


Source: Ei Chaw Po’s fb

UNICODE

စူစူလို့ ပရိသတ်တွေ ချစ်စနိုး နဲ့ ခေါ်ကြတဲ့ မင်းသမီးလေး အိချောပို ကတော့ ရုပ်ရည် မှာရော၊ သရုပ်ဆောင်ပိုင်း မှာပါ ထူးချွန်သူလေး တစ်ယောက် ဖြစ်ပါတယ်။ အနုပညာ သက်တမ်း (၉) နှစ်ကျော် တိုင်ရှိလာခဲ့ပြီ ဖြစ်တဲ့ အိချောပိုက တစ်နေ့ ထက် တစ်နေ့ အောင်မြင်မှုတွေ ရရှိလာပြီး ပရိသတ်တွေ ရဲ့ အားပေးမှု ကို အများအပြားရရှိလာခဲ့သလို နာမည်ကြီး ရုပ်ရှင်ဇာတ်ကား တော်တော်များများ မှာ လည်း ခေါင်းဆောင်မင်းသမီး အဖြစ် နေရာယူထား နိုင်တာ တွေ့ရပါတယ်။ သရုပ်ဆောင်ကောင်းပေမယ့် အကယ်ဒမီဆုကြီး နဲ့ အကြိမ်ကြိမ် လွဲချော်နေတဲ့ အိချောပို က ပရိသတ် တွေပေးတဲ့ ချစ်ခြင်းမေတ္တာ တွေကိုတော့ အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။

ပရိသတ်တွေ ရဲ့ အားပေးမှုကို ရရှိထားတဲ့ အိချောပို က သူမကိုယ်တိုင် လည်း ထမင်းရှင် ကျေးဇူးရှင်ပရိသတ်တွေ ကို မိသားစုသဖွယ် သဘောထားသူလေး ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း အိချောပိုက သူမကို အမာခံအားပေးတဲ့ ပရိသတ် ရဲ့ ဝမ်းနည်းစရာ နာရေးသတင်းကြောင့် “ကိုယ့်အမာခံ ပရိတ်သတ်ဆိုတာ ကိုယ့်မိသားစုလိုပါပဲ။ ဘာစကား မှပြောမထွက် နိုင်တော့လို့ မမဇာရေ..ကောင်းရာမွန်ရာ ရောက်ပါစေ 🙏😥” ဆိုပြီး သူမအပေါ် အရမ်းချစ်ပြီး အားပေးတဲ့ ပရိသတ်အစ်မအတွက် ထပ်တူ ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။

အိချောပိုကတော့ သူမ ကို အားပေး ခဲ့တဲ့ အမာခံ ပရိသတ်ကို ဆုံးရှုံးလိုက် ရတာ မိသားစုဝင် တစ်ဦး ဆုံးရှုံး လိုက်ရသလို ခံစား နေရတာပဲ ဖြစ်ပါတယ်။ ကွယ်လွန်သူ အစ်မလည်း ကောင်းရာမွန် ရာ ဘုံဘဝကို ရောက်ရှိပါ စေလို့ ညှိုးငယ်စွာနဲ့ ဆုတောင်းပေး လိုက်ပါတယ် နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး လည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Ei Chaw Po’s fb
Bilie – Cele Connections