ရုပ်ရှင် သရုပ်ဆောင် ခိုင်နှင်းဝေကတော့ မိဘမဲ့နေတဲ့ ကလေးငယ်လေး တွေကို တရားဝင် ခေါ်ယူ ကျွေးမွေးထိန်း သိမ်းစောင့်ရှောက်ပေးနေတဲ့ ပရဟိတ မင်းသမီးတစ်ယောက် ပဲဖြစ်ပါတယ်။စိတ်ထားလှပြီး အလှူအတန်း ရက်ရောတဲ့ သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်လေး စားမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်လည်း သူမ လှူဒါန်းပေးခဲ့တဲ့ (၁၇)ယောက်မြောက် ခြေတုလေးကို ရရှိတာမို့ သွားယူခဲ့တာ ပဲဖြစ်ပါတယ်။

ခြေတုအလှူကို လက်ခံရရှိတဲ့ ကလေးငယ် ကလည်း ဘီးလင်းမြို့နယ် တောင်စွန်းကနေ အဝေးကြီးလာခဲ့ရပေမယ့်လည်း ခြေတုလေးရလို့ လမ်းစမ်းလျှောက်ကြည့်ရင်း ပျော်ရွှင်နေတာ ပဲ ဖြစ်ပါတယ်။အဆင်မပြေ ကြတဲ့ သူတွေအပေါ် မေတ္တာထားပြီး တတ်နိုင်သလောက် ကူညီဖေးမ တတ်တဲ့ ခိုင်နှင်းဝေရဲ့စေတနာကြောင့် အားလုံးက ချီးကျူးနေကြတာ ဖြစ်ပါတယ်။ယနေ့ အတွက် ကောင်းမှုကုသိုလ်ပြု လုပ်ခဲ့တဲ့ အ ကြောင်းကို အခုလို ပြောပြပေးလာတာ ဖြစ်ပါတယ္။

“ဒီနေ့ သားလေး အတွက် ခြေတု လေး ရလို့ သွားယူ ဖြစ်ပါတယ်ရှင်..သားလေးက ဘီးလင်းမြို့ကနေ ဒီထိ အဝေးကြီးလာ ရလို့ ပင်ပန်းနေပေမဲ့ လမ်းစမ်းလျှောက်ကြည့်ရင်း ပျော်နေပါတယ်..သားလေး အတွက် ခြေတု ကျသင့်ငွေ (350,000 ) ကို လှူပေးဖြစ်ရင်း ယနေ့ ပြုလုပ်တဲ့ ကုသိုလ်တို့အား သာဓု ခေါ်ဆိုကြရင်း ကုသိုလ် ထပ်တူ ရနိုင်ကြပါစေရှင်.🙏🙏🙏…”ဆိုပြီး ကြည်နူးပီတိ ဖြစ်စရာ ကောင်းတဲ့ ပုံရိပ်တွေနဲ့ အတူ မျှဝေပေးလာတာ ဖြစ်ပါတယ်။အခုလို လူတိုင်းအပေါ် ဂရုဏာစိတ်ထားတတ်တဲ့ မေမေခိုင်နှင်းဝေရဲ့ အလှူကို သာဓုခေါ်ဆိုပါတယ်။

Credit- MMLoad

ZAW GYI

႐ုပ္ရွင္ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝကေတာ့ မိဘမဲ့ေနတဲ့ ကေလးငယ္ေလး ေတြကို တရားဝင္ ေခၚယူ ေကၽြးေမြးထိန္း သိမ္းေစာင့္ေရွာက္ေပးေနတဲ့ ပရဟိတ မင္းသမီးတစ္ေယာက္ ပဲျဖစ္ပါတယ္။စိတ္ထားလွၿပီး အလႉအတန္း ရက္ေရာတဲ့ သူျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ့ ခ်စ္ခင္ေလး စားမႈကို ရရွိထားတာလည္း ျဖစ္ပါတယ္။ဒီေန႔မွာဆိုရင္လည္း သူမ လႉဒါန္းေပးခဲ့တဲ့ (၁၇)ေယာက္ေျမာက္ ေျခတုေလးကို ရရွိတာမို႔ သြားယူခဲ့တာ ပဲျဖစ္ပါတယ္။

ေျခတုအလႉကို လက္ခံရရွိတဲ့ ကေလးငယ္ ကလည္း ဘီးလင္းၿမိဳ႕နယ္ ေတာင္စြန္းကေန အေဝးႀကီးလာခဲ့ရေပမယ့္လည္း ေျခတုေလးရလို႔ လမ္းစမ္းေလၽွာက္ၾကည့္ရင္း ေပ်ာ္ရႊင္ေနတာ ပဲ ျဖစ္ပါတယ္။အဆင္မေၿပ ၾကတဲ့ သူေတြအေပၚ ေမတၱာထားၿပီး တတ္နိုင္သေလာက္ ကူညီေဖးမ တတ္တဲ့ ခိုင္ႏွင္းေဝရဲ့ေစတနာေၾကာင့္ အားလုံးက ခ်ီးက်ဴးေနၾကတာ ျဖစ္ပါတယ္။ယေန႔ အတြက္ ေကာင္းမႈကုသိုလ္ျပဳ လုပ္ခဲ့တဲ့ အ ေၾကာင္းကို အခုလို ေျပာျပေပးလာတာ ျဖစ္ပါတယ္။

“ဒီေန႔ သားေလး အတြက္ ေျခတု ေလး ရလို႔ သြားယူ ျဖစ္ပါတယ္ရွင္..သားေလးက ဘီးလင္းၿမိဳ႕ကေန ဒီထိ အေဝးႀကီးလာ ရလို႔ ပင္ပန္းေနေပမဲ့ လမ္းစမ္းေလၽွာက္ၾကည့္ရင္း ေပ်ာ္ေနပါတယ္..သားေလး အတြက္ ေျခတု က်သင့္ေငြ (350,000 ) ကို လႉေပးျဖစ္ရင္း ယေန႔ ျပဳလုပ္တဲ့ ကုသိုလ္တို႔အား သာဓု ေခၚဆိုၾကရင္း ကုသိုလ္ ထပ္တူ ရနိုင္ၾကပါေစရွင္.🙏🙏🙏…”ဆိုၿပီး ၾကည္ႏူးပီတိ ျဖစ္စရာ ေကာင္းတဲ့ ပုံရိပ္ေတြနဲ႔ အတူ မၽွေဝေပးလာတာ ျဖစ္ပါတယ္။အခုလို လူတိုင္းအေပၚ ဂ႐ုဏာစိတ္ထားတတ္တဲ့ ေမေမခိုင္ႏွင္းေဝရဲ့ အလႉကို သာဓုေခၚဆိုပါတယ္။

Credit- MMLoad