ေအာင္ျမင္ေနတဲ့ ႐ုပ္ရွင္မင္းသမီး အျဖစ္ရပ္တည္ေန တဲ့ ေဖြးေဖြး ဟာ သူမရဲ့ မိခင္ အျမင္မွာေတာ့ ကေလးေလး တစ္ေယာက္လိုပါပဲ။ ခ်စ္စရာသမီးေလး အတြက္ ၾကည္ႏူးစရာ အမွတ္တရေလး ကို ေမေမကိုယ္တိုင္ ဖန္တီးၿပီး ခ်စ္စရာ လက္ေဆာင္ေလးေပး ခဲ့ပါတယ္။ ေဖြး ရိုက္ခဲ့ဖူးတဲ့ ဇာတ္ကား ေတြထဲက ပန္းနာမည္ နဲ႔ ဇာတ္ကားေတြ အတြက္ ဂ်င္း အကၤ်ီေပၚ မွာ ပန္းခ်ီေရးဆြဲခဲ့ပါတယ္။

ေဖြး ကလည္း မိခင္ ရဲ့ အႏုပညာလက္ရာကို တျမတ္တနိုး ဝတ္ဆင္ၿပီး ခရစၥမတ္မွာ အမွတ္တရဝတ္ဆင္ၿပီး ဓာတ္ပုံရိုက္ခဲ့ပါတယ္။ သားသမီးေတြ အတြက္ မိခင္ေတြရဲ့ဖန္တီးမႈဟာ လက္ရာ ေျမာက္လြန္းတဲ့ အႏုပညာ ေတြပါပဲ။ ေဖြး ကိုယ္တိုင္ကလည္း မိခင္ ရဲ့ အႏုပညာရသ အတြက္ အရမ္းကို ေက်နပ္ေပ်ာ္ရႊင္ေန ပုံပါပဲ။

အကၤ်ီေလး နဲ႔ အမွတ္တရ ဓာတ္ဖမ္းေနတဲ့ ဗီဒီယိုေလးကို ” အေမက ေဖြး ရိုက္ခဲ့သမၽွ ပန္းနာမည္ နဲ႔ ႐ုပ္ရွင္ေတြအတြက္ Jean မွာ ပန္းခ်ီ ေရးေပးခဲ့တယ္ မထြက္ေသးတဲ့ ႐ုပ္ရွင္ထဲက ပန္းေတြလဲ ပါတယ္ရွင့္ Btw X’ mas မွာ အထူး အစီအစဥ္ ေလးလာပါမယ္ရွင့္ ! Peaceful X’mas Eve & May God Bless you all Stay Tuned My Darlings & Oopsies! ” ဆိုၿပီး ခရစၥမတ္ဆုေတာင္းစာေလး နဲ႔ အတူ ေဝမၽွခဲ့ ပါတယ္။

Happy – Cele Zone
Photo – Phway Phway

UNICODE

အောင်မြင်နေတဲ့ ရုပ်ရှင်မင်းသမီး အဖြစ်ရပ်တည်နေ တဲ့ ဖွေးဖွေး ဟာ သူမရဲ့ မိခင် အမြင်မှာတော့ ကလေးလေး တစ်ယောက်လိုပါပဲ။ ချစ်စရာသမီးလေး အတွက် ကြည်နူးစရာ အမှတ်တရလေး ကို မေမေကိုယ်တိုင် ဖန်တီးပြီး ချစ်စရာ လက်ဆောင်လေးပေး ခဲ့ပါတယ်။ ဖွေး ရိုက်ခဲ့ဖူးတဲ့ ဇာတ်ကား တွေထဲက ပန်းနာမည် နဲ့ ဇာတ်ကားတွေ အတွက် ဂျင်း အင်္ကျီပေါ် မှာ ပန်းချီရေးဆွဲခဲ့ပါတယ်။

ဖွေး ကလည်း မိခင် ရဲ့ အနုပညာလက်ရာကို တမြတ်တနိုး ဝတ်ဆင်ပြီး ခရစ္စမတ်မှာ အမှတ်တရဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။ သားသမီးတွေ အတွက် မိခင်တွေရဲ့ဖန်တီးမှုဟာ လက်ရာ မြောက်လွန်းတဲ့ အနုပညာ တွေပါပဲ။ ဖွေး ကိုယ်တိုင်ကလည်း မိခင် ရဲ့ အနုပညာရသ အတွက် အရမ်းကို ကျေနပ်ပျော်ရွှင်နေ ပုံပါပဲ။

အင်္ကျီလေး နဲ့ အမှတ်တရ ဓာတ်ဖမ်းနေတဲ့ ဗီဒီယိုလေးကို ” အမေက ဖွေး ရိုက်ခဲ့သမျှ ပန်းနာမည် နဲ့ ရုပ်ရှင်တွေအတွက် Jean မှာ ပန်းချီ ရေးပေးခဲ့တယ် မထွက်သေးတဲ့ ရုပ်ရှင်ထဲက ပန်းတွေလဲ ပါတယ်ရှင့် Btw X’ mas မှာ အထူး အစီအစဉ် လေးလာပါမယ်ရှင့် ! Peaceful X’mas Eve & May God Bless you all Stay Tuned My Darlings & Oopsies! ” ဆိုပြီး ခရစ္စမတ်ဆုတောင်းစာလေး နဲ့ အတူ ဝေမျှခဲ့ ပါတယ်။

Happy – Cele Zone
Photo – Phway Phway