ပရိသတ်ကြီးရေ သူထူးစံကတော့ တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားတစ်လက် အနေနဲ့ကို အောင်မြင်ကျော်ကြားခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ် အခိုင်အမာလည်းရရှိထားခဲ့ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင် ခဲ့တာကြောင့် အကယ်ဒမီဆုကြီးကို ရရှိထားတဲ့သူလည်းဖြစ်ပါတယ်။

သူထူးစံကတော့ နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ကိုင်ခဲ့ပြီး ဇနီးဖြစ်သူနဲ့အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပါတယ်။ လက်ရှိမှာတော့ ချစ်ဇနီးနဲ့အတူ ချစ်စရာကောင်းလှတဲ့ သမီးဦးလေး တစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး ဘဝကိုအေးချမ်းစွာဖြတ်သန်းနေခဲ့ပါတယ်။မနေ့က ဇူလိုင်လ (၉)ရက်နေ့လေးကတော့ သူထူးစံရဲ့ သမီးလေး ရက်(၁၀၀)ပြည့်မွေးနေ့ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။

သူထူးစံကတော့ သမီးလေးရဲ့ ရက်(၁၀၀)ပြည့်မွေးနေ့အတွက် ဝါဆိုသင်္ကန်းကပ် နဲ့ သံဃာတော်များ ဆွမ်းကပ်အလှူလေး ပြုလုပ်ခဲ့ပါတယ်။ပရိသတ်ကြီး သူထူးစံရဲ့ သမီးလေးတောင် ရက်(၁၀၀)ပြည့်မြောက်သွားခဲ့ပြီတဲ့နော်။

Credt.CeleGabar

Zawgyi
ပရိသတ္ႀကီးေရ သူထူးစံကေတာ့ တစ္ေခတ္တစ္ခါက ျမန္မာနိုင္ငံ႐ုပ္ရွင္ေလာကရဲ့ ထိပ္တန္းမင္းသားတစ္လက္ အေနနဲ႔ကို ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။ ပရိသတ္ အခိုင္အမာလည္းရရွိထားခဲ့ၿပီး က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ ခဲ့တာေၾကာင့္ အကယ္ဒမီဆုႀကီးကို ရရွိထားတဲ့သူလည္းျဖစ္ပါတယ္။

သူထူးစံကေတာ့ ေနာက္ပိုင္းမွာ အႏုပညာအလုပ္ေတြကို အနည္းအက်ဥ္းသာလုပ္ကိုင္ခဲ့ၿပီး ဇနီးျဖစ္သူနဲ႔အိမ္ေထာင္က်ၿပီးေနာက္ပိုင္းမွာေတာ့ အႏုပညာအလုပ္ေတြကို ရပ္နားခဲ့ပါတယ္။ လက္ရွိမွာေတာ့ ခ်စ္ဇနီးနဲ႔အတူ ခ်စ္စရာေကာင္းလွတဲ့ သမီးဦးေလး တစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားၿပီး ဘဝကိုေအးခ်မ္းစြာျဖတ္သန္းေနခဲ့ပါတယ္။မေန႔က ဇူလိုင္လ (၉)ရက္ေန႔ေလးကေတာ့ သူထူးစံရဲ့ သမီးေလး ရက္(၁၀၀)ျပည့္ေမြးေန႔က်ေရာက္တဲ့ ေန႔ရက္ျမတ္ေလးပဲျဖစ္ပါတယ္။

သူထူးစံကေတာ့ သမီးေလးရဲ့ ရက္(၁၀၀)ျပည့္ေမြးေန႔အတြက္ ဝါဆိုသကၤန္းကပ္ နဲ႔ သံဃာေတာ္မ်ား ဆြမ္းကပ္အလႉေလး ျပဳလုပ္ခဲ့ပါတယ္။ပရိသတ္ႀကီး သူထူးစံရဲ့ သမီးေလးေတာင္ ရက္(၁၀၀)ျပည့္ေျမာက္သြားခဲ့ၿပီတဲ့ေနာ္။

Credt.CeleGabar