သရုပ်ဆောင် ချစ်သုဝေ ကတော့ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေ နဲ့ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်ရင်း ရှေ့ဆက်လျှောက်လှမ်းနေတဲ့ပြည်သူချစ်မင်းသမီး တစ်လက်လည်း ဖြစ်ပါတယ်။သမီးလေးနှစ်ယောက်မွေးဖွားပြီးနောက်ပိုင်းမှာ တော့ ရုပ်ရှင် နဲ့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးခြင်းမရှိတော့ဘဲ သီချင်းဘက်ကိုသာ​ဇောက်ချလုပ်ကိုင် ဖြစ်နေတာလည်းဖြစ်ပါတယ်။ ဘယ်ကိစ္စမ ဆိုပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပေးတဲ့အတွက် လည်းအားလုံးရဲ့ချီးကျုးမှုတွေကိုရရှိထားနေတာလည်းဖြစ်ပါတယ်။ချစ်သုဝေ ဟာလက်ရှိမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေ နဲ့ ပတ်သက်ပြီးတော့လည်းပြောမပြတတ်အောင်ကိုဝမ်းနည်းနေတာလည်း ဖြစ်ပါတယ်။

ပြည်သူတွေ အတွက်တတ်နိုင်တဲ့ ဘက်ကနေကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။​ အဆိုတော် သရုပ်ဆောင် ချစ်သုဝေ ဟာမြန်မာနိုင်ငံမှာအာဏာသိမ်းမှုဖြစ်စဉ် ကြုံတွေ့ခဲ့ရတဲ့ နေ့ကစပြီခါးအရိုးကျိုး​နေ​ပေမယ်​့လည်​း သမီးလေးနှစ်ယောက်ကို ချီကာထွက်ပြေးခဲ့ရကြောင်း ၊ (၈၈)အရေးအခင်းတုန်းကသူက(၄)နှစ်အရွယ်ဖြစ်ခဲ့သလို အခုအာဏာသိမ်းခံလိုက်ရချိန်မှာလည်းသမီးလေး နှစ်ယောက်က(၄)နှစ်အရွယ်လေးတွေဖြစ်တာကြောင့်​ သမီးလေးတွေအတွက်စိတ်မကောင်း အတော်လေးဖြစ်မိကြောင်း၊ မိဘနှစ်ပါးရဲ့ တော်လှန်ရေးစိတ်ဓါတ်ပြင်းထန်မှု ကြောင့်သမီးလေးတွေဒုက္ခတွေ နဲ့ ရင်ဆိုင်နေရကြောင်းတွေကိုပြောပြလာပါတယ်။

​တော်လှန်ရေး ဘယ်အချိန်အောင်မြင်မလဲဆိုတာမသိချင်ဘူး။အာဏာရှင်အမြစ်မပြတ်သရွေ့တွန်းလှန်သွားမယ် – လင်းလင်းဆိုပြီး​ ပြောထားတာပဲဖြစ်​ပါတယ်​​နော်​။မြန်မာပြည်ကြီးလဲ အမြန်ဆုံးငြိမ်းချမ်းပြီး ဖတ်​ရှု့​ပေးကြတဲ့ မြန်မာပြည်သူ / သားများအားလုံးစစ်အာဏာရှင် လက်အောက်က​နေအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ ဆုတောင်း​ပေးလိုက်ရပါတယ်။

Credit….SAI

ZAWGYI




Credit….SAI