အလုပ္ေတြရပ္နားၿပီး လူထု လႈပ္ရွားမႈေတြမွာ ပါဝင္လာၾကတဲ့ ျပည္သူ႔ ဝန္ထမ္းေတြကေတာ့ သူတို႔ေနထိုင္ရာ ဝန္ထမ္း အိမ္ရာေတြကိုပါ စြန္႔ခြာခဲ့ရတာပဲ ျဖစ္ပါတယ္ ။ ေျပာင္းေရႊ႕ျခင္းခံရၿပီး ေနထိုင္စရာ ေနအိမ္ေတြ လိုအပ္ေနတဲ့ ျပည္သူ႔ဝန္ထမ္းေတြက အခုဆိုရင္ ျမန္မာနိုင္ငံ အႏွံ့မွာ အမ်ားအျပားရွိလာခဲ့ၿပီ ျဖစ္ပါတယ္ ။ ေစတနာရွင္ျပည္သူေတြလည္း သူတို႔ရဲ့ဘဝကိုစာနာနားလည္ၿပီး တတ္အားသေရြ႕ ေဖးမကူညီေနၾကတာ ျဖစ္ပါတယ္ ။

အခုလည္း ျပည္သူတစ္ေယာက္က သူ႔အေနနဲ႔ ဝန္ထမ္းအိမ္ရာ တိုက္ခန္းကေန ဖယ္ေပးရေတာ့မွာျဖစ္တာေၾကာင့္ အကူအညီတစ္ခု ေတာင္းခံလာခဲ့တာ ျဖစ္ပါတယ္ ။ သူေနထိုင္ရာတိုက္ခန္းမွာ ကုန္စုံဆိုင္ အေသးေလးဖြင့္ထားတာေၾကာင့္ အခုလိုေျပာင္းေရႊ႕ ရမယ့္အခ်ိန္မွာ ပစၥည္းေတြကို အကုန္သယ္သြားဖို႔ မလြယ္ကူေၾကာင္း ေျပာျပထားတာ ျဖစ္ပါတယ္ ။ သားအမိ ႏွစ္ေယာက္သာရွိတဲ့ သူတို႔ရဲ့ဘဝကေတာ့ ဆိုင္ကိုအကုန္ ပိတ္သိမ္းရေတာ့မွာျဖစ္လို႔ ကူညီေပးမယ့္သူေတြ လိုအပ္ေနတာ ျဖစ္ပါတယ္ ။

ဒါေၾကာင့္ “သူငယ္ခ်င္းတို႔ လိုအပ္တာေလး မ်ားရွိရင္ လာဝယ္ေပးပါဦးဗ်🙏🙏🙏” ဆိုၿပီး လူမႈကြန္ ယက္စာမ်က္ႏွာကတစ္ဆင့္ အကူအညီေတာင္းခံလာခဲ့တာ ျဖစ္ပါတယ္ ။ သူတို႔ရဲ့ဘဝကို ပြင့္ပြင့္လင္းလင္း ေျပာျပလာတဲ့ ျပည္သူ႔ဝန္ထမ္း မိသားစုဝင္ တစ္ဦးကေတာ့ ေျပာင္းေရႊ႕မယ့္ေနရာမွာ ႂကြက္၊ပုရြက္ဆိတ္၊ျခေပါလို႔ ေစ်းလည္းမေရာင္းနိုင္ေတာ့တာ ျဖစ္ပါတယ္ ။ ဝန္ထမ္းတိုက္ခန္း ကေန ဖယ္ေပးရေတာ့မွာျဖစ္တာေၾကာင့္ သူတို႔ဖြင့္ထား တဲ့ကုန္စုံဆိုင္ေလးမွာ ေစ်းလာဝယ္ေပးဖို႔ ေမတၱာရပ္ခံလာတဲ့ ျပည္သူတစ္ေယာက္ရဲ့အေၾကာင္းကို ေဖာ္ျပေပးလိုက္တာပဲ ျဖစ္ပါတယ္ ။

Source & Photo Credit-Original Uploader

unicode

အလုပ်တွေရပ်နားပြီး လူထု လှုပ်ရှားမှုတွေမှာ ပါဝင်လာကြတဲ့ ပြည်သူ့ ဝန်ထမ်းတွေကတော့ သူတို့နေထိုင်ရာ ဝန်ထမ်း အိမ်ရာတွေကိုပါ စွန့်ခွာခဲ့ရတာပဲ ဖြစ်ပါတယ် ။ ပြောင်းရွှေ့ခြင်းခံရပြီး နေထိုင်စရာ နေအိမ်တွေ လိုအပ်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေက အခုဆိုရင် မြန်မာနိုင်ငံ အနှံ့မှာ အများအပြားရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ စေတနာရှင်ပြည်သူတွေလည်း သူတို့ရဲ့ဘဝကိုစာနာနားလည်ပြီး တတ်အားသရွေ့ ဖေးမကူညီနေကြတာ ဖြစ်ပါတယ် ။

အခုလည်း ပြည်သူတစ်ယောက်က သူ့အနေနဲ့ ဝန်ထမ်းအိမ်ရာ တိုက်ခန်းကနေ ဖယ်ပေးရတော့မှာဖြစ်တာကြောင့် အကူအညီတစ်ခု တောင်းခံလာခဲ့တာ ဖြစ်ပါတယ် ။ သူနေထိုင်ရာတိုက်ခန်းမှာ ကုန်စုံဆိုင် အသေးလေးဖွင့်ထားတာကြောင့် အခုလိုပြောင်းရွှေ့ ရမယ့်အချိန်မှာ ပစ္စည်းတွေကို အကုန်သယ်သွားဖို့ မလွယ်ကူကြောင်း ပြောပြထားတာ ဖြစ်ပါတယ် ။ သားအမိ နှစ်ယောက်သာရှိတဲ့ သူတို့ရဲ့ဘဝကတော့ ဆိုင်ကိုအကုန် ပိတ်သိမ်းရတော့မှာဖြစ်လို့ ကူညီပေးမယ့်သူတွေ လိုအပ်နေတာ ဖြစ်ပါတယ် ။

ဒါကြောင့် “သူငယ်ချင်းတို့ လိုအပ်တာလေး များရှိရင် လာဝယ်ပေးပါဦးဗျ🙏🙏🙏” ဆိုပြီး လူမှုကွန် ယက်စာမျက်နှာကတစ်ဆင့် အကူအညီတောင်းခံလာခဲ့တာ ဖြစ်ပါတယ် ။ သူတို့ရဲ့ဘဝကို ပွင့်ပွင့်လင်းလင်း ပြောပြလာတဲ့ ပြည်သူ့ဝန်ထမ်း မိသားစုဝင် တစ်ဦးကတော့ ပြောင်းရွှေ့မယ့်နေရာမှာ ကြွက်၊ပုရွက်ဆိတ်၊ခြပေါလို့ စျေးလည်းမရောင်းနိုင်တော့တာ ဖြစ်ပါတယ် ။ ဝန်ထမ်းတိုက်ခန်း ကနေ ဖယ်ပေးရတော့မှာဖြစ်တာကြောင့် သူတို့ဖွင့်ထား တဲ့ကုန်စုံဆိုင်လေးမှာ စျေးလာဝယ်ပေးဖို့ မေတ္တာရပ်ခံလာတဲ့ ပြည်သူတစ်ယောက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader