


unicode

ပရိသတ်ကြီးရေ ဒီတစ်ခါ မှာတော့ သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော် ဟာဆိုရင် အနုပညာလောက မှာ နှစ်ပေါင်း အတော်ကြာရပ်တည်အောင်မြင် နေတာ ဖြစ်ပြီး အရွယ်နဲ့ မလိုက်အောင် နုဖတ်ပြီး အခုချိန်ထိ လှနေတုန်း မင်းသမီး တစ်လက် ပဲဖြစ်ပါတယ်။သူမကတော့ အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတာ ဖြစ်ပြီး သမီးလေးနဲ့သားလေး ကို ပိုင်ဆိုင်ထားကာ ချစ်စရာကောင်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

သူမရဲ့ သမီးလေးကလည်း အတော်ကို ချစ်ဖို့ ကောင်းသူလေး ဖြစ်ပြီး သားအမိနှစ်ယောက် Live Sale တွေကိုလည်း တူတူလုပ်ကိုင်နေတာလည်း တွေ့ရပါတယ်။မခင်ဇာခြည်ကျော်ကတော့ ကြော်ငြာတွေနဲ့ Photo Shooting တွေကို လက်ခံ ရိုက်ကူးနေတာ ဖြစ်ပြီး အသက်ကြီး လာတယ်လို့ ထင်ရက်စရာ မရှိအောင် လန်းဆန်းတတ်ကြွကာ သမီးလေး နဲ့ အပြိုင်လှနေသူလေး ဖြစ်ပါတယ်။သားအမိနှစ်ယောက် ကတော့ မကြာခဏဆိုရင်လည်း Tik Tok လေးတွေ တူတူ ဆော့ကစားတာ ဖြစ်ပြီး မျှဝေလေ့ရှိတာကြောင့် ပရိသတ်တွေက အချစ်ပို နေရတာ ပဲဖြစ်ပါတယ်။

မခင်ဇာခြည်ကျော်ရဲ့ လူမူကွန်ယက် စာမျက်နှာ ထက်တွင် သူမ ချစ်သမီးလေးနဲ့ အတူ Tik Tok ဗီဒီယိုလေးကို ပရိသတ်တွေ အတွက် ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်သမီးချောလေးနဲ့ အတူ အပီအပြင် ဒွန့်နေတဲ့ ဗီဒီယိုလေး ကို ပရိသတ်တွေ ကြည့်ရှုပြီး ကြိုက်နှစ်သက် သဘောကျလိမ့်မယ်လို့ မျှော်လင့်ရင်း ပြန်လည် မျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီး ကလည်း မခင်ဇာခြည်ကျော်နဲ့ သမီးလေး ထင်သစ္စာကို ချစ်တယ်ဆို တစ်ခုခုပြောခဲ့ပေးနော်……။

Photo Credit -Khin Zar Chi Kyaw
Photo Credit -Lynn Eain KHA