ပရိတ်သတ်ကြီးရေ …မော်ဒယ်သရုပ်ဆောင် မင်းသမီး ချောလေး ထားထက်ထက် ဟာဆိုရင် ပရိတ်သတ် ရဲ့ချစ်ခင် အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ အနုပညာရှင်မင်းသမီချောလေးတစ်ယောက်ပဲဖြစ်ပါတယ်နော်။ထားထက်ထက်ဟာ ဆိုရင် ယခု လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ တွေ နဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ အစပိုင်းမှ စတင်ပြီး လှုထုလှုပ်ရှားမှုမှာပါဝင်လာတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။အခုလို ပါဝင်ခဲ့တဲ့အတွက်လည်း ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူခံ ထားရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းရာ သို့တိမ်းရှောင်ရင်း ပြည်သူတွေ ရဲ့ အန္တရာယ်တွေကို ရှေ့ဆုံးကနေ ကာကွယ်ရန် တတ်နိုင်သလောက် ကြိုးစားနေသူဖြစ်ပါတယ်။

လက်ရှိမှာတော့ လွတ်မြောက်နယ်မြေ တစ်နေရာ တွင် တော်လှန်ရေး အတွက် စစ်သင်တန်း တက်ရောက် သင်ကြားနေတာ ဖြစ်ပါတယ်။ သူမရောက်ရှိနေသော နေရာတွင် စားနပ်ရိက္ခာလိုအပ်မှုများရှိနေတာကြောင့် တတ်နိုင် သမျှပါဝင်လှူဒါန်း ပေးကြဖို့ကို လည်း အမြဲတိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။အခုရက်ပိုင်းတွေမှာထားထက်ထက်ဟာ နိုင်ခြားက အင်တာဗျူးတစ်ခု ကိုဖြေဆိုခဲ့ပြီး၊ထိုအင်တင်ဗျူးနဲ့ ပတ်သတ်ပြီး မလိုလားသူတွေက မဟုတ်မမှန်ရေးသားပြောဆိုနေကြတာကိုတွေ့လာရပါတယ်။ ထိုသိုရေးသားခဲ့ အကြောင်းအရာအပေါ်မှာ ထားထက်ထက် ဟာပြန်လည်ဖြေရှင်းခဲ့ဖြစ်ပါတယ်နော်။

ထားထက်ထက်က”ကျွန်မ ထားထက်ထက် ရုပ်ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာပါ လုံခြုံစွာ ရှိနေပါတယ်။ ကျွန်မရဲ့ သတင်းတခုခု တက်လာတဲ့အခါတိုင်း တဖက်က ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းအမှားဖြန့်ပြီး ကျွန်မရဲ့ သိက္ခာ နဲ့ အများရဲ့ သိက္ခာကို တိုက်ခိုက် နေကြတာ မြင်တွေ့ရပါတယ်။ကျွန်မရဲ့ နိုင်ငံတကာက အင်တာဗျူးထဲမှ ပုံအချို့ကို SS ရိုက် ၊ English လို video နဲ့ ဖြေထားတာကို နားမလည် ကိုယ်နဲ့ ခိုင်းနှိုင်းပြီး ရိုင်းစိုင်းစွာ သတင်းပုံဖျက်တိုက်ခိုက်မှုတွေကို ဒီရက်ပိုင်းတွေမှာ တော်တော်များများ တွေ့လာရတဲ့ အခါ စိတ်ဓါတ်အလွန်ယုတ်ညံ့ တဲ့ လူတွေနဲ့ ကျွန်မ တို့တွေ ရင်ဆိုင်နေရပါလားလို့ ပိုပြီး သတိထားမိပါတယ်ရှင်။တိုင်းရင်းသားတွေရဲ့ ရိုးဖြောင့်မှု သစ္စာရှိမှု မိသားစု စိတ်ရှိမှုတွေကို ပုံဖျက်ဖို့ ကြိုးစားနေတာကို ရပ်တန့်ဖို့ သင့်ပြီလို့ ထင်ပါတယ်။

ကျွန်မ ဒီဒေသမှာ နေထိုင်လာခဲ့တာ လအတော်ကြာလာတဲ့ အချိန်အထိ စော်ကားခံ ရဖို့ မဆိုထားနဲ့ ထိကပါး ရိကပါး ပြောဆိုခံရမှုတောင် မရှိပါဘူး။ တချို့ဆို ကျွန်မအကိုကြီး အရွယ် တချို့ဆို ကျွန်မရဲ့မောင်ငယ်တွေ အရွယ်တွေပါ သူတို့အားလုံးရဲ့ ဖြူစင်တဲ့ မေတ္တာစစ်စစ်ကို ခံစားရပါတယ်ရှင်။ သူတို့မှာ တင်းကျပ်တဲ့ စစ်စည်းကမ်းတွေ ရှိတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။သူတို့မှာ သူတို့ရဲ့ အမျိုးဂုဏ် ကို ထိန်းသိမ်း နေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ လူယောက်ျားတယောက်ရဲ့ ကိုယ်ကျင့် သိက္ခာကို ထိန်းသိမ် းကြတာလဲ ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ တဖက်က ကိုယ့်စိတ် နဲ့နှိုင်းပြီး သတင်းမှား ဖော်ပြနေကြတဲ့ လူတွေပြောသလို မဟုတ်ကြတာတော့ အမှန်ပါပဲရှင်။ကျွန်မသည် အမှန်တရား အပေါ် မြတ်နိုးမှု ရှိလို့ ကျွန်မ ယုံကြည်မှုနဲ့ တော်လှန်ရေးလမ်း ကို လျှောက်ခဲ့ပါတယ်။

ယနေ့အထိ ကျွန်မအပေါ် စခန်းမှ တိုင်းရင်းသား ရဲဘော်ရဲဘက် များသည် နှုတ်အားဖြင့် တောင် အိန္ဒြေ ပျက်အောင် စ နောက်ခဲ့ခြင်းများ မရှိခဲ့သည်ကို တောစောင့်နတ် ၊ တောင်စောင့်နတ်များ သက်သေထား၍ ကျွန်မ သစ္စာ ဆိုပါတယ်ရှင် .. 🙏🙏🙏ကျွန်မနှင့် တိုင်းရင်းသား ရဲဘော် ရဲဘက်များ၏ ဖြူစင်သော ညီအကို မောင်နှမ စိတ် သစ္စာမှန်ကန်ပါက ဤတော ဤတောင် ဤရေမြေတွင် ကျွန်မတို့အား စွပ်စွဲ သိက္ခာချသူ အပေါင်းတို့ စစ်ရှုံးပါစေသား … တောစောင့် တောင်စောင့်နတ် အပေါင်းတို့ ၏ ပြစ်ဒါဏ်ခတ်မှုကြောင့် ဤမြေ ဤရေ ဤတောတောင်တို့တွင် မမှန်မကန် စွပ်စွဲ သိက္ခာချခဲ့သည့် တပ်ဖွဲ့ဝင်များအားလုံး ဘေးဆိုး အမျိုးမျိုး သင့်ပါစေသား … 🙏🙏🙏ထားထက်ထက်June 5 2021″ ဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်..။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်ဒစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်.။

Source ; Htar Htet Htet Facebook Acc

Credit ; Celebrity Platforms