ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ကိုကျော်စိုးဟာ အနုပညာ အလုပ်တွေကို အချိန်အတော်ကြာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဇာတ်ကားတွေများစွာမှာလည်း ကျရာ ဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ July လ (29)ရက်နေ့ မနေ့ကတော့ သရုပ် ဆောင်ကိုကျော်စိုးတစ်ယောက် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအမှား တွေ လူမှုကွန်ယက်ထက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

သရုပ်ဆောင် ကိုကျော်စိုးဟာ ကျန်းမာရေးမကောင်း ဖြစ်နေတာကြာပြီဖြစ်ပြီး ပြီးခဲ့တဲ့ လတုန်းကလည်း အရေးပေါ် ဆေးရုံတင်လိုက်ရသေးတာပဲ ဖြစ်ပါတယ်။ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်ကြတဲ့ သရုပ်ဆောင်ဝေလု နဲ့ ကျော်ကြီးတို့ကတော့ ဆုံးသွားပြီလို့ သတင်းအမှားတွေထွက်ပေါ်နေတဲ့ သရုပ် ဆောင်ကျော်စိုးရဲ့ ကျန်းမာရေးအခြေအနေကို အမှန်အတိုင်း သိရအောင် နေအိမ်အထိ သွားပြီး ကိုယ်တိုင်သွားတွေ့ခဲ့ကြပါတယ်။နေအိ မ်သို့ရောက်သို့အခါ ကျန်းကျန်းမာမာရှိနေတဲ့ သရုပ်ဆောင်ကိုကျော်စိုးကို မြင်တွေ့ခဲ့ရသလို အလှူငွေတွေ ကိုလည်း ပေးအပ် လှူဒါန်းခဲ့ကြပါ တယ်။ ယခုမှာတော့ သရုပ်ဆောင်ကျော်ကြီးက ကိုကျော်စိုးရဲ့ ကျန်းမာရေးအခြေအနေတွေကို စိတ်ပူနေကြတဲ့

ပရိသတ်တွေသိရှိအောင် အမှန်အတိုင်း ပြောပြလာခဲ့ပါတယ်။ကိုကျော်စိုးနေအိမ်က အခုပဲပြန်လာတာ ဖြစ်ကြောင်း၊RIPလုပ်ချင်လည်း မိသားစုထံ သေချာစုံစမ်းကြဖို့ လိုပြီး ကာယကံရှင်ကို အားနာဖို့လို ကြောင်း၊ အကိုသုံးတဲ့ ဆက်တင်ပစ္စည်းတွေ အမွေပေးလိုက်ပါတော့ ဆိုပြီး စနောက်တာကို အပြောခံလိုက်ရကြောင်း၊ ကိုကျော်စိုး အတွက် ပြည်သူတစ်ဦး လှူဒါန်းထားတဲ့ အလှူငွေတွေကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သရုပ်ဆောင်ကျော်ကြီးက လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ကျန်းကျန်းမာမာရှိနေတဲ့ သရုပ်ဆောင်ကျော်စိုးကို အလှူငွေတွေ လှူဒါန်းပေးခဲ့တဲ့ဇာတ်ပို့သရုပ်ဆောင်နှစ်ဦးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Kyaw Gyi ‘ s Facebook Acc
Credit…..

ZAWGYI




Credit…..