unicode
ပရိသတ်ကြီး ရေ လူငယ် ပရိသတ် တွေ အားကျချစ်ခင် ရတဲ့ အနုပညာ ရှင် စုံတွဲတွေထဲမှာ သရုပ် ဆောင် ဘေဘီမောင် နဲ့ အဆိုတော် သားဂန်း တို့ကလည်း အပါအဝင်ပါ။ဘေဘီ နဲ့ သားဂန်း တို့က မ နဲ့ မောင် စုံတွဲလေး ဖြစ်ပြီး နှစ်ယောက်အတူ နားလည်မှု ရှိပြီး သစ္စာရှိရှိ နဲ့ ချစ်ခင် လက်တွဲလာကြ တာဟာဆိုရင် Relationship သက်တမ်း အတော်ကြာ ပြီလည်း ဖြစ်ပါတယ်။
အနုပညာအလုပ် တွေမှာလည်း အတူတွဲဖက်လုပ် ကိုင်ရင်း ဘယ်သွားသွား အမြဲအတူ သွားလေ့ရှိတဲ့ သူတို့စုံတွဲလေး ကတော့ တကယ်ကို လိုက်ဖက်တာပါ။ စီးပွားရေး တွေမှာလည်း ကြိုးစား လုပ်ကိုင်ရင်း ဘဝတိုးတက်ဖို့အတွက် ကြိုးစား နေကြတဲ့ ဘေဘီ နဲ့ သားဂန်း တို့က အလှူအတန်း တွေဆိုလည်း လက်မနှေးတာကို တွေ့ရပါတယ်။ ယခုတစ်ခါ မှာလည်း ကားမီး ပွိုင့်မှာ တွေ့တဲ့ စျေးသည် အဖိုးအို ကို ငွေကြေး အနည်းငယ် နဲ့ အလှူပြု လိုက်တာပါ။
မထင်မှတ်ပဲ ကြည်နူးစရာ ကောင်းစွာ အလှူလေးဖြစ်မြောက် သွားတဲ့အတွက် ဘေဘီက သူမ ရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာ ထက်မှာ ” သက်ကြီးရွှယ်အိုအဖိုးဖွား တွေ့ရင် ဒါနပြုချင် တဲ့ကျမ မီးပ္ပိုင့် မီးတုန်းလျှပ်တစ်ပျက် ဒါနကုသိုလ် လေး ဖိုးဖိုး ကျန်းမာပါစေ ” ဆိုတဲ့ စာသားလေး နဲ့ အတူ ဗီဒီယိုလေး ကို တင်ပေးလာ ခဲ့တာပါ။ ပရိသတ်တွေ လည်း အဆိုပါ ဗီဒီယိုလေးကို ကြည့်ပြီး ကြည်နူး ပီတိ ဖြစ်စေမှာ အသေအချာ ပဲဖြစ်လို့ ပြန်လည် တင်ဆက်ပေး လိုက်ပါတယ်…… ။
သတင်းအရင်းမြစ်: Source – Baby Maung’s Facebook Account