


Chilli – CeleZone
Source – Ju Jue K

unicode

ပရိသတ်ကြီးရေ ဂျူးဂျူးကေ ကတော့ ပရိသတ် တွေရဲ့ အားပေးချစ်ခင် မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ပဲဖြစ်ပါတယ်။ ခင်ပွန်း ဖြစ်သူနဲ့ အတူ စိတ်တူ ကိုယ်တူ အလှူအတန်း တွေကို အမြဲတမ်းလိုလို ပြုလုပ်နေခဲ့ တာကြောင့် ဂျူးဂျူးကေရဲ့ အလှူ အတန်း ရက်ရောမှုကို ပရိသတ်တွေချီးကျူးနေခဲ့ရပါသေးတယ်။

လတ်တလောမှာလည်း ဂျူဂျူးကေက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့မှာ သာသနာပျိုးဥယျာဉ်ကျောင်းတိုက် တည်ဆောက်နိုင်ရန်အတွက် လစဉ် အလှူငွေအဖြစ် အလှူတော်ငွေ (၅)သောင်းကျပ်ကို လှူဒါန်းပေးခဲ့ပါတယ်။ ဂျူးဂျူးကေ ကလည်း အခုလို သာသနာ့ အာဇာနည်များပေါ်ထွန်းရေးအတွက် သူတတ်နိုင်သလောက် အုတ်တချပ်သဲတပွင့် ပါဝင်လှူဒါန်းခွင့် ရတဲ့အတွက် ဝမ်းသာပီတိဖြစ်နေခဲ့ပါတယ်။

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ ကနေလည်း ပရိသတ်တွေသူကရဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင် စေဖို့ မျှဝေဖော်ပြထားခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးရေ သာသနာ့အာဇာနည် များပေါ်ထွန်းရေးအတွက် တတ်စွမ်းသလောက်ပ ါဝင်လှူဒါန်းခဲ့တဲ့ ဂျူးဂျူးကေ ရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Chilli – CeleZone
Source – Ju Jue K