unicode
ပရိတ်သတ်ကြီးရေ…ဂီတလောကမှာအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေး မှုတွေကို အပြည့်အဝရရှိထားတဲ့ အဆိုတော်တစ်ဦးကတော့ ချမ်းချမ်းပဲဖြစ်ပါတယ်နော်..။ချမ်းချမ်းဟာ ဆိုရင် ထူးခြားတဲ့အသံပိုင်ရှင်တစ်ယောက်ဖြစ်တဲ့အပြင် အချစ်သီချင်းကောင်းကောင်းလေးတွေကိုလည်း ပရိတ်သတ်ရင်ထဲထိထိုးဖောက်နိုင် အောင်သီဆိုနိုင်တဲ့ တေးသံရှင် တစ်ယောက်ပဲဖြစ်ပါတယ်။
ချမ်းချမ်းဟာဆိုရင် စိတ်ထားဖြူစင် ပြီး ပွင့်လင်းရိုးသားတဲ့သူမရဲ့ အပြုအမူ ဟန်ပန်အမူအရာလေးတွေကြောင့် ပရိတ်သတ်တွေ ရဲ့အားပေးမှုကို ဒီနေ့ထိတိုင် အပြည့်အဝရရှိနေတာပဲဖြစ်ပါတယ်နော်…။ချမ်းချမ်းက အခုလက်ရှိ မှဆိုရင်လည်း အီတလီနိုင်ငံကိုရောက်ရှိနေပြီး ဒုတိယရင်သွေးလေးဖြစ်တဲ့ သမီးငယ်လေး Pilar ကိုအောင်မြင်စွာနဲ့မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။
သူမက နိုင်ငံရပ်ခြားကိုရောက်ရှိနေပေမယ့်လည်း မြန်မာနိုင်ငံ ရဲ့အရေးကို တစ်ဖက်တစ်လမ်းကနေ တော်လှန်နေ တဲ့သူဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရင်းတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့တဲ့ အတွက်ကြောင့် ပုဒ်မ ၅၀၅(က)နဲ့ရြမ်းထုတ်ခံထားရသူလည်းဖြစ်ပါတယ်နော်။ဝရမ်းထုတ်ခံရပေးမယ့်လည်း ချမ်းချမ်းကတော့ ချစ်စရာ သမီးငယ်လေးနဲ့ပဲတစ်နေ့ တာကုန်ဆုံးနေတာပဲဖြစ်ပါတယ်။ဒီကနေ့မှာဆိုရင်လည်း သမီးငယ်လေး Pilare လေးရဲ့ ပုံးရိပ်ကလေးတွေကို ပရိတ်သတ်ကိုချပြလာတာပဲဖြစ်ပါတယ်နော်။
ချစ်စရာကောင်းတဲ့သမီးလေးရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီး မေမေချမ်းချမ်းတစ်ယောက်တစ်နေ့ ထက်တစ်နေ့ချစ်မဝ ဖြစ်နေတာပါ ပရိတ်သတ်ကြီးရေ။ချမ်းချမ်းက “အမေ့သမီးလေးတနေ့တာ🥰🥰 Pilar အိပ်လိုက်စားလိုက် ❤️❤️” ဆိုပြီး သမီးလေးရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။သမီးငယ်လေး ရဲ့ပုံအောက်မှာ သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကလညး် မျက်လုံးလေးကတောက်ပလိုက်တာဆိုပြီး မှတ်ချက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ချမ်းချမ်းဟာ ဆိုရင် နိုင်ငံခြားမှာရောက်ရှိနေပေမယ့်လည်း မြန်မာပြည်မှာကျန်ခဲ့တဲ့ သမီးကြီး မြမိုးဂင်္ဂါလေး ကိုလည်းအမြဲသတိရနေတာပဲဖြစ်ပါတယ်နော်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက် ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်.။
Credit ; Celebrity Platforms