ပရိသတ္ႀကီးေရ.. အႏုပညာ ေလာကမွာ ပရိသတ္ေတြ ရဲ့ တစ္ခဲနက္ အားေပးခ်စ္ခင္ မႈ ေတြကို ရရွိ ထားတဲ့ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ေနေဒြးကေတာ့ လတ္တေလာအေျခအေနေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း လႉဒါန္းမႈေတြ ျပဳလုပ္ေန သူပဲ ျဖစ္ပါတယ္..။ေအာင္ျမင္တဲ့အႏုပညာရွင္တစ္ေယာက္အျဖစ္ ရပ္တည္ေနတဲ့ ေနေဒြးကေတာ့ စီးပြားေရးလုပ္ငန္းေတြကိုလည္း တစိုက္မတ္မတ္ လုပ္ေနၿပီး အလႉအတန္းေတြမွာလည္း ျပည္သူေတြအတြက္ အျမဲအားေပးကူညီေနတာလည္း ေတြ႕ရပါတယ္..။

အျမဲတမ္းလိုလိုလႉဒါန္းမႈေတြျပဳလုပ္ေနတဲ့ ေနေဒြးကေတာ့ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ရင္ဆိုင္ၾကဳံေတြ႕ေနၾကရတဲ့ အဖိုးအဖြားျပည္သူေတြအတြက္လည္း စားနပ္ရိကၡာေတြ ေပးေဝလႉဒါန္းကာ ကုသိုလ္ယူခဲ့ျပန္ပါတယ္..။သာေကတၿမိဳ႕နယ္ မွာရွိတဲ့ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ သက္ႀကီးရြယ္အိုအဖိုးအဖြားေတြအတြက္ ဆန္၊ ဆီနဲ႔ အျခားစားေသာက္ကုန္ေတြအျပင္ အလႉေငြေတြလည္းလႉဒါန္းခဲ့တာျဖစ္ၿပီး အလႉကိုလည္း အသိေပးေဝမၽွထားပါေသးတယ္..။

“ဤေန႔ကုသိုလ္🙏🏼🙏🏼🙏🏼သာေကတၿမိဳ႕နယ္တြင္းရွိ စားဝတ္ေနေရး ခက္ခဲေနေသာ သက္ႀကီးရြယ္အိုဘိုးဘြားမ်ားအတြက္ ဆန္ ,ဆီ ,ေခါက္ဆြဲေျခာက္ ,လက္ဖက္,ငါးေသတၱာ ,ကိတ္မုန႔္မ်ား ႏွင့္ လိုအပ္တာသုံးဖို႔ ေငြသား ၃၀၀၀၀ က်ပ္ တို႔ကို BTZ လူငယ္အဖြဲ႕ႏွင့္အတူလႈဒါန္းေပးခဲ့ပါတယ္ခင္ဗ်🙏🏼🙏🏼🙏🏼
ဤကုသိုလ္သည္ JITTOO ေအာ္ဂန္းနစ္ဆန္မ်ားကိုဝယ္ယူ အားေပးၾကတဲ့ ခ်စ္ေသာပရိသတ္မ်ားအားလုံးစုေပါင္း အလႈျဖစ္ပါတယ္ခင္ဗ်🙏🏼🙏🏼🙏🏼..” ဆိုၿပီး သူ႔ရဲ့အလႉေလးကို ေဝမၽွထားတာပါ..။အဖိုးအဖြားေတြအတြက္လည္း ေဖးမကူညီမႈ ေလးေတြနဲ႔ တတ္နိုင္သေလာက္ လႉဒါန္းေနတဲ့ ေနေဒြးရဲ့ကုသိုလ္အလႉပုံရိပ္ေလးေတြကိုလည္း ပရိသတ္ေတြက သာဓုေခၚဆုေတာင္းေပးထားၾကတာ ေတြ႕ရပါတယ္..။

သတင္းအရင္းျမစ္: Nay Dway’s Fb Acc

unicode

ပရိသတ်ကြီးရေ.. အနုပညာ လောကမှာ ပရိသတ်တွေ ရဲ့ တစ်ခဲနက် အားပေးချစ်ခင် မှု တွေကို ရရှိ ထားတဲ့ သရုပ်ဆောင် မင်းသားချော နေဒွေးကတော့ လတ်တလောအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း လှူဒါန်းမှုတွေ ပြုလုပ်နေ သူပဲ ဖြစ်ပါတယ်..။အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ နေဒွေးကတော့ စီးပွားရေးလုပ်ငန်းတွေကိုလည်း တစိုက်မတ်မတ် လုပ်နေပြီး အလှူအတန်းတွေမှာလည်း ပြည်သူတွေအတွက် အမြဲအားပေးကူညီနေတာလည်း တွေ့ရပါတယ်..။

အမြဲတမ်းလိုလိုလှူဒါန်းမှုတွေပြုလုပ်နေတဲ့ နေဒွေးကတော့ စားဝတ်နေရေး အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အဖိုးအဖွားပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာတွေ ပေးဝေလှူဒါန်းကာ ကုသိုလ်ယူခဲ့ပြန်ပါတယ်..။သာကေတမြို့နယ် မှာရှိတဲ့ စားဝတ်နေရေးခက်ခဲနေကြတဲ့ သက်ကြီးရွယ်အိုအဖိုးအဖွားတွေအတွက် ဆန်၊ ဆီနဲ့ အခြားစားသောက်ကုန်တွေအပြင် အလှူငွေတွေလည်းလှူဒါန်းခဲ့တာဖြစ်ပြီး အလှူကိုလည်း အသိပေးဝေမျှထားပါသေးတယ်..။

“ဤနေ့ကုသိုလ်🙏🏼🙏🏼🙏🏼သာကေတမြို့နယ်တွင်းရှိ စားဝတ်နေရေး ခက်ခဲနေသော သက်ကြီးရွယ်အိုဘိုးဘွားများအတွက် ဆန် ,ဆီ ,ခေါက်ဆွဲခြောက် ,လက်ဖက်,ငါးသေတ္တာ ,ကိတ်မုန့်များ နှင့် လိုအပ်တာသုံးဖို့ ငွေသား ၃၀၀၀၀ ကျပ် တို့ကို BTZ လူငယ်အဖွဲ့နှင့်အတူလှုဒါန်းပေးခဲ့ပါတယ်ခင်ဗျ🙏🏼🙏🏼🙏🏼
ဤကုသိုလ်သည် JITTOO အော်ဂန်းနစ်ဆန်များကိုဝယ်ယူ အားပေးကြတဲ့ ချစ်သောပရိသတ်များအားလုံးစုပေါင်း အလှုဖြစ်ပါတယ်ခင်ဗျ🙏🏼🙏🏼🙏🏼..” ဆိုပြီး သူ့ရဲ့အလှူလေးကို ဝေမျှထားတာပါ..။အဖိုးအဖွားတွေအတွက်လည်း ဖေးမကူညီမှု လေးတွေနဲ့ တတ်နိုင်သလောက် လှူဒါန်းနေတဲ့ နေဒွေးရဲ့ကုသိုလ်အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Nay Dway’s Fb Acc