လင္းေအာင္ေခတ္ကေတာ့ ေဖေဖာ္ဝါရီ လထဲစတင္ခဲ့တဲ့ ဒီလူထုလႈပ္ရွားမႈႀကီးမွာ စိတ္ေရာကိုယ္ ေရာ အခိုင္အမာရပ္တည္ကာ အားႀကိဳးမာန္တတ္ပါဝင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပါ။တစ္ရက္မျပတ္ လမ္းမေပၚထြက္ကာ ရင္ထဲက ဆႏၵေတြကို ရဲရဲဝင့္ဝင့္ထုတ္ေဖာ္ခဲ့သလို ေရွ႕တန္းကေနလည္း ၿဖိဳခြင္းသမၽွကို ကာကြယ္ခုခံရင္း ရရာေနရာေတြကေန ပါဝင္အားျဖည့္ခဲ့တာကိုေလးစားစြာေတြ႕ျမင္ရပါတယ္။

အရင္လို ၿငိမ္းခ်မ္းစြာ ရင္ထဲကဆႏၵေတြကို ထုတ္ေဖာ္ခြင့္မရွိေတာ့ေပမယ့္လည္း ျပည္သူေတြကေတာ့ အားမေလ်ာ့ဘဲ အပစ္အခတ္ေတြ ၿဖိဳခြင္းမႈေတြၾကားကေနပဲ ယုံၾကည္ခ်က္ပန္းတိုင္ကိုေရာက္ရွိဖို႔အတြက္ ဆက္လက္လႈပ္ရွားပါဝင္ေနၾကတာပါ။ခုဆိုရင္ ျပည္သူ ေတြဟာ အသက္အိုးအိမ္ေတြပါ ဆုံးရႈံးရသည္ထိ ေနရာအႏွံအျပားမွာ ၾကဳံေတြ႕ေနရၿပီး သတင္းေတြတတ္လာတိုင္းလည္း ေသြးမေတာ္သား မစပ္ၾကေပမယ့္ အားလုံးက ယူၾကဳံးမရ ဝမ္းနည္းမ်က္ရည္က်ၾကရတာအမွန္ပါပဲ။

ဒီလို အတားအဆီးေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ကာ လႈပ္ရွားမႈျပဳရင္း ေႂကြလြင့္သြား ၾကရတဲ့ သူရဲေကာင္းေလးေတြကိုလည္း အႏုပညာရွင္မ်ားက တတ္နိုင္သေလာက္ အလႉေငြမ်ားသြားေရာက္လႉဒါန္းခဲ့ၾကတာလည္းျဖစ္ပါတယ္။အခုလည္းလင္းေအာင္ေခတ္ဟာ လွိုင္သာယာက က်ဆုံးသြားတဲ့ သူရဲေကာင္းေလးေတြဆီကို သြားေရာက္ကာ အလႉေငြမ်ားလႉဒါန္းရင္း က်န္ရစ္သူမိသားစုကို ေႏြးေထြးစြာ ႏွစ္သိမ့္ ေပးခဲ့ပါတယ္။ ပုံေလးေတြနဲ႔အတူ ” လိပ္ျပာေတြလုံခ်င္႐ုံမေဆာင္ခဲ့ပါဘူးခ်စ္ေသာ လွိုင္သာယာေရ။က်ေနာ္တို႔တတ္နိုင္သေလာက္က်ေနာ္တို႔ေဖးမၾက ရေအာင္ဗ်ာ။တကယ္ကို ခ်ိဳ႕တဲ့တာတဲ့ ပိုလြန္း တယ္ဗ်ာ။မ်က္ဝန္းေတြမွာ အားငယ္ေနတဲ့ အေရာင္ေတြအတြက္ က်ေနာ္တို႔ ဆက္ၿပီး ေဖးကူအုံးမွာပါ” ဆိုတဲ့စာေလးကို ေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပးရင္း ေႂကြလြင့္သြားတဲ့ အာဇာနည္ေလးေတြအားလုံး လည္း ေကာင္းရာသုဂတိလားပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Source & Photo Credit : Lin Aung Khit Facebook Account

