ပရိတ်သတ်ကြီးရေ…သရုပ်ဆောင် မင်းသမီးကြီး သိင်္ဂီထွန်း ကတော့ ပြင်ဦးလွင် မြို့တွင် လွန်ခဲ့တဲ့ တစ်လလောက် က သာသနာ့ဘောင်သို့ ဝင်ရောက် သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ကိုဗစ်ရောဂါခံ စားနေရသူများကို မကြည့်ရက်တဲ့ အတွက် တတ်နိုင်သလောက် ကူညီပေးနေ တာ ဖြစ်ပါတယ်။ရှားစောင်းလက်ပတ်ပင် ၊ ရှင်သီဝရိဂမုန်းပင် ၊နဂါးဆက်ပင် တွေဟာအောက်ဆီဂျင် ရတဲ့ဆိုတဲ့အတွက် သူမ ရဲ့ အိမ်အနောက်မှာ စိုက်ထားတဲ့ အပင်တွေကို မျိုးပွားဖို့ သီလရှင်ဝတ်ကြီး နဲ့ လုပ်နေတာကို မသင့်တော် ကြောင်း ပြောကြတဲ့ အတွက် လူဝတ်လဲခဲ့ ရတာ ဖြစ်ပါတယ်။

ချက်ချင်း စီစဉ် လိုက်ရတာကြောင့် သိက္ခာမချ လိုက်ရပဲ လူဝတ်လဲပြီး ပြင်ဦးလွင်မှာ ရှိတဲ့ ဆိုင်ကြီးဆိုင် ငယ်တွေကို ရုပ်ဖျက်ပြီး ဈေးဝယ်ပေးခဲ့ရပုံ တွေကို မကြာသေးခင် နာရီပိုင်းလောက်က သိင်္ဂီထွန်းရဲ့ လူမှုကွန်ယက်မှာ အခုလို ရေးသားထားတာ ဖြစ်ပါတယ်။သိင်္ဂီထွန်းကတော့ ရန်ကုန်မှာ လောဘ သားတွေကြောင့် ဈေးကြီးပြီး ဝယ်မရတာတွေ ကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ဆေး နဲ့ အာဟာရဖြည့်စွက် စာတွေ ပြင်ဦးလွင် တွင် လိုက်ဝယ်ပေးနေတာ ဖြစ်ပါတယ်။ လက်ထဲမှာ ငွေသားပြတ်တဲ့အထိ ကိုယ်တိုင် ဝယ်ယူပြီး ကုသိုလ်ပြုရတဲ့အတွက် ပီတိဖြစ်နေကြောင်းကိုလည်း ရေးသားထားပါတယ်။ ရုပ်ဖျက်ပြီး ဆေးတွေအများကြီး လိုက်ဝယ်နေတာကြောင့် ပြန်ရောင်းစားမယ့် သူလို့ အထင်ခံခဲ့ရတာတွေကို လည်းအမှတ်တရအနေ နဲ့ ပြောပြထား ပါသေးတယ်။

ပြင်ဦးလွင်နဲ့ ရန်ကုန်တွင် သူမ ကူညီပေးခဲ့တဲ့ လူနာတွေအကုန်လုံး သက်သာလာတဲ့အတွက်လည်း ဝမ်းသာကြည်နူးနေတာပါ။အောက်ဆီဂျင်စက် ၊ အောက်ဆီဂျင်အိုးနဲ့ အရည်များကိုလည်း လှူဒါန်းနိုင်ခဲ့ပြီး နောက်ထပ် ငွေသားများ လက်ထဲရလာပါက ထပ်မံလှူဒါန်းသွားမယ့်အကြောင်းကိုလည်း ဝမ်းသာစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။ လှူတန်းမှုများအား(၃၁) ဘုံ လူနတ် ဗြဟ္မာသတ္တဝါအားလုံး ကုသိုလ်ရကြပြီး ၂၇.၇.၂၀၂၁ ည (၁၂:၃၀) မိနစ်တွင် အောက်ဆီဂျင်အခက်အခဲမရှိဘဲ ညင်သာစွာ ဆုံးပါးသွားတဲ့သူမရဲ့ ဘဘလည်း ကောင်းမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေလို့ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင် သိင်္ဂီထွန်းတစ်ယောက် လိုအပ်နေသူများကို ဒီ့ထက်မက ပိုမိုလှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Credit …

