



unicode

ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး ချိုပြုံးရဲ့မြေးလေးဖြစ်တဲ့ ဝင်းခန့်မိုးကတော့ ဘွားဘွား ရဲ့အနုပညာအမွေတွေကို လက်ဆင့်ကမ်းယူခဲ့သူလေး ဖြစ်ပါတယ် ။ ဝင်းခန့်မိုးက အကယ်ဒမီရွှေကြိုအဖြစ် ဆောင်ရွက်ခဲ့ရသလို ကြော်ငြာ တွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင် ခဲ့ရတာ ဖြစ်ပါတယ် ။ ဝင်းခန့်မိုးကတော့ ရုပ်ရည်လေးကလည်း ချောမောခန့်ညားတာကြောင့် ပျိုမဒီတွေက သူ့ကိုအပြတ်အသတ်ကြွေပြီး အားပေးဝန်းရံနေကြတာ ဖြစ်ပါတယ် ။

ဝင်းခန့်မိုးက ဝါရင့်အနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကား ကြီးတွေ ရိုက်ကူးနေရတဲ့အထိ အနုပညာ လမ်းကြောင်းထက်မှာ အောင်မြင်နေပြီပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဝင်းခန့်မိုးက လူငယ်ပီပီ သူ့ရဲ့ဘွားဘွားချိုပြုံးကို အမြဲတမ်းစနောက်ကျီစယ်လေ့ရှိတာဖြစ်ပြီး သူတို့မြေးအဘွားရဲ့ဗီဒီယိုလေးတွေကိုလည်း မကြာခဏ တင်ပေးတတ်တာ ဖြစ်ပါတယ် ။ ဒီတစ်ခါမှာတော့ မြေးလေးဝင်းခန့်မိုးကို ဘွားဘွားချိုပြုံးကပြန်ပြီး ဆေးထိုးကြမ်းလိုက်တာ ဖြစ်ပါတယ် ။

ဝင်းခန့်မိုးက ” ”a day with us” vlog 6 Cho Cho & Thiri ရဲ့ a day with us ပေါ့နော် ကျွန်တော် ရိုက်ထား တဲ့ဟာကိုတော့ vlog 7 မှာ ကြည့်ပါတော့ဗျ enjoy ” ဆိုပြီး ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ဝင်းခန့်မိုးကြောက်တတ် တာကိုသိတဲ့ ဘွားဘွားချိုပြုံးက သူအိပ်နေတုန်းမှာ အခန်းထဲကို တိတ်တိတ်လေးဝင်ပြီး သရဲပုံစံလုပ်ကာ ခြောက်ပြလိုက်တာပဲ ဖြစ်ပါတယ် ။ ကဲ မြေးလေးဝင်းခန့်မိုးကို ဆေးပြန်ထိုးလိုက်တဲ့ ချိုပြုံးရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-“Win Khant Moe – ဝင်းခန့်မိုး” FB Page