Source: Chan Nyein’s fb
UNICODE
နိုင်ငံကျော် အဆိုတော် ချမ်းချမ်း ကတော့ သီချင်း ဆိုကောင်းရုံသာမက နိုင်ငံခြား သူလေးတစ်ယောက်လို စွဲမက်ဖွယ်ကောင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်ပါတယ်။ ချမ်းချမ်းက သမီးလေး မြမိုးဂင်္ဂါနဲ့ အတူတူ အခုဆိုရင် သူမရဲ့ ဒုတိယမြောက် သမီးလေးရဲ့ ကိုယ်ဝန်ကို လွယ်ဆောင်ထားရပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချမ်းချမ်းက သူမရဲ့ သမီးလေး နှစ်ယောက်နဲ့ ပက်သတ်ပြီး မျှော်လင့်ချက်တွေ အကြီးကြီးထားထားတဲ့ အကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်။
“လာမယ့်နှစ်သစ်မှာ လူသစ် စိတ်သစ်န ့ဲနေသွားတော့မယ်။ လူ့ဘဝမှာ အပင်ပန်းဆုးံသော အိုခြင်း၊ နာခြင်း၊ သေခြင်းတွေမတိုင်မီ ကိုယ် ရထားတဲ့ အေးချမ်းတဲ့ မိသားစု ဘဝလေးကို သမီးလေး နှစ်ယောက်နဲ့အေးချမ်းစွာဖြတ်သန်းမယ်။ တွေးမိတိုင်းပျော်တယ်။ ဘဝကိုကျေနပ်တယ်။ အတိတ်မှာမွန်းကျပ်ဖို့ထပ်ရုန်းထွက်ဖို့ခွန် အားတွေပေးတဲ့ သမီးလေးတွေရယ် ကိုယ့်ကိုချစ်တဲ့ခင်ပွန်းရယ်၊ မိတ်ဆွေတွေ၊ မိသားစုဝင်တွေရယ်၊ ပရိတ်သတ်တွေရယ်ကျေးဇူးအထူးးပါ။ အချိန်တိုင်း တရားသောအားဖြင့် တပါး သူကိုကြည့်တတ်သူ ကိုယ့်ကြောင့် သူတပါးမျက်ရည်မကျအောင်ကြိုးစားကာ လက်ရှိအခြေအနေကိုတရားသဘောဖြင့်အေးချမ်းစွာကြည့်တတ်သူ၊ အရာရာကို ခွင့်လွှတ်၊ ရန်သူကိုအရှူးံပေး၊ အများအကျိုးကိုသယ်ပိုးနိူင်သူ မိန်မကောင်းမိန်းမမြတ်အနေနဲ့ သမီးလေးတွေကို အမှန်အမှားခွဲခြား တတ်နိူင်သွန်သင်နိူင်သောမိခင်ဖြစ်ပါရစေ”
“ပြီးဆုးံသွားခဲ့သော အရာရာအတွက် သင်ခန်းစာယူရင်းလက်ရှိကျန်ရှိနေတဲ့နေ့သစ်တွေကိုအကောင်းဆုးံအမြင်နဲ့နေထိုင်သွားမယ်။ မေတ္တာပေး သူကိုမေတ္တာပေးပြီး အကုသိုလ်ပေး သူများကို လျစ်လျူရူ့နိူင်သောသူ ခွင့်လွှတ်နိူင်သောသူ ဖြစ်ပါရစေဘုရားသခင်။ အရာ အားလုးံအတွက်ကျေးဇူးတင်စွာနဲ့နုတ်ဆက်ပါတယ်..2020 မနက်ဖြန်ဟာ ကျွန်မဘဝ မိသားစုလေး အတွက်နေ့ရက်သစ်တွေပဲ အားရှိစွာနဲ့ရှေ့ဆက်မယ် သမီးလေးတွေနဲ့( covid) ကြီးပြီးရင်ကမ္ဘာပတ်မယ်။ ခရီးတွေထွက်မယ်။ Disneyland သွားမယ်။ စျေးဝယ်မယ်။ တဝကြီးပျော်ကြမယ်။ ဒီနေ ့မြန်မာနာမည်လေးတွေ သမီးလေးအတွက်စဉ်းစားနေတာ နောက်မွေးလာမယ့် သမီးလေးအတွက် ကောင်းကင်ကြီးကိုမော့ကြည့်မိတုန်း idea လေးရတယ်။သမီးလေးတွေကအေးချမ်းမယ့် ဘဝ ကိုပိုင်ဆိုင်ကြရမှာမို့ မြမိုးဂင်္ဂါရယ်၊ မြမိုးဟသာင်္ ရယ်လို့အမည်ပေးမယ်။ အမေ့သမီးလေးတွေမှာအေးချမ်းတဲ့ ဘဝလေးတေရှိစေဖို့ရယ်.တယောက်နဲ့တယောက်အမှီသဟဲရစေဖို့ ဂင်္ဂါလေးနဲ့ဟသာင်္လေး..😘😘😘😘 ကိုယ့်ဘာသာ ကိုယ်ပေးပြီးကြိုက်နေပြီ မရတော့ဘူး..😂😂😂မေ့မေသမီးလေးတွေရေ နှစ်သစ်ကိုတူတူကြိုကြမယ်နော်..” ဆိုပြီး ပြောပြလာပါတယ်။
ချမ်းချမ်း ကတော့ သူမရဲ့ သမီးလေးတွေနဲ့ ရှေ့ဆက်လျှောက်ဖို့ နေ့သစ်တွေအတွက် ရင်ခုန် စိတ်လှုပ်ရှားနေပြီပဲ ဖြစ်ပါတယ်။ ချမ်းချမ်း တစ်ယောက် မျှော်မှန်းစိတ်ကူးထားတဲ့ ဆန္ဒတွေနဲ့ လက်ရှိဘဝ တစ်ထပ် တည်းကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Chan Nyein’s fb
Bilie – Cele Connections