ျပည္သူ႔ အခ်စ္ေတာ္ ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ ဒိန္းေဒါင္ ကေတာ့ အႏုပညာနယ္ပယ္မွာ အေကာင္းဆုံးႀကိဳးစားအားထုတ္မႈေတြေၾကာင့္ ေနရာတစ္ေနရာကို အခိုင္အမာ ရပ္တည္ထားနိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒိန္းေဒါင္ကေတာ့ လက္ရွိ ကိုဗစ္ကာလေလးမွာ အႏုပညာအလုပ္ ေတြထက္ ဟာသလူရႊင္ေတာ္ညီအစ္ကိုေတြ ဖြဲ႕စည္းထားတဲ့ “ခၽြန္တြန္း” လူမႈေရး ပရဟိတအသင္းမွာ ေန႔မနားညမနား ဦးေဆာင္ၿပီး လုပ္ကိုင္ေပးေနတာ ေတြ႕ရပါတယ္။

သူတို႔ရဲ့ အသင္းေလ;ကေတာ့ ျပည္တြင္းျပည္ပမွ လႉဒါန္းခ်င္ ၾကတဲ့ အလႉရွင္ ေတြကိုယ္စား စားဝတ္ေနေရး အခက္အခဲ ျဖစ္ေနတဲ့ သူေတြကို လိုအပ္တာေလးေတြ ကာယဒါနအေနနဲ႔ လႉဒါန္းေပးေနတဲ့ အသင္းေလးပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ သူတို႔ အသင္းရဲ့ လႉဒါန္းမႈေတြကိုလည္း မၾကာခဏ ဆိုသလို ပရိသတ္ေတြၾကည္ႏူးေစ ေအာင္ေဖာ္ျပေပးပါတယ္။ ယခုတစ္ခါမွာလည္း ဒိန္းေဒါင္ က ၾကည့္မိ သူတိုင္ မ်က္ရည္က်မတက္ ၾကည္ႏူးေစေလာက္မယ့္ ဗီဒီယိုေလးကို တင္ေပးလာခဲ့ပါတယ္။

ဒီဗီဒီယိုေလးကေတာ့ အလႉရွင္ ရဲ့ ကိုယ္စား မသန္စြမ္းျဖစ္ေနတဲ့ မိန္းကေလး တစ္ေယာက္ကို ဖုန္းလက္ေဆာင္ေပး လႉဒါန္းေပးခဲ့တာ ျဖစ္ပါတယ္။ ဒီဗီဒီယိုေလးနဲ႔လည္း ဒိန္းေဒါင္ က ” ေအးၿငိမ္းသူ(ခ)ျဖဴျဖဴေက်ာ္သိန္း ဖုန္းရလို႔ေပ်ာ္ေန” ဆိုၿပီး ေရးသားထားပါတယ္။ ပရိသတ္ ေတြလည္း ဒိန္းေဒါင္ ရဲ့ ၾကည္ႏူးစရာေကာင္းတဲ့ ဗီဒီယိုေလးကို သေဘာက် မယ္လို႔ေမၽွာ္လင့္မိပါတယ္။

သတင္းအရင္းျမစ္: VideoCredit & Source – Dain Daung fb account

unicode

ပြည်သူ့ အချစ်တော် ဟာသသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင် ကတော့ အနုပညာနယ်ပယ်မှာ အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့် နေရာတစ်နေရာကို အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒိန်းဒေါင်ကတော့ လက်ရှိ ကိုဗစ်ကာလလေးမှာ အနုပညာအလုပ် တွေထက် ဟာသလူရွှင်တော်ညီအစ်ကိုတွေ ဖွဲ့စည်းထားတဲ့ “ချွန်တွန်း” လူမှုရေး ပရဟိတအသင်းမှာ နေ့မနားညမနား ဦးဆောင်ပြီး လုပ်ကိုင်ပေးနေတာ တွေ့ရပါတယ်။

သူတို့ရဲ့ အသင်းလေ;ကတော့ ပြည်တွင်းပြည်ပမှ လှူဒါန်းချင် ကြတဲ့ အလှူရှင် တွေကိုယ်စား စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ သူတွေကို လိုအပ်တာလေးတွေ ကာယဒါနအနေနဲ့ လှူဒါန်းပေးနေတဲ့ အသင်းလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ အသင်းရဲ့ လှူဒါန်းမှုတွေကိုလည်း မကြာခဏ ဆိုသလို ပရိသတ်တွေကြည်နူးစေ အောင်ဖော်ပြပေးပါတယ်။ ယခုတစ်ခါမှာလည်း ဒိန်းဒေါင် က ကြည့်မိ သူတိုင် မျက်ရည်ကျမတက် ကြည်နူးစေလောက်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေးကတော့ အလှူရှင် ရဲ့ ကိုယ်စား မသန်စွမ်းဖြစ်နေတဲ့ မိန်းကလေး တစ်ယောက်ကို ဖုန်းလက်ဆောင်ပေး လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ဒိန်းဒေါင် က ” အေးငြိမ်းသူ(ခ)ဖြူဖြူကျော်သိန်း ဖုန်းရလို့ပျော်နေ” ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ် တွေလည်း ဒိန်းဒေါင် ရဲ့ ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုလေးကို သဘောကျ မယ်လို့မျှော်လင့်မိပါတယ်။

သတင်းအရင်းမြစ်: VideoCredit & Source – Dain Daung fb account