



UNICODE

ကမ္ဘာ့နိုင်ငံများ က မင်းသားတွေ နဲ့ တောင် ယှဉ်ပြီး မြန်မာနိုင်ငံ ရဲ့ ဂုဏ်ကို ဆောင်နိုင်သူ ကတော့ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေရဲ့ အချစ်တွေ များစွာ ကို ရရှိပိုင်ဆိုင်ထား သူတစ်ဦးပဲ ဖြစ်ပြီး အနုပညာအလုပ် တွေကို အမြဲကြိုး စားလုပ်ကိုင်နေတာ လည်း ဖြစ်ပါတယ်။ မိဘတွေ အပေါ်မှာ လည်း သိတတ် လိမ္မာတဲ့ သားလိမ္မာလေး လည်း ဖြစ်တာကြောင့် ဘာအလုပ်ပဲ လုပ်လုပ် အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။

ပိုင်တံခွန် ဟာ ရရှိတဲ့ အနုပညာကြေး တွေကိုလည်း အမြဲလှူဒါန်းလေ့ ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကုသိုလ် ရေးတွေမှာလည်း လက်မနှေးသူ ဖြစ်တာကြောင့် လည်း တစ်နိုင်ငံလုံး က ပရိသတ်တွေက လေးစား သဘောကျနေ ကြတာလည်း ဖြစ်ပါတယ်။ ပိုင်တံခွန် ဟာ အခုလက်ရှိမှာ လည်း သာသနာ့ဘောင်သို့ ခေတ္တ ဝင်ရောက် နေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်း လောက်ကလည်း သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ သစ်တံခါးဆရာတော်ရဲ့မေတ္တာဓာတ်ကိုခံယူကာသာသနာ့ဘောင်တွင်ငြိမ်းအေးစွာတရားအားထုတ်နေတဲ့ ပိုင်တံခွန်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူကလည်း ” ကမ္ဘာပေါ်မှာရှိကြကုန်သော အနန္တသတ္တဝါ အားလုံးကျန်းမာချမ်းသာကြပါစေ။ ဘုန်းဘုန်း စန္ဒကုမာရ မြဝတီ မြို့ ချမ်းမြေ့ရိပ်မြုံ အဓိဌာန်အောင် တောင်တော်မြတ် တောရကျောင်း မှာ သီတင်းသုံးခဲ့တာ ဒီနေ့ ၉ရက် မြောက်ခဲ့ပြီ ” ဆိုပြီး ရေးသား ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယို ဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Paing Takhon’s and Oak Soe Khant’s Facebook Account