



unicode

ပရိသတ်ကြီး ရေ…..ခပ်မိုက်မိုက်ဘော်ဒီ အချိုးအစားလေး ကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ မင်းသမီးလေး အိချောပို ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အနုပညာ ပျိုးခင်းကနေ မြေတောင် မြှောက်ပေးလိုက်ပြီး အောင်မြင် ကျော်ကြားလာ တဲ့မင်းသမီးများထဲက တစ်ယောက်အပါ အဝင်လည်းဖြစ်ပြီး ရုပ်ရှင်ကားကြီး ပေါင်းများစွာကိုလည်း အောင်မြင်စွာ နဲ့ရိုက်ကူးထား နိုင်တဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်ယောက်ဆိုလည်း မမှားပါဘူး။

အိချောပိုဟာ ခန္ဓာကိုယ်အချိုးအစား နဲ့ပက်သက်ပြီးတော့လည်း မိန်းကလေးချင်းပါ အားကျနေရတဲ့ အမိုက်စားဘော်ဒီ လေးကို ပိုင်ဆိုင်ထားသူပါ။ အိချောပိုဟာ လက်ရှိမှာလည်း ကြော်ငြာတွေ အဆက်မပြတ်ရိုက်ကူး နေတာဖြစ်ပြီး မကြာခဏ ဆိုသလိုလည်း သူမရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ Tik Tokဗီဒီယိုလေးတွေကို တင်ပေးတတ်ပါတယ်….။

အခုဆိုရင် လည်း အိချောပိုဟာ အားလပ်ချိန် လေးမှာ သူမရဲ့ stylishနဲ့အတူ လတ်တလော Tik Tok မှာ နာမည်ကြီးနေတဲ့ သားစစ်ရဲ့အသံအတိုင်းလိုက်လုပ်ကြရင်း အခွီတွေလုပ်ကာ ဒွန့်နေတဲ့ ဗီဒီယိုလေး ကို သူမရဲ့ Tik Tok accလေးမှာတင်ပေးခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Ei Chaw Po’s Tik Tok acc