အနုပညာ လှုပ်ရှားမှု များကို ဆယ်စုနှစ် ကျော်တိုင် အောင် လုပ်ကိုင် လာခဲ့ပြီး ပရိသတ်တွေ ရဲ့ အားပေး ချစ်ခင်မှု တွေကို ရရှိထားသူ ကတော့ သရုပ်ဆောင် ခိုင်နှင်းဝေပဲ ဖြစ်ပါ တယ်။ သူမ ကတော့ ပရဟိတ လုပ်ငန်းတွေကို လည်း အားကြိုးမာန်တက် လုပ်ဆောင်နေ တာလည်း ဖြစ်ပါတယ်။ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ ကို တည်ထောင် ထားပြီး ခိုကိုးရာမဲ့ ဖြစ်နေသော ကလေးငယ် များကို မိခင် ရင်းသဖွယ် ထိန်းသိမ်း စောင့်ရှောက်ပေးနေ တာလည်း ဖြစ်ပါတယ်။

မနေ့ညက လှည်းတန်း ဂုံး တံတားအောက်တွင် စွန့်ပစ်ခံ ထားရတဲ့ (၂) လအရွယ် သမီးလေးကို အမျိုးသားတစ်ဦး မှ ဂေဟာသို့ လာပို့ပေးခဲ့ တဲ့အကြောင်း ခိုင်နှင်းဝေရဲ့ လူမှု ကွန်ယက်တွင် တင်ထားတာ ဖြစ်ပါတယ်။ ကလေးက အရမ်းငိုနေ တာကြောင့် လတ်တလော ခေါ်ယူ စောင့်ရှောက်ထားပြီး စုံစမ်းစရာ ရှိတာများ စုံစမ်းစစ်ဆေးမယ့် အကြောင်းကိုလည်း ရေးသား ထားတာ ဖြစ်ပါတယ်။မကြာ သေးခင် နာရီပိုင်း လောက်ကတော့ ဒီကလေး နဲ့ ပတ်သက်တဲ့ နောက်ကွယ်က ဖြစ်ရပ်မှန် များကို ရေးသား ပြောပြ လာတာ ဖြစ်ပါတယ်။ ဖခင် ဖြစ်သူမှ ကောက်ရတယ် ဆိုပြီး ကလေးကို ဂေဟာသို့ လာပို့ခဲ့တာ ဖြစ်ပြီး ဒီနေ့ အမေအရင်းက ငိုယိုပြီးလိုက်လာပြီး အကြောင်းရင်း တွေကို ပြောပြ လာတာ ဖြစ်ပါတယ်။

” ဒီ သမီးလေး အမေ အရင်း လိုက်လာ ပါတယ်ရှင်..အဖေ အရင်းက ကောက်ရတယ်ဆိုပြီး လာအပ် ပေမဲ့ အမေက မသိဘဲ ကျွန်မတို့ ဂေဟာ ရောက်နေတယ်ဆိုတာ သိလို့ ငိုယိုပြီး လိုက်လာတာ ဖြစ်ပါတယ်…ပထမ အိမ်ထောင် နဲ့ ဒုတိယ အိမ်ထောင် ဇယား အရှုပ် ကြားထဲ သမီး မိန်းကလေးကို ယခု လို နောက် တစ်ကြိမ် မစွန့်ပစ်အောင် (ပုံတွေ မတင်ချင်ပေမဲ့) အနည်းငယ် အ သိပေးခြင်းဖြစ်ပါတယ်..မနေ့က ကလေးကို မသမာ သူတွေ လက်ထဲ ရောက်မှာ ဆိုးလို့ လက်ခံထားပြီး မသင်္ကာလို့ စုံစမ်းမှုတွေ လုပ်ရင်း အဖြစ်မှန် ပေါ်လာတဲ့ အတွက် မိခင် အရင်း လက်ထဲကို ပြန်ထည့် ပေးလိုက် ပါတယ်ရှင်။

မိခင်ကောင်း ပီသတဲ့ အမျိုးသမီးက တော့ သူ့ကလေး ပြန်ရလို့ ပျော်နေ ရှာပါတယ်..ကလေးကို တွေ့တွေ့ချင်း ကျွန်မ သမီးလေးကို နို့တိုက်ပါ ရစေလို့ ခွင့်တောင်းပြီး ငိုနေရှာပါတယ်.အိမ်ထောင်ရေး ကိစ္စတွေ ကျွန်မတို့ နဲ့ မဆိုင်လို့ မပြောတော့ဘဲ မိခင်တစ်ယောက်ကို ကိုယ်ချင်းစာလို့ သမီးလေးကို မိခင်လက်ထဲ ပြန်အပ်ပေးခဲ့ပါတယ်ရှင်…(မျက်နှာတွေ မအုပ်ဘဲ တင်ရခြင်းမှာ နောက်နောင် မလုပ်ရဲအောင် ကလေးအတွက် စဉ်းစားပြီး တင်ရခြင်း ဖြစ်ပါတယ်…အမှု အခင်းထိ ဖြစ်အောင် မလုပ်တော့ဘဲ အနီးကပ် စောင့်ကြည့် နေမည် ဖြစ်ကြောင်း ပြောပြီး လက်မှတ်များ ၊သက်သေများ ယူထားလိုက်ပါတယ်ရှင်)” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ မိခင်နဲ့ ကလေးအခုလို ပြန်လည်ဆုံဆည်း ခွင့်ရတဲ့အတွက် မုဒိတာပွားရပါတယ်။ ခိုင်နှင်းဝေ လည်း ပရဟိတအလုပ်တွေ ကို ဒီ့ထက်မက လုပ်ဆောင်နိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်နော်။

CRD….