ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်ကတော့ အိမ်ထောင်ကျပြီးနောက် နိုင်ငံရပ်ခြားကို ထွက်ခွာသွားခဲ့ပြီး မြန်မာပြည် ပြန်ရောက်လာချိန်မှာတော့ သာမာန် ချမ်းသာသူတွေ တောင်လိုက် မမှီနိုင်တဲ့အထိ ငွေကြေးဥစ္စာပြည့်ဝ လာခဲ့တာပဲ ဖြစ်ပါတယ်။ စမိုင်းလ်ဟာ အလှူအတန်းတွေ နဲ့ ကောင်းမှု ကုသိုလ်တွေလည်း အမြဲတမ်း ပြုလုပ်လေ့ရှိသလို သူမတို့မိသားစု တွေ အတွက်လည်း ပျော်စရာအမှတ်တရတွေ အတွက်လည်း ငွေကုန်ကြေးကျခံ တတ်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

လက်ရှိမှာလည်း အမေရိကန်နိုင်ငံမှာ နေထိုင်နေတဲ့ စမိုင်းလ်တို့ မိသားစုဟာ အမေရိကားအနှံ့ ခရီးတွေထွက်နေ သလို ပျော်ပွဲရွှင်ပွဲတွေများစွာကိုလည်း ကျင်းပနေလျက်ရှိတာပဲဖြစ်ပါတယ်။ မနေ့က ဇွန်လ (၁၇) ရက်နေ့မှာလည်း စမိုင်းလ်တို့ ဇနီးမောင်နှံက သူမ တို့ရဲ့သမီးငယ် ကလိုဝီရဲ့ (၁၄) နှစ်ပြည့် မွေးနေ့အတွက် လေယာဉ် စင်းလုံးငှားပြီး ခရီးထွက်ခဲ့ သလို ခမ်းနားတဲ့ စားသောက်ဆိုင် တစ်ခုမှာ ကလိုဝီ ရဲ့ မွေးနေ့ပွဲကို ကျင်းပပေးခဲ့တာကို တွေ့ရပါတယ်။

စမိုင်းလ်တို့ မိသားစုကတော့ တော်ရုံတန်ရုံ ပိုက်ဆံချမ်းသာ သူတွေတောင် လိုက်မမှီနိုင်တဲ့ အထိကို ငွေကြေးသုံးစွဲနိုင်တယ်ဆိုတာ အထွေအထူးပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။ ငွေကို ရေလိုသုံးနိုင်တဲ့ စမိုင်းလ်တို့ ဘဝကတော့ တကယ့်ကို အားကျမက်မောစရာပါပဲနော်။

Source: Smile

ZAWGYI




Source: Smile