သရုပ်ဆောင် ၊ ဒါရိုက်တာ ကိုပေါက် ကတော့ ယခုချိန်မှာဆိုရင် လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး အခက်အခဲတွေကို ရင်ဆိုင်ဖြတ်ကျော်နေတာပဲ ဖြစ်ပါတယ်။ကိုပေါက်ကလည်း အခုကြုံတွေ့နေရတဲ့ တော်လှန်ရေးမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေတာဖြစ်လို့ ရဲဘော်တွေနဲ့လည်း ညီအစ်ကို လိုမျိုးပေါင်းသင်းဆက်ဆံတာဖြစ်ပါတယ်။လွတ်မြောက်နယ်မြေ မှာတော့ ကိုပေါက်က အတူတူရောက်ရှိနေကြတဲ့ သူတွေအတွက် ကိုယ်တိုင် ချက်ပြုတ်ပြီး အစားအသောက်ပိုင်းကိုတာဝန်ယူထားတာဖြစ်ပါတယ်။

ကိုပေါက် ကလည်း မိသားစု နဲ့ ခွဲခွါနေရပေမယ့် သူ့ကိုချစ်တဲ့သူတွေကို စိတ်မပူကြဖို့မှာ ကြားပြီး ပြည်သူတွေကိုပြန်လည် စိတ်ပူနေတာဖြစ်ပါတယ်။မြန်မာပြည်အစွန်အဖျားတစ်နေရာကရိုးသားဖော်ရွေတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ တွေကြောင့် နွေးထွေးပျော်ရွှင်စွာ နေထိုင်ရပါတယ်။မနေ့ကဆိုရင်လည်း ကိုပေါက်တို့အဖွဲ့က သွေးချင်းညီအစ်ကိုမောင်နှမ တွေအတွက် အဝတ်အထည်တွေကို ရက်ရက် ရောရော လှူနေကြတာဖြစ်ပါတယ်။

ကိုပေါက်ကလည်း သူတို့လှူပေးတဲ့ အဝတ်အထည်တွေ ကို တိုင်းရင်းသားတွေက အလုအယက် ယူနေကြတော့ ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ဒါ့အပြင် အဝတ်အထည်တွေ အလကားပေးနေချိန် ရိုးသားဖြူစင်တဲ့သွေးချင်းတွေ ကလည်းကိုပေါက်ကို မုန့်တွေပြန်ကျွေးနေတာ ဖြစ်ပါတယ်။ရောက်တဲ့နေရာမှာ လူတိုင်းနဲ့အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံပြီး တတ်နိုင်သလောက်ကူညီပေးရလို့ ပျော်ရွှင်နေတဲ့ ကိုပေါက် ရဲ့ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit:Aung Min Naing

ZAWGYI

သ႐ုပ္ေဆာင္ ၊ ဒါရိုက္တာ ကိုေပါက္ ကေတာ့ ယခုခ်ိန္မွာဆိုရင္ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနၿပီး အခက္အခဲေတြကို ရင္ဆိုင္ျဖတ္ေက်ာ္ေနတာပဲ ျဖစ္ပါတယ္။ကိုေပါက္ကလည္း အခုၾကဳံေတြ႕ေနရတဲ့ ေတာ္လွန္ေရးမွာ တစ္စိတ္တစ္ပိုင္း ပါဝင္ေနတာျဖစ္လို႔ ရဲေဘာ္ေတြနဲ႔လည္း ညီအစ္ကို လိုမ်ိဳးေပါင္းသင္းဆက္ဆံတာျဖစ္ပါတယ္။လြတ္ေျမာက္နယ္ေၿမ မွာေတာ့ ကိုေပါက္က အတူတူေရာက္ရွိေနၾကတဲ့ သူေတြအတြက္ ကိုယ္တိုင္ ခ်က္ျပဳတ္ၿပီး အစားအေသာက္ပိုင္းကိုတာဝန္ယူထားတာျဖစ္ပါတယ္။

ကိုေပါက္ ကလည္း မိသားစု နဲ႔ ခြဲခြါေနရေပမယ့္ သူ႔ကိုခ်စ္တဲ့သူေတြကို စိတ္မပူၾကဖို႔မွာ ၾကားၿပီး ျပည္သူေတြကိုျပန္လည္ စိတ္ပူေနတာျဖစ္ပါတယ္။ျမန္မာျပည္အစြန္အဖ်ားတစ္ေနရာကရိုးသားေဖာ္ေရြတဲ့ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမ ေတြေၾကာင့္ ေႏြးေထြးေပ်ာ္ရႊင္စြာ ေနထိုင္ရပါတယ္။မေန႔ကဆိုရင္လည္း ကိုေပါက္တို႔အဖြဲ႕က ေသြးခ်င္းညီအစ္ကိုေမာင္ႏွမ ေတြအတြက္ အဝတ္အထည္ေတြကို ရက္ရက္ ေရာေရာ လႉေနၾကတာျဖစ္ပါတယ္။

ကိုေပါက္ကလည္း သူတို႔လႉေပးတဲ့ အဝတ္အထည္ေတြ ကို တိုင္းရင္းသားေတြက အလုအယက္ ယူေနၾကေတာ့ ေပ်ာ္ရႊင္ေနတာ ျဖစ္ပါတယ္။ဒါ့အျပင္ အဝတ္အထည္ေတြ အလကားေပးေနခ်ိန္ ရိုးသားျဖဴစင္တဲ့ေသြးခ်င္းေတြ ကလည္းကိုေပါက္ကို မုန႔္ေတြျပန္ေကၽြးေနတာ ျဖစ္ပါတယ္။ေရာက္တဲ့ေနရာမွာ လူတိုင္းနဲ႔အဆင္ေျပေအာင္ ေပါင္းသင္းဆက္ဆံၿပီး တတ္နိုင္သေလာက္ကူညီေပးရလို႔ ေပ်ာ္ရႊင္ေနတဲ့ ကိုေပါက္ ရဲ့ပုံရိပ္တခ်ိဳ႕ကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Credit:Aung Min Naing