unicode

လင်းအောင်ခေတ်ကတော့ ဖေဖော်ဝါရီ လထဲစတင်ခဲ့တဲ့ ဒီလူထုလှုပ်ရှားမှုကြီးမှာ စိတ်ရောကိုယ် ရော အခိုင်အမာရပ်တည်ကာ အားကြိုးမာန်တတ်ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။တစ်ရက်မပြတ် လမ်းမပေါ်ထွက်ကာ ရင်ထဲက ဆန္ဒတွေကို ရဲရဲဝင့်ဝင့်ထုတ်ဖော်ခဲ့သလို ရှေ့တန်းကနေလည်း ဖြိုခွင်းသမျှကို ကာကွယ်ခုခံရင်း ရရာနေရာတွေကနေ ပါဝင်အားဖြည့်ခဲ့တာကိုလေးစားစွာတွေ့မြင်ရပါတယ်။

အရင်လို ငြိမ်းချမ်းစွာ ရင်ထဲကဆန္ဒတွေကို ထုတ်ဖော်ခွင့်မရှိတော့ပေမယ့်လည်း ပြည်သူတွေကတော့ အားမလျော့ဘဲ အပစ်အခတ်တွေ ဖြိုခွင်းမှုတွေကြားကနေပဲ ယုံကြည်ချက်ပန်းတိုင်ကိုရောက်ရှိဖို့အတွက် ဆက်လက်လှုပ်ရှားပါဝင်နေကြတာပါ။ခုဆိုရင် ပြည်သူ တွေဟာ အသက်အိုးအိမ်တွေပါ ဆုံးရှုံးရသည်ထိ နေရာအနှံအပြားမှာ ကြုံတွေ့နေရပြီး သတင်းတွေတတ်လာတိုင်းလည်း သွေးမတော်သား မစပ်ကြပေမယ့် အားလုံးက ယူကြုံးမရ ဝမ်းနည်းမျက်ရည်ကျကြရတာအမှန်ပါပဲ။

ဒီလို အတားအဆီးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ကာ လှုပ်ရှားမှုပြုရင်း ကြွေလွင့်သွား ကြရတဲ့ သူရဲကောင်းလေးတွေကိုလည်း အနုပညာရှင်များက တတ်နိုင်သလောက် အလှူငွေများသွားရောက်လှူဒါန်းခဲ့ကြတာလည်းဖြစ်ပါတယ်။အခုလည်းလင်းအောင်ခေတ်ဟာ လှိုင်သာယာက ကျဆုံးသွားတဲ့ သူရဲကောင်းလေးတွေဆီကို သွားရောက်ကာ အလှူငွေများလှူဒါန်းရင်း ကျန်ရစ်သူမိသားစုကို နွေးထွေးစွာ နှစ်သိမ့် ပေးခဲ့ပါတယ်။ ပုံလေးတွေနဲ့အတူ ” လိပ်ပြာတွေလုံချင်ရုံမဆောင်ခဲ့ပါဘူးချစ်သော လှိုင်သာယာရေ။ကျနော်တို့တတ်နိုင်သလောက်ကျနော်တို့ဖေးမကြ ရအောင်ဗျာ။တကယ်ကို ချို့တဲ့တာတဲ့ ပိုလွန်း တယ်ဗျာ။မျက်ဝန်းတွေမှာ အားငယ်နေတဲ့ အရောင်တွေအတွက် ကျနော်တို့ ဆက်ပြီး ဖေးကူအုံးမှာပါ” ဆိုတဲ့စာလေးကို ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း ကြွေလွင့်သွားတဲ့ အာဇာနည်လေးတွေအားလုံး လည်း ကောင်းရာသုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit : Lin Aung Khit Facebook Account