ZAWGYI

ပရိတ္သတ္ႀကီးေရ…သ႐ုပ္ေဆာင္ မင္းသမီးႀကီး သိဂႌထြန္း ကေတာ့ ျပင္ဦးလြင္ ၿမိဳ႕တြင္ လြန္ခဲ့တဲ့ တစ္လေလာက္ က သာသနာ့ေဘာင္သို႔ ဝင္ေရာက္ သြားခဲ့တာ ျဖစ္ပါတယ္။ လက္ရွိ ျဖစ္ေနတဲ့ ကိုဗစ္ေရာဂါခံ စားေနရသူမ်ားကို မၾကည့္ရက္တဲ့ အတြက္ တတ္နိုင္သေလာက္ ကူညီေပးေန တာ ျဖစ္ပါတယ္။ရွားေစာင္းလက္ပတ္ပင္ ၊ ရွင္သီဝရိဂမုန္းပင္ ၊နဂါးဆက္ပင္ ေတြဟာေအာက္ဆီဂ်င္ ရတဲ့ဆိုတဲ့အတြက္ သူမ ရဲ့ အိမ္အေနာက္မွာ စိုက္ထားတဲ့ အပင္ေတြကို မ်ိဳးပြားဖို႔ သီလရွင္ဝတ္ႀကီး နဲ႔ လုပ္ေနတာကို မသင့္ေတာ္ ေၾကာင္း ေျပာၾကတဲ့ အတြက္ လူဝတ္လဲခဲ့ ရတာ ျဖစ္ပါတယ္။

ခ်က္ခ်င္း စီစဥ္ လိုက္ရတာေၾကာင့္ သိကၡာမခ် လိုက္ရပဲ လူဝတ္လဲၿပီး ျပင္ဦးလြင္မွာ ရွိတဲ့ ဆိုင္ႀကီးဆိုင္ ငယ္ေတြကို ႐ုပ္ဖ်က္ၿပီး ေဈးဝယ္ေပးခဲ့ရပုံ ေတြကို မၾကာေသးခင္ နာရီပိုင္းေလာက္က သိဂႌထြန္းရဲ့ လူမႈကြန္ယက္မွာ အခုလို ေရးသားထားတာ ျဖစ္ပါတယ္။သိဂႌထြန္းကေတာ့ ရန္ကုန္မွာ ေလာဘ သားေတြေၾကာင့္ ေဈးႀကီးၿပီး ဝယ္မရတာေတြ ကို တစ္ဆိုင္ဝင္ တစ္ဆိုင္ထြက္ေဆး နဲ႔ အာဟာရျဖည့္စြက္ စာေတြ ျပင္ဦးလြင္ တြင္ လိုက္ဝယ္ေပးေနတာ ျဖစ္ပါတယ္။ လက္ထဲမွာ ေငြသားျပတ္တဲ့အထိ ကိုယ္တိုင္ ဝယ္ယူၿပီး ကုသိုလ္ျပဳရတဲ့အတြက္ ပီတိျဖစ္ေနေၾကာင္းကိုလည္း ေရးသားထားပါတယ္။ ႐ုပ္ဖ်က္ၿပီး ေဆးေတြအမ်ားႀကီး လိုက္ဝယ္ေနတာေၾကာင့္ ျပန္ေရာင္းစားမယ့္ သူလို႔ အထင္ခံခဲ့ရတာေတြကို လည္းအမွတ္တရအေန နဲ႔ ေျပာျပထား ပါေသးတယ္။

ျပင္ဦးလြင္နဲ႔ ရန္ကုန္တြင္ သူမ ကူညီေပးခဲ့တဲ့ လူနာေတြအကုန္လုံး သက္သာလာတဲ့အတြက္လည္း ဝမ္းသာၾကည္ႏူးေနတာပါ။ေအာက္ဆီဂ်င္စက္ ၊ ေအာက္ဆီဂ်င္အိုးနဲ႔ အရည္မ်ားကိုလည္း လႉဒါန္းနိုင္ခဲ့ၿပီး ေနာက္ထပ္ ေငြသားမ်ား လက္ထဲရလာပါက ထပ္မံလႉဒါန္းသြားမယ့္အေၾကာင္းကိုလည္း ဝမ္းသာစြာျဖင့္ ေရးသားထားတာ ျဖစ္ပါတယ္။ လႉတန္းမႈမ်ားအား(၃၁) ဘုံ လူနတ္ ျဗဟၼာသတၱဝါအားလုံး ကုသိုလ္ရၾကၿပီး ၂၇.၇.၂၀၂၁ ည (၁၂:၃၀) မိနစ္တြင္ ေအာက္ဆီဂ်င္အခက္အခဲမရွိဘဲ ညင္သာစြာ ဆုံးပါးသြားတဲ့သူမရဲ့ ဘဘလည္း ေကာင္းမြန္ရာ ဘုံဘဝသို႔ ေရာက္ရွိပါေစလို႔ေရးသားေဝမၽွထားတာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ သိဂႌထြန္းတစ္ေယာက္ လိုအပ္ေနသူမ်ားကို ဒီ့ထက္မက ပိုမိုလႉဒါန္းနိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Credit …