တာ ျဖစ္ပါတယ္…ပရိသတ္ အခ်စ္ေတာ္ ေအာင္ထက္ဟာ ဖခင္ရဲ့ေခၚယူမႈေၾကာင့္ ရန္ကုန္ဆိုတဲ့ ၿမိဳ႕ႀကီးကို ေက်ာင္းတက္ ဖို႔ေရာက္ရွိ လာခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ မေျပလည္ ျဖစ္လာတဲ့ မိသားစု စားဝတ္ေနေရးအတြက္ ေက်ာင္းထြက္ၿပီး လွိုင္သာၿမိဳ႕နယ္က စက္႐ုံတစ္ခုမွာ အလုပ္လုပ္ခဲ့ ၿပီးအဲဒီက အဆက္အသြယ္ကေန တစ္ဆင့္ ေအာင္ျမင္လာတဲ့သူ႔ဘဝရဲ့ အေၾကာင္းကိုလည္း လူမႈကြန္ယက္စာမ်က္ႏွာမွာ တင္ထားခဲ့ပါေသးတယ္။

ခုျမန္မာနိုင္ငံမွာ ျဖစ္ေနတဲ့ အာဏာ သိမ္းမႈျဖစ္ေနတဲ့ အေျခအေနမွာ အႏုပညာရွင္ေတာ္ေတာ္ မ်ားမ်ားလည္း ျပည္သူနဲ႔အတူ ရပ္တည္ခဲ့ၾကတာ ျဖစ္ပါတယ္. အဲဒီလိုရပ္တည္ခဲ့တဲ့အႏုပညာရွင္ေတြ ထဲမွာ အဆိုေတာ္ ေအာင္ထက္တစ္ေယာက္လည္း ပါဝင္တာျဖစ္ပါတယ္။ အဆိုေတာ္ေအာင္ထက္ ကေတာ့ လူထု လႈပ္ရွားမႈႀကီးျပည္သူေတြနဲ႔တသားတည္းပါဝင္ခဲ့ၿပီး ဖမ္းဝရမ္းထုတ္ခံ ထားရလို႔ထြက္ေျပးတိမ္းေရွာင္ေနရ တာလည္းျဖစ္ပါတယ္။ အခုခ်ိန္မွာလြတ္ေျမာက္နယ္ေျမမွာေရာက္ရွိေနေပမယ့္ ကိုဗစ္ ကူးစက္ခံထားရတာလည္းျဖစ္ပါတယ္။ေအာင္ထက္ကေတာ့ ကိုဗစ္ကူးစက္ခံ ထားရတာ(၉)ရက္ရွိေနၿပီး ဒီေန႔မွအနံ့စရတယ္လို႔ေျပာာထားပါတယ္။

ဒါအျပင္ကိုဗစ္ကူးစက္ခံ ထားရတာ မိခင္ နဲ႔ အေပါင္းအသင္းေတြ မသိေသးဘူးလို႔ ေျပာၿပ ထားပါတယ္။ ကိုဗစ္ ကူးစက္ခံထားရတာမို႔ အားငယ္ ေနမွာေတာ့ ေသခ်ာပါတယ္ေနာ္. အမွန္တရားကို ရရွိဖို႔ အတြက္ ျပည္သူေတြအတြက္ တိုက္ပြဲဝင္ ေနရင္းနဲ႔အျမန္ေနေကာင္းလာဖို႔ ပရိသတ္ နဲ႔ မိတ္ေဆြေတြကလည္း အားေပးစကားေျပာေပးထားၾကတာပါေသးတယ္ေနာ္… ေအာင္ထက္ကို ခ်စ္ၾကတဲ့ ပရိသတ္ႀကီးလည္း အားေပးစကားေလးတစ္ခုခုေလာက္ ေရးေပးသြားၾကပါအုံးေနာ္..

Source: Aung Htet
Credit:Cele World