ပရိတ်သတ် အချစ်တော် ပြေတီဦးနဲ့အူဝဲ တို့ဟာ တော်လှန်လေး ကာလမှာ ပြည်သူ တွေအား လုံးရှေ့ကမားမား မတ်မတ် ရပ်တည်ပေးခဲ့တဲ့ အနုပ ညာရှင်တွေပါ။မတ်လ ကပြုလုပ်ခဲ့တဲ့နွေဉီးတော်လှန်ရေး မှာ ပါဝင်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က)နဲဖမ်းဝရမ်း ထုတ်ခံခဲ့ရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။ထွက်ပြေးတိမ်းရှောင်နေစဉ်မှ ာလည်းသားလေးနဲ့သမီးလေးကိုတွေ့ခွင့်မရခဲ့ပါဘူး။

သားသမီးတစ်ဖက်၊ ပြည်သူတစ်ဖက် ယှဉ်လာခဲ့တဲ့ အချိန်မှာပြည်သူတွေကိုဘဲ ရွေးချယ်သွားခဲ့တဲ့ အတွက်နောက်ဆုံးမှာတော့ မိသားစုဝင်များကို အကြမ်းဖက်ဖမ်းဆီးမယ်လို့ ခြိမ်းချောက်ခြင်းခံရတဲ့အတွက်နောက်ဆုံး အကြိမ်အဖြစ် သားသမီးမျက်နှာလေး ကိုအိမ်မှာလာရောက်တွေ့ခဲ့ရပီး အဖမ်းခံခဲ့ရပါတယ်။

ဧပြီလ(၉)ရက်နေ့မှာ အဖမ်းခံခဲ့ ရပီး ယခုမှာတော့ တစ်လတိတိ ပြည့်ခဲ့ပီ မလို့ရှေ့နေတွေဆီကတစ်ဆင့်ရပိုင်ခွင့်ကိုတောင်းဆိုခဲ့ရာမှ ပယ်ချခံခဲ့ရပါတယ်။ ကိုပြေတီနဲ့မအူဝဲကိုအမှုလိုက်ပေးနေတဲ့ ရှေ့နေ့ကသူတို့ငိုယိုပီးတော့ကို တောင်းပန် ခဲ့တာပါ။ ဘယ်မိဘကသူတို့ သမီးတွေကို မတွေ့ဘဲနေချင်ပါ့မလဲ၊ ကျမတို့ဘက်က အတတ်နိုင်ဆုံးတရားဝင် တောင်းဆိုခဲ့ပင်မယ့် ငြင်းခံ ရပါတယ်လို့ဖြေကြားသွားခဲ့ပါတယ်။ကျန်းမာရေးနဲ့ ပတ်သတ်လို့လည်း အမနဲ့ အကိုကတော့တော်တော်လေးကိုပိန်သွားတယ်၊ နေတော့ကောင်းပါတယ် ၊ပြည်သူတွေဂရုစိုက်ကြပါ၊ တောင့်ခံထားကြပါ အမြန်ဆုံးအဆုံး သတ်တော့မှာပါလို့ ဖြေကြားသွားခဲ့ပါတယ်။

Credit:

ZAW GYI




Credit: