



UNICODE

ပရိသတ်ကြီး ရေ….ကလေး သရုပ်ဆောင် ဘဝတည်းက အနုပညာလောက ထဲစတင်ဝင် ရောက်လာခဲ့ပြီး ပရိသတ် အားပေး လက်ခံတဲ့ မင်းသမီးချောလေး ဝါဆိုမိုးဦးကို သိကြမယ် ထင်ပါတယ်နော်။ သူမဟာ ကျစ်လျစ် လှပပြီး ပြည့်တင်း လှပတဲ့ခန္ဓာကိုယ် လေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ပုရိသတွေ သာမကမိန်းကလေးချင်းပါကြွေရတဲ့ မင်းသမီး ချောလေးဖြစ်ပါတယ်။ ဝါဆိုမိုးဦး ဟာ အနုပညာ လှုပ်ရှားမှုတွေကို လည်း ဖြည်းဖြည်း မှန်မှန်လုပ်ဆောင် နေတာဖြစ်ပြီး သီချင်းလေးတွေကို သီဆိုတတ် ပါသေးတယ်နော်။

ဝါဆိုမိုးဦး ဟာ Snare အဖွဲ့ဝင်အဆိုတော် ဖြိုးလေး နဲ့ လည်း ပရိတ်သတ်တွေ အားကျ ချစ်ခင်ရတဲ့ relationship ကိုတည်ထောင် ထားတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှု ရှိရှိ နဲ့ လက်တွဲ နေကြတာဖြစ်ပါတယ်။ ဝါဆိုဟာ အနုပညာအလုပ် တွေကိုလည်း ဆက်တိုက် ဆိုသလိုကြိုးစား လုပ်ကိုင်နေတာ Live sales ရောင်းချမှု တွေနဲ့ photo shootingတွေကိုလည်း လုပ်ကိုင် နေတာတွေ့ရပါတယ်နော်။

အခုဆိုရင် လည်း ဝါဆို ဟာတော်ဝင် စိန်တိုက် အတွက် ‌ကြော်ငြာရိုက်ကူးမှု တွေပြုလုပ်နေတာ ဖြစ်ပြီး တန်ဖိုးကြီး စိန်ထည်ရတနာတွေ အပြည့် ဝတ်ဆင်ကာ လှပ ကျော့ရှင်းနေ တဲ့ပုံလေးတွေ ကို သူမရဲ့ Facebook စာမျက်နှာမှာ “မင်းအတွက် ထာဝရကိုယ်ပါ ကိုယ့်အတွက် သာ မင်း ဖြစ်မလား❤️❤️❤️…” ဆိုပြီး caption လေးရေးသား ကာ တင်ပေးလာ ခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေ အတွက် ပြန်လည်မျှ ဝေပေးလိုက် ပါတယ်နော်။

သတင်းအရင်းမြစ်: Warso Moe Oo’s Facebook